အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

Kaowao
အောက်တိုဘာ၂၀၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ-၂၀)။     ။ KNU ကရင်အမျိုးသားအစည်းအရုံးနှင့် DKBA တိုးတက်သောကရင်ဗုဒ္ဓဘာ သာအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ ထိုင်းနိုင်ငံတစ်နေရာ၌ လှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းတစ် ရပ်ပေါက်ကြားခဲ့သည်။

အောက်တိုဘာ ၁၉ ရက်နေ့ ဒီဗွီဘီသတင်းထုတ်လွှင့်ချက်၌ ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့ပြန်လည်ပေါင်းစည်း ရေးခေါင်းစဉ်ဖြင့် သတင်းဖေါ်ပြခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ဒီကေဘီအေမှ မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကေအဲန်ယူဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူးတူးဆေးဖိုးတို့ကိုယ်တိုင် ဆွေးနွေးကြသည်ဟု ယင်းသတင်း၌ ဖေါ်ပြထားသည်။

အဆိုပါလှို့ဝှက်ဆွေးနွေးနေမှုကို သတင်းမရေးသားရန် DKBA မှအမည်မဖေါ်လိုသူ အဆင့်မြင့်အရာရှိတစ်ဦက ကောင်းဝါသတင်းဌာနသို့ ပန်ကြားချက်နှင့်အတူ ယမန်နေ့တွင် သတိပေးစကားတစ်ရပ် ဆက်သွယ်ပြောကြားလာ ခဲ့သည်။

“ KNU ရော DKBA ပါ ဒီသတင်းမပေါက်ကြားဖို့ကတိပြုထားကြတယ်၊ အခုလိုသတင်းပေါက်ကြားသွား တော့တစ်ဖက်နဲ့တစ်ဖက် သံသယရှိလာကြတယ်၊ လူကြီးတွေကတိစကား ပျက်နေသလိုဖြစ်သွားတယ် ” အဆိုပါ ဒီကေဘီအေအရာရှိက ပြောကြားခဲ့သည်။

ထို့နောက် “ ကျနော်တို့က စစ်အစိုးရလက်အောက်မှာ နေနေရတယ်၊ သတင်းကိုကြိုက်သလို ဖေါ်ပြလို့ မရဖူး၊ ဒီကေဘီအေမှာ ဆက်ဆံရေးမှူးတွေ၊ ဆက်ဆံရေးရုံးတွေ အဖျက်ခံထားရတယ်၊ သတင်းကိုပြန် ကြားလို့ မရဘူး ” ဟုလည်း ပြောကြားပြန်သည်။

နှစ်ဖက်အဖွဲ့အစည်းအတွင်း စတင်ဆွေးနွေးမှုဖြစ်သဖြင့် ချက်ချင်းအဖြေထုတ်နိုင်မည် မဟုတ်သေးဟု မိမိထင်မြင် ယူဆကြောင်း အဆိုပါဒီကေဘီအေအရာရှိက ဆက်လက်ပြောကြားပါသည်။“ ကွဲသွားတာကလွယ်ပေမယ့် ပြန်ပေါင်းနိုင်ဖို့က အတော်လေးစကားပြောကြရမယ် ” ဟုလည်း ၄င်းက သုံးသပ်ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၂၉ ရက်၌ မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဦးသုဇန၏ ကေအဲန်ယူ၊ ဒီကေဘီအေ နှစ်ဖက်တပ်ဖွဲ့များ လာမည့်ကရင်နှစ်သစ်ကူးနေ့ (ပြာသိုလဆန်း ၁ ရက်) မတိုင်မှီတွင် အပစ်အခတ်ရပ်စဲကြရန် ပန်ကြားစာတစ်စောင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် အောက်တိုဘာ ၃ ရက်နေ့၌ ကေအဲန်ယူတပ်မဟာ ၆ ဥက္ကဌ စောရွှေမောင်းကလည်း နှစ်ဖက်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲနိုင်ရေး ဆရာတော်ဦးသုဇနက ဦးဆောင်ကမကထပြုပေးပါရန် မေတ္တာရပ်ခံစာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး ဖြစ်ပေါ်လာသော ရလာဒ်များပင် ဖြစ်သည်။

ဒီကေဘီအေ အသက်ကြီးထိပ်ပိုင်းခေါင်းဆောင်အချို့သည် စစ်အစိုးရအား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းပေး မည်ဟု ကတိပေးထားပြီးဖြစ်သည်။ ထို့ကြောင့် မကြာမီတွင် ပင်စင်နှင့်ထောက်ပံ့မျိုးမျိုးဖြင့် အနားယူကြရတော့မည် ဖြစ်သည်။
                                                                    
ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့ အကယ်၍ပြောင်းလဲဖြစ်မည်ဆိုလျှင် မူလတိုင်းရင်းသားတပ်ဖွဲ့အမည် ပျောက်ပျက်သွားပြီး စစ်အစိုးရ၏ကြေးစားတပ်ဖွဲ့များဖြစ်သွားရပါမည်။ ထို့အတူ စစ်အစိုးရတပ်ဖွဲ့များ အမိန့်ပေးမှုကို မလွဲမသွေနာခံသွားရမည်ဖြစ်ပြီး  ဝေးလံခေါင်ဖျားသော အခြားတိုင်းရင်းသားအရပ်ဒေသများသို့ ပို့ဆောင်ခြင်းခံရ မည်ကို တပ်ဖွဲ့ဝင်များအတွင်း စိုးရိမ်စိတ်များဖြစ်ပေါ်နေကြောင်း ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့နှင့် ဆွေးနွေးချက်များ အရ သိရှိနေရသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views