အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ
သတင်း

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု

Kaowao
အောက်တိုဘာ ၇၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ-၇) ။     ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဘုရားသုံးဆူနယ်စပ် အနီးရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဂျပန်ရေတွင်းရွာ၌ စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ အသင်း ၈ သင်းဖြင့် ဘောလုံးပြိုင်ပွဲများကျင်းပခဲ့ရာ ယမန်နေ့ညနေက ဗိုလ်လုပွဲကျင်းပပြီးစီးခဲ့သည်။

ယင်းလှုပ်ရှားမှုအခန်းအနားပိတ်ပွဲကျင်းပရာတွင် မွန်ပြည်သစ်ပါတီ ပြည်ပရေးရာဌာနမှ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်း မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာ၌ “ဒီမူးယစ်ဆေးဝါးဆိုးကျိုးဒဏ်တွေကို ကျနော်တို့ဒေသခံတွေ တွေ့ကြုံခံစားခဲ့ကြရပါတယ်၊ ရူးသွပ်သွားသူတွေ၊ အိမ်ထောင်ပြိုကွဲခဲ့ကြရတဲ့ မိသားစုတွေ၊ ထောင်ကျသွားသူတွေ၊ သေဆုံးမှုများနဲ့ ရာဇဝတ်မှုအမျိုးမျိုး ဖြစ်ပေါ်ခဲ့တာကိုလည်း ဒေသခံတွေ တွေ့မြင်သိရှိခဲ့ကြပြီး ဖြစ်သည့်အတွက် ဒီမူးယစ်ဆေးတိုက်ဖျက်ရေးအစီအစဉ်များကို ဒေသခံတွေ တိုင်းရင်းသားတွေလည်း ပါဝင်ပူးပေါင်းတိုက်ဖျက်ကြဖို့ တိုက်တွန်းလိုပါကြောင်း” စသဖြင့်ပြောကြားခဲ့ပါသည်။


oct09-7.php
နိင်ဟံသာဗွန်ခိုင်းမှ ပထမအနိုင်ရအသင်းအား ဆုဖလားချီးမြှင့်စဉ်

ဘုရားသုံးဆူဒေသသည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးတင်ပို့ရာ အလွယ်ကူဆုံးလမ်းကြောင်းတစ်ခု ဖြစ်နေသည်။ လက်နက်ကိုင်အဖွဲ့အစည်းများစွာ စီးပွားရေးလုပ်ငန်းကို အကြောင်းပြလျှက် ဘုရားသုံးဆူနယ်စပ်သို့ လာရောက် အခြေချလျှက်ရှိကြသည်။

၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီနှင့် နဝတစစ်အစိုးရ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်၌ ဘုရားသုံးဆူဒေသ တဝိုက်တွင် ၅ မိုင်ပတ်အချင်းဝက်ပတ်လည် တပ်တည်ခွင့် ၃ နေရာသတ်မှတ်ခဲ့ကြပြီး ထိုဒေသကို မွန်ပြည်သစ် ပါတီမှ အုပ်ချုပ်မှုအောက်တွင် ထားရှိသည်။

နောက်ပိုင်းတွင် ဘုရားသုံးဆူဒေသ၌ ဒီကေဘီအေတပ်ဖွဲ့များ စခန်းချနိုင်အောင် စစ်အစိုးရက စီမံပေးခဲ့ပြီး KPF, KNU-KNLA/LA ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့များကိုလည်း ထပ်မံခွင့်ပြုပေးခဲ့ပြန်သည်။

ဘုရားသုံးဆူဒေသသည် သစ်လုပ်ငန်းကိုအဓိကထား၍ နယ်စပ်စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်မှုရှိခဲ့ သော်လည်း ယခုအခါအမျိုးမျိုးသော စစ်အာဏာပိုင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အခွန်အကောက်များစွာ ပေးကြရသဖြင့် သစ်လုပ်ငန်းများယခုအခါ ရပ်ဆိုင်းနေသလို ဖြစ်နေ တော့သည်။

မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များ အနီးကပ်စောင့်ကြည့်ခံနေရသည့် ဒေသဖြစ်သည့် အလျောက် ဘုရားသုံးဆူမှသယ်ဆောင်လာသော မူးယစ်ဆေးဝါများ မကြာခဏ ဖမ်းဆီးမိခဲ့သတင်းများ ထွက်ပေါ် ခဲ့သည်။

သစ်လုပ်ငန်းများ အဆင်မပြေကြသဖြင့် ဒေသခံအချို့မှာ ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုပို့ဆောင်ခြင်း လုပ်ငန်းများဖြင့် အဆင်ပြေနေသူများ ရှိနေကြသည်။

စစ်ဆေးရေးဂိတ် ၃၀ ကျော်ခန့်ရှိနေပြီး ပြည်တွင်းမှမူးယစ်ဆေးဝါးများ ဘုရားသုံးဆူဒေသသို့ သယ်ဆောင်နိုင်ရန်မှာ စစ်အစိုးရဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်များသာ ဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်တို့ တွက်ဆထားသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုကြသည်။

မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာထိုင်းအာဏာပိုင်များနှင့် နယ်စပ်မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများတွင် အပြန်အလှန်သတင်းဖလှယ်မှုများ ရှိကြသည်ဟုသိရသည်။


oct09-7.php
MNLA အမှတ် ၅ တပ်ရင်းမှူးမှ အကောင်းဆုံးဘော်လုံးသမားအားဆုချီးမြှင့်စဉ်

ဘုရားသုံးဆူနယ်စပ်တလျောက်၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်သောအမှုများကို မွန်ပြည်သစ်ပါတီမှ ရှာဖွေ ဖေါ်ထုတ်နိုင်ခဲ့သော်လည်း စစ်အစိုးရအပါအဝင် အခြားအဖွဲ့အစည်းများ ရှာဖွေဖမ်းဆီးမိခဲ့သောသတင်းများ မကြားသိခဲ့ရသေးပေ။

၂၀၀၅ ခုနှစ်ခန့်တွင် အဆိုပါဂျပန်ရေတွင်းရွာအနီး၌ မူးယစ်ဆေးဝါးများသယ်ဆောင်လာသော ဒီကေဘီအေတပ်ဖွဲ့ ကို မွန်ပြည်သစ်ပါတီမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့အကြား တင်းမာမှုများဖြစ်ပေါ်ခဲ့ကြပြီး နအဖစစ်အစိုးရမှ ကြားဝင်စေ့စပ်ပေးခဲ့ရသည်။

oct09-7.php
ဆုချီးမြှင့်ခံ ဘော်လုံးအသင်းများ


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views