အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ
သတင်း

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

Kaowao
အောက်တိုဘာ ၁၊၂၀၀၉။

ကန်ချနပူရီ(အောက်တိုဘာ-၁)။    ။ ပေါင်အရိုးကျိုးသေနတ်ဒဏ်ရာရရှိခဲ့သော ဘုရားသုံးဆူမြို့နယ်ခွဲ၊ မဲဇလီရွာရယကအဖွဲ့ဝင် ဦကျော်လှ အသက်(၃၄)နှစ်မှာ ထိုင်းဆေးရုံတစ်ရုံတွင် ဆေးကုသစရိတ်ပေးရန် ငွေမရှိသဖြင့် အလွန်အခက်ကြုံနေရကြောင်း ကောင်းဝါသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ရပ်တွင် ပြောကြားခဲ့သည်။

ကန်ချနပူရီခရိုင်၊ ဖဟွန်ဆေးရုံ၌ ဆေးကုသခံနေရသောမယ်ဇလီရွာမှဦးကျော်လှ

ကန်ချနပူရီခရိုင်၊ ဖဟွန်ဆေးရုံ၌ ဆေးကုသခံ နေရသောမယ်ဇလီရွာမှ ဦးကျော်လှ

လောလောဆယ်တွင် အသက်စိုးရိမ်ရသည့် အခြေ အနေမရှိသော်လည်း ၄င်းရရှိထားသော ဒဏ်ရာ များအနက် ဘယ်ဖက်ပေါင်ရိုးကြိုးသည့် ဒဏ်ရာပြီး ဆုံးတိုင်အောင်ဆက်လက်ကုသရန် ထိုင်းဘတ်ငွေ ငါးသောင်းခန့် စရိတ်ကုန်ကျမည်ဟု ၄င်းတက် ရောက်ကုသခံနေသော “ဖဟွန်” ဆေးရုံမှဆရာဝန် ကခန့်မှန်းထားသည်ဟု ဆိုသည်။ မြန်မာငွေအား ဖြင့် ၁၆ သိန်းကျော်ခန့်ကုန်ကျမည် တွက်ဆနိုင် သည်။

“ဆေးကုဖို့ ဗမာစစ်တပ်က ကျနော့်မိန်းမကို ငွေကျပ်တစ်သောင်းခွဲပေးမယ်လို့ ပြောထားတာပဲ၊ ရမရတော့ မသိဘူး၊ အခုကျနော်မှာ ဘာငွေမှမရှိ ဘူး၊ ကျနော်တစ်ယောက်ထဲဘဲ နေနေရတယ်၊ ကျနော့်ကုသိုလ်ကံပဲ၊ ဘာမှမပြောချင်တော့ပါဘူ့းဗျာ” ဟု ၄င်းက ကံတရားကိုပုံချ ပြောဆိုပါသည်။

ဆေးကုသရန် သက်ဆိုင်ရာမြန်မာစစ်အရာရှိပေးမည်ဆိုသည့် မြန်မာငွေကျပ်တစ်သောင်းခွဲမှာလည်း ထိုင်းငွေအား ဖြင့် ဘတ်ငါးရာပင် မရှိဟုဆိုပါသည်။ ယနေ့အထိ ဦးကျော်လှဆေးကုသမှု ကုန်ကျစရိတ်မှာ ဘတ်နှစ်သောင်းရှစ် ထောင်တန်ဖိုးရှိသွားပြီဟု ဆိုပါသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၈ ရက်၊ နံနံက်စောစောတွင် မယ်ဇလီရွာဥက္ကဌအိမ်၌ စစ်အစိုးရတပ်ဖွဲ့စစ်ကြောင်း အတွက် အစောင့်အကူအိပ်ပေးခဲ့ရပြီး စစ်အစိုးရတပ်ဖွဲ့ ခမရ ၃၅၆ စစ်ကြောင်းမှ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ဦးကျော်လှဇနီးဖြစ်သူ နန်းပို့ပို့မှာ ၂ လအရွယ်ရင်ခွင်ပိုက်သမီးတစ်ဦးအပါအဝင် စုစုပေါင်းသားသမီး ၄ ယောက်နှင့်အတူ မဲဇလီရွာ၌နေထိုင်လျှက်ရှိပြီး အဆက်အသွယ်ပြုလုပ်နိုင်ရန် မိမိလက်ဝယ်တွင် ငွေကြေးတစ်ပြားတစ်ချပ်မှ မရှိဟုဆိုပါသည်။ ဒဏ်ရာရရှိခဲ့စဉ် နယ်စပ်သို့ လိုက်လံပို့ဆောင်ခဲ့သောဆွေမျိုး အသိမိတ်ဆွေများသည်လည်း  နယ်စပ်အထိသာ လာရောက်ခွင့်ရှိကြသည်။

ခမရ ၃၅၆ စစ်ကြောင်းသည် တစ်လနီးပါးခန့်စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်များကျဆုံးမှု များပြားခဲ့ခြင်း၊ ဒဏ်ရာအများအပြား ရရှိခဲ့ခြင်းတို့ကြောင့် အထက်ဗျူဟာမှ နောက်တန်းသို့ လွယ်လွယ်နှင့်မပြန်စေခြင်း၊ ဆုံးရှုံးခဲ့မှုများအတွက် အစားထိုးရရှိနိုင်ရန် ဤဒေသတဝိုက်တွင် ဆက်လက်လှုပ်ရှားနေကြရဦးမည်ဟု စစ်ရေးစောင့်ကြည့်သူများက အကဲခတ်ပြောဆိုနေကြသည်။


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views