အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

Kaowao
အောက်တိုဘာ ၁၃၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ-၁၃)။    ။ မိဘပြည်သူတို့၏ဘဝ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ရာတွင် ဆရာတော်မှ ဆန္ဒပြုခြင်းထက် ဦးဆောင်မှုအခဏ်းမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်ဥက္ကဌ စောရွှေမောင်းက မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇနထံ ယခုလ ၃ ရက်နေ့စွဲဖြင့်ရေးသားပေးပို့ခဲ့သည့် မိတ္တူစာတစ်စောင် လက်ခံရရှိခဲ့သည်။

KNU,DKBA နှစ်ဖက်တပ်ဖွဲ့တို့သည် ဖြစ်ပေါ်ခဲ့သောအတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူကြ၍ သင်ပုန်းချေကြ ကာ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ နှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းသွားကြရန် စက်တင်ဘာလ၂၉ ရက်နေ့က မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇန ထုတ်ပြန်ခဲ့သော ပန်ကြားချက်ထွက်ပေါ်လာပြီးနောက် KNU မှတရားဝင်ထုတ်ပြန်ချက်ဟု သိရသည်။

အတိတ်မှဆိုးကျိုးကို သင်္ခန်းစာယူအပြန်အလှန်သင်ပုန်းချေ၊ သီးခံခွင့်လွှတ်ကြကာ မတူညီတာတွေကို တူညီမှုရ လာသည်အထိ တွေ့ဆုံညှိနှိုင်းကာ ပြဿနာ၏ အဖြေရှာဖွေသည့်နည်းလမ်းကို အစဉ်လက်ခံနေကြောင်း စောရွှေ မောင်း၏ ပေးစာတွင်ရေးသားဖေါ်ပြထားပါသည်။

oct09-13.php

KNU မှမြိုင်ကြီးငူဆရာတော်ထံ ရေးသားပေးပို့သောစာ

“ဒီစာကတပ်မဟာ ၆ ရဲ့အမြင်ဆိုပေမယ့် KNU ဗဟိုရဲ့အမြင်လည်းဖြစ်ပါတယ်” ဟု ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗဒိုစောထဲနေနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့ပါသည်။

ဗဒိုစောထဲနေက “အခုအချိန်ထိ ကျနော်တို့နဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ ထိပ်တိုက်မဖြစ်ကြအောင်ရှောင်ရှား နေကြပါတယ်၊ ဒါပေမဲ့ နအဖတပ်ကိုတော့ ပြောက်ကျားနည်းနဲ့ချေမှုန်းနေတာ သူတို့အတော်လေး အထိနာခဲ့တယ်” ဟု ဆက်လက်ပြောကြားပါသည်။

ဒီကေဘီအေထိပ်ပိုင်းခေါင်းဆောင်များ နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲရေးကို နအဖထံကတိပေးထားပြီးဖြစ်သည်။ KNU နှင့် DKBA နှစ်ဖက်အပစ်အခတ်ရပ်စဲလုပ်နိုင်ရန်မှာ နအဖလက်မခံနိုင်သောလုပ်ရပ်ဖြစ်နေသဖြင့် မလွယ်ကူ သောကိစ္စရပ်တစ်ခု ဖြစ်နေသည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views