အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ
သတင်း

မြန်မာစစ်ကြောင်းများနှင့်အတူ ဒီကေဘီအေတပ်ဖွဲ့ဝင်များပါဝင်လှုပ်ရှားသွားရန် ရတခမှညွှန်ကြား

Kaowao
အောက်တိုဘာ ၆၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ-၆) ။    ။ နအဖမြန်မာစစ်ကြောင်းတစ်ကြောင်းတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် ၁၀ဦး အင်အားဖြည့်လှုပ်ရှားသွားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)မှ ညွှန်ကြားထားကြောင်း ဘုရားသုံးးဆူဒေသ ရှိ အမည်မဖေါ်လိုသူ ဒီကေဘီအေအရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

အဆိုပါညွှန်ကြားချက်မှာ ယခုရက်သတ္တပတ်အတွင်း ဘုရားသုံးဆူ - သံဖြူဇရပ်ကားလမ်းမပေါ်ရှိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းရွာသို့ ပြောင်းရွေ့အခြေစိုက်ခဲ့သော ရတခရှေ့တန်းဗျူဟာ ၃ မှထပ်ဆင့် ညွှန်ကြားခဲ့သည်ဟု ဆိုပါသည်။

သို့သော် ဒီကေဘီအေအနေဖြင့် ၄င်းညွှန်ကြားချက်အား လက်ခံ၊ မခံကို ယတိပြတ်မဆုံးဖြတ်ရသေးဟု သိရသည်။

နအဖတပ်ရင်းတစ်ရင်း၌ ရှေ့တန်းသို့သွားရောက် လှုပ်ရှားနိုင်သော တိုက်ခိုက်ရေးအင်အားမှာ ပျမ်းမျှအားဖြင့် တပ်ရင်းမှူးနှင့် အခြားအရာရှိများအပါအဝင် စစ်သည် ၁၂၀ ခန့်သာရှိတော့ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ် ပြသည်။

တပ်ရင်းတစ်ရင်းတွင် တပ်ရင်းမှူးဦးစီးသောစစ်ကြောင်း(၁)နှင့် ဒုရင်းမှူးဦးစီးသောစစ်ကြောင်း(၂)ဟူ၍ စစ်ကြောင်း ၂ ကြောင်း လှုပ်ရှားနေသည်ကို သိရှိရသည်။

oct09-6.php
ဘုရားသုံးဆူ- သြံဖူဇရပ်ကားလမ်းမပေါ်ရှိ ဒီကေဘီအေဂိတ်မှူးတစ်ဦး
မြန်မာ့တပ်မတော်စတင်ဖွဲ့စည်းခဲ့စဉ်က တပ်ရင်းတစ်ရင်းရှိ စစ်သည်များအင်အား ၇၇၀ ဦးရှိခဲ့ရာမှ နောက်ပိုင်း၌ ၅၅၀ ခန်သာရှိလာသည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုကြသည်။ ယခုတွင် တပ်ရင်းတစ်ရင်း၌ ဒုက္ခိတများ အပါအဝင် အင်အား ၁၅၀ ခန့်သာရှိတော့သည်ဟု တပ်မတော်မိသားစု အသိုင်းအဝိုင်းများတွင် ပြောဆိုနေကြသည်။

KNU တို့အား ထိုးစစ်ဆင်ခဲ့သော တိုက်ပွဲများအတွင်း ဒီကေဘီအေတပ်ဖွဲ့များကိုသာ ရှေ့မှတိုက်ခိုက်စေပြီး နအဖစစ် ကြောင်းများက နောက်မှရံပေးထားခဲ့သည်ကို KNU တပ်မဟာ ၇ ထိုးစစ်များတွင် တွေ့မြင်ခဲ့ရသည်။

နောက်ပိုင်း၌ နအဖညွှန်ကြားမှုဖြင့် တပ်မဟာ ၆ ကိုထိုးစစ်ဆင်ခဲ့ရာတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် KNU တို့အတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်ကို မတွေ့ရှိရသေးပေ။ နောက်မှလိုက်ပါ ရံပေးထားသော နအဖစစ်ကြောင်း များသာ KNU တို့၏ ပြောက်ကျားတိုက်ခိုက်မှုကို မကြာခဏခံခဲ့ရသဖြင့် ကျဆုံးဒဏ်ရာအများအပြား ကြုံတွေ့နေခဲ့ ရသည်။

KNU တပ်မဟာ(၆) ဒေသဖြစ်သော ဘုရားသုံးဆူ- သံဖြူဇရပ်ကားလမ်းမတလျှောက်၌ နအဖတို့မကြာခဏ တိုက်ခိုက်ခံနေရသည်။ ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့ နအဖစစ်ကြောင်းများလှုပ်ရှားနေမှုကို KNU ထံသို့ လှို့ဝှက် သတင်းပေးနေသည်ဟု မယုံသင်္ကာဖြစ်နေသော်လည်း ခိုင်မာသော သက်သေအချက်အလက်များ မပြနိုင်သဖြင့် မည်သို့မှမပြောဆိုနိုင်သေးပေ။

DKBA နှင့် KNU အောက်ခြေတပ်ဖွဲဝင်များ လှိုဝှက်တွေ့ဆုံမှုများ ပြုလုပ်နေကြသည်ဟု သတင်းများထွက်ပေါ် နေသည်။

လွန်ခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီကေဘီအေနာယက ဆရာတော်ဦးသုဇနက DKBA နှင့် KNU နှစ်ဖက် တပ်ဖွဲ့တို့ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ(ဒီဇင်ဘာလ - ၁၆) တွင် အပစ်အခတ်ရပ်စဲကြရန် ပန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
                                                                                     


 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views