အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Kaowao
အောက်တိုဘာ ၃၁၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ- ၃၁)။ ------။ ဘုရားသုံးဆူမြို့ရှိ ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုကို ယနေ့ နံနက်အစောပိုင်းမှစ၍ မြန်မာအာဏာပိုင်များ ရုတ်တရက်ပိတ်လိုက်သောကြောင့် နေ့စားမြန်မာအလုပ်သမားများ နှင့် ထိုင်းအလုပ်ရှင်တို့ အခက်ကြုံတွေ့နေကြရကြောင်း ထိုင်းအထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက ပြောဆိုခဲ့သည်။

“ မြန်မာဖက်အခြမ်းက နယ်စပ်ဖြတ်ကျော်ဂိတ်ကိုပိတ်လိုက်တော့ အလုပ်သမားတွေက ထိုင်းနိုင်ငံဖက်အခြမ်းကို လာလို့မရတော့ဘူး၊ သက်ဆိုင်ရာကိုမေးမြန်းကြည့်တော့ မြန်မာဖက်ကပိတ်လိုက်တယ်လို့ပြောတယ်၊ ထိုင်းတို့က မပိတ်စေချင်ဘူး၊ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာလည်း မသိရသေးဘူး” ဟု ၄င်းစက်ရုံပိုင်ရှင်က ဆက်လက် ပြောကြားခဲ့သည်။

ထိုသို့ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်လိုက်သည့်အတွက် ထိုင်းနိုင်ငံဖက်အခြမ်းသို့ နေ့စဉ်ဝင်ထွက် အလုပ်လုပ်ကိုင် နေကြသူ မြန်မာအလုပ်သမား ၃၀၀၀ သုံးထောင်နီးပါးခန့် ယနေ့တွင် အလုပ်ပျက်သွားကြရသည်။

အလားတူ ထိုင်းအလုပ်ရုံပိုင်ရှင်များသည်လည်း အလုပ်သမားများမရှိသဖြင့် အလုပ်ရုံကိုပိတ်လိုက်ရသည်အထိ ဖြစ်သွားနေရပြန်သည်။ဖိနပ်နှင့် အထည်ချုပ်စက်ရုံများအပြင် အခြားလုပ်ငန်းများလည်း ရှိသည်။

ယခုကဲ့သို့ နယ်စပ်တွင် အလုပ်ရုံဖွင့်လှစ်ထားခြင်းအားဖြင့် ဈေးပေါသော မြန်မာအလုပ်သမားကို ထိုင်းအလုပ်ရှင်တို့ အလွယ်တကူရရှိနိုင်ကြသည်။ မြန်မာအလုပ်သမား အနေဖြင့်လည်း အနိမ့်ဆုံးတစ်နေ့လုပ်အားခ ဘတ်ငွေ ၇၀ ခန့်၊ အချိန်ပိုကြေးအပါအဝင် အမြင့်ဆုံး လုပ်အားခ ဘတ် ၂၀၀ အထိရရှိနိုင်သည်ဟုသိရသည်။

အထူးသဖြင့် မြန်မာအလုပ်သမားများ နေ့စဉ်ဝင်ရောက်သွားလာနေမှုအပေါ် ထိုင်းတို့က နိုင်ငံဝင်ရောက်ဖြတ်ကျော် ခွင့်အခကြေးငွေ တစုံတရာကောက်ခံမှု မပြုခဲ့ပေ။ ယခုကဲ့သို့နေ့စဉ်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင်နေသည်ကို ထိုင်းတို့က လိုလားစွာ ခွင့်ပြုထားသည်။

ယခုကဲ့သို့နယ်စပ်ဂိတ်ကိုပိတ်လိုက်သည့်အတွက် ထိုင်းတို့ဖက်မှနစ်နာမှုများဖြစ်ပေါ်ခဲ့သလို ထိုင်းဖက်မှဝယ်ယူ စားသောက်နေကြရသည့် ဘုရားသုံးဆူမြို့ဒေသခံများတို့သည်လည်း စားသောက်ကုန်များဝယ်ယူနိုင်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့လာနိုင်သည်။

နှစ်နိုင်ငံဒေသအာဏာပိုင်အတွက် စကားပြန်လုပ်ပေးနေသူတစ်ဦးက “ဘုရားသုံးဆူဖက်အခြမ်း ထိုင်းမြေနဲ့ နီးကပ် နေတဲ့ ဂေါက်ကွင်းနဲ့အချို့မြေနေရာကို မြန်မာတို့က ဘူဒိုဇာနဲ့မြေထိုးနေတာ မနေ့ကထိုင်းတို့သိသွားတယ်၊ အဲဒါကို ရပ်ပေးဖို့ပြောတော့ နောက်ဆုံးမြန်မာစစ်တပ်က ဒုရင်းမှူးကိုယ်တိုင် နယ်ခြားဂိတ်ကိုပတ်လိုက်တော့တာပဲဗျ” ဟု ပြောပါသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်ကတည်းက ထိုင်းမြန်မာနယ်စပ် ပင်မဖြတ်ကျော်ဂိတ်ကြီးကို ယခုအထိ ပိတ်ထားလိုက် သည့်အတွက် ထိုင်းနိုင်ငံမှမော်တော်ယာဉ်များ ဘုရားသုံးဆူမြို့ မြန်မာနိုင်ငံဖက်သို့ ဖြတ်သန်းသွားလာခွင့် မရှိ တော့ပေ။

တနည်းအားဖြင့် ဘုရားသုံးဆူနယ်စပ် နှစ်နိုင်ငံဖြတ်ကျော်ဂိတ်သည် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းအရ နှစ်နိုင်ငံ အစိုးရများ သဘောတူညီမှု မပြုခဲ့ကြသော်လည်း အစဉ်အလာအရ တစ်ဖက်နှင့်တစ်ဖက် အကျိုးဖြစ်ထွန်းမှု ရှိစေရန် အောက်ခြေအာဏာပိုင်များ ညှိနှိုင်းချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views