အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ
သတင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

Kaowao
အောက်တိုဘာ ၁၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ-၁)။     ။ စက်တင်ဘာလ ၂၉ ရက်နေ့ကထုတ်ပြန်ခဲ့သော မြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တ သုဇန၏ KNU, DKBA နှစ်ဖက်တပ်ဖွဲ့ထံ ပန်ကြားချက်ကို ဘုရားသုံးဆူမြို့ရှိ ဒီကေဘီအေဗိုလ်မှူးစိုးမိုးက လက်ခံ ကြောင်း ယနေ့ဆက်သွယ်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ဗိုလ်မှူးစိုးမိုးက “ဆရာတော်ပြောတဲ့အတိုင်း တစ်ဖက်နဲ့တစ်ဖက်မပစ်ခတ်ကြဖို့ဆိုတာ ကောင်းတောပေါ့” ထည့်သွင်းပြောကြားခဲ့ပါသည်။

 ဒီကေဘီအေမှ ဗိုလ်မှူးစိုးမိုး
ဒီကေဘီအေမှ ဗိုလ်မှူးစိုးမိုး

“ကိုယ်အမျိုးသားအချင်းချင်ပဲ၊ အခုပစ်ခတ်နေကြတာ ဘာရည်ရွယ်ချက်လည်းရှိတာမဟုတ်ပါဘူး၊ ကျနော်တို့ကရင်အချင်းချင်းက ပါဝါပြပွဲနဲ့ အာဏာလုပွဲဘဲလုပ်နေကြတယ်၊ ညီညွတ်မှုမရှိကြလို့ဖြစ်ရတာပါ” ဟုဆက်လက်ပြောကြားပါသည်။

ဒီကေဘီအေပေါ်ပေါက်လာရခြင်းမှာ ဖြစ်ချိန်ပျက်ချိန် တန်၍ သမိုင်း၏တောင်းဆိုချက်အရဖြစ်ပေါ်ခဲ့ရသည် ဟု ဆရာတော်၏ အဆိုပါပန်ကြားစာတွင် ဖေါ်ပြခဲ့ သည်ကို ဖတ်ရှုခဲ့ရသည်။

ဆရာတော်၏နောက်ဆုံးတိုက်တွန်းချက်တစ်ရပ်မှာ နှစ်ဖက်တပ်ဖွဲ့တို့သည် ဖြစ်ပေါ်ခဲ့သောအတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူကြ၍ သင်ပုန်းချေကြကာ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ နှစ်ဖက်ပြေလည်သည် အထိ ညှိနှိုင်းဖြေရှင်းသွားကြရန် ဖေါ်ပြထားသည်။

KNU အရာရှိများထံ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဖုန်းများပိတ်ထားကြသည်။

တပ်မဟာ ၆ ပြန်ကြားရေးအရာရှိ ဗဒိုစောထဲနေအဆိုအရ “တပ်မဟာ ၆ နဲ့ဒီကေဘီအေ ဘာပစ်ခတ်မှုမှလည်း မရှိခဲ့ကြဘူး၊ ကျနော်တို့အောက်ခြေအချင်းချင်းနားလည်မှုရှိကြတယ်” ဟုဆိုပါသည်။

၁၉၉၅ ခုနှစ်ခန့်၌  KNU အဖွဲ့အစည်းအတွင်း ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာရေးပြဿနာကို အခြေခံပြီး ဒီကေဘီအေတပ်ဖွဲ့အဖြစ် ကွဲထွက်လာကာ မြန်မာစစ်အစိုးရနှင့်ပူးပေါင်းခဲ့သည်။

မြိုင်ကြီးငူဆရာတော်၏ KNU, DKBA ထံပန်ကြားချက်
မြိုင်ကြီးငူဆရာတော်၏ KNU, DKBA ထံပန်ကြားချက်


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views