အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

Kaowao
အောက်တိုဘာ ၁၈၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ-၁၇)။      ။ စစ်အစိုးရအားတော်လှန်တိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့သော မွန်တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရာမညတပ်ဖွဲ့၏ ခေါင်းဆောင်နိုင်ရှောင်(ဗိုလ်မှူးကြီးဟောင်း-MNLA)သည် အောက်တိုလ(၁၂)ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ လက်နက်ချခဲ့ကြောင်း ခိုင်လုံသောသတင်းတစ်ရပ် အရသိရသည်။ ၄င်းတပည့်နှစ်ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်-မြဝတီလမ်းမှတဆင့် သွားရောက်ခဲ့ပြီး ယခုအခါ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ တည်းခိုလျှက်ရှိနေသည်။

လွန်ခဲ့သည့် အောက်တိုဘာ(၈)ရက်နေ့တွင်လည်း ၄င်းရာမညတပ်မှ တပ်ဖွဲ့ဝင်(၅)ဦး ထိုင်းနယ်စပ်အနီး တနင်္သာရီ တိုင်း၊ နတ်အိမ်ထောင်စခန်းသို့ ဒေသခံစစ်အစိုးရတပ်ဖွဲ့ထံ လက်နက်မဲ့ဝင်ရောက် အညံ့ခံလိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီ ဥက္ကဌ နိုင်ပန်းညွန့်(ဗိုလ်မှူးကြီးဟောင်း-MNLA) နှင့် လွန်ခဲ့သည့်ရက်ပိုင်း အတွင်း တဆင့်ဆက်သွယ်စကားပြောခဲ့ရသူနိုင်လဂွန်းအိန်က “နိုင်ရှောင်ဟာ နိုင်အောင်နိုင်(ဗိုလ်ချုပ်ဟောင်း -MNLA) အဖွဲ့နဲ့ ပူးပေါင်းလိုက်ပြီလို့ နိုင်ပန်းညွန့်က ပြောခဲ့တယ်” ဟု ဆိုပါသည်။

ထိုင်းဖက်မှလာသောသတင်းတစ်ရပ်အရ နိုင်ပန်းညွန့်သည်လည်း ယမန်နေ့တွင် စံခလပူရီအနီး ထောင်ဖါဖွန်မြို့သို့ ရောက်ရှိလာပြီး နောက်ပိုင်းတွင် သတင်းပျောက်ဆုံးနေသည်။ သူနှင့်ဆက်သွယ်နိုင်သော ထိုင်းဖုန်းသည်လည်း စက်ပိတ်ထားလျှက်ရှိသည်။

မွန်ပြည်သစ်ပါတီမှအနားယူခဲ့သူ ဗိုလ်ချုပ်ဟောင်းအောင်နိုင်မှာ ရတခထောက်ခံအားပေးမှုဖြင့် မွန်အမျိုးသားငြိမ်း ချမ်းရေးကောင်စီပါတီ MNPCPကို ယခင်နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီမှ ပဲ့ထွက်၊ အနားယူသွားသော ပုဂ္ဂိုလ်များကို လိုက်လံစုစည်းနေဆဲဖြစ်သည်။

မွန်ပြည်သစ်မှ အနားယူခဲ့သည့်  ဗိုလ်မှူးကြီးဟောင်းနိုင်ရှောင်သည် ၂၀၀၉ ခုနှစ်ဆန်းခန့်တွင် ရာမညတပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။ “စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ယုံမှတပါး တခြားနည်းလမ်းရွေးချယ် စရာမရှိဟု” ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး လက်နက်ဝယ်ရန်အတွက် ရေးမြို့နယ်ရှိ မွန်ကျေးရွာတချို့တွင် ငွေကောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့်ဇွန်လ ၃ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့အနီး တပ်ရင်း-၃ ကျေးရွာ၌ ရွာသားနှစ်ဦးကိုလည်း ပြန်ပေးဆွဲခဲ့ပြီး ထိုင်းဘတ်ငွေငါးသောင်းနှင့် အပေးအယူ လုပ်ခဲ့ကြ သည့်ဖြစ်ရပ်များ ရှိခဲ့သည်။

စစ်အစိုးရသည် နယ်ခြားတပ်ဖွဲ့ပြောင်းလဲရေးကို လက်မခံသည့်မွန်ပြည်သစ်ပါတီနှင့် စင်ပြိုင်မွန်လက်နက်ကိုင်တပ် ဖွဲ့တစ်ဖွဲ့ စစ်အစိုးရထိန်းချုပ်မှုအောက်တွင် ထားရှိနိုင်ရန် တစိုက်မတ်မတ် လုပ်ဆောင်လာသည်ကို တွေ့ရှိနေရ ကြောင်း မွန်အရေးလေ့လာနေသူများ သုံးသပ်ပြောဆိုနေသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views