အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ
သတင်း

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNU မှသဘောထားထပ်မံရှင်းလင်းထုတ်ပြန်

Kaowao
အောက်တိုဘာ ၇၊၂၀၀၉။

ကောင်းဝါ(စက်တင်ဘာ-၇)။    ။ အောက်တိုဘာ ၅ ရက်နေ့စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ သဘော ထားထုတ်ပြန်ချက်တစ်ရပ်ကို မိမိသတင်းဌာနမှ လက်ခံရရှိခဲ့သည်။

ထိုထုတ်ပြန်ချက်မှာ မကြာခင်ရက်ပိုင်းအတွင်း ENC က အမေရိကန်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဖ်ထံ ပေးပို့ ခဲ့သောစာအရ  ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမြင်ရှုတ်ထွေးမှုဖြစ်ပေါ်စေနိုင်သည်ဟု အစချီဖေါ်ပြထားပါ သည်။(ယင်းထုတ်ပြန်ကြေညာချက်အပြည့်အစုံကို သီးသန့်ဖေါ်ပြထားပါသည်)

ထိုင်းနိုင်ငံအခြေစိုက် ENC အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထောက မစ္စတာဂျင်မ်ဝက်ဖ်ထံ ပေးပို့စာထဲတွင် တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် အနာဂတ်နိုင်ငံ ရေးတွင် ပါဝင်သွားရန် တိုင်းရင်းသား လူမျိုးများကောင်စီ Ethnic Nationalities Council – ENC မှ တိုက်တွန်း ထားကြောင်းရေးသားခဲ့ပြီး ဥက္ကဋ္ဌ ဦးခူးထယ်ဘူဖယ်ကနောက်ပိုင်း၌ ENC ၏သဘောထားမဟုတ်ကြောင်း သတင်း ဌာနများကို ပြောကြားခဲ့သည်။

ENC အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထောသည် (KNU) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်ဟု သိရှိရသည်။

နိုင်ငံတကာအစိုးရအဖွဲ့အစည်းအနေဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကိုမထောက်ခံကြရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၊ အမေရိကန်ပြည်ထောင်စုတို့တောင်းဆိုထားသည့်အတိုင်း နအဖ ကလိုက်လျှော၍ စစ်မှန်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမှတဆင့် စစ်မှန်သောပြောင်းလဲမှုဖြစ်ပေါ်စေရေးအတွက် လုပ်ဆောင်သွားရန် (KNU)မှ နောက်ဆုံးထုတ်ပြန်ချက်၌ ဖေါ်ပြပါရှိသည်။

oct09-7b.php


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views