အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

Kaowao
အောက်တိုဘာ ၁၂၊၂၀၀၉။

ကောင်းဝါ(အောက်တိုဘာ-၁၂)။      ။ တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းသည် မွန်ပြည်သစ်ပါတီဝင်ဟောင်း ၁၅ ဦးခန့် တို့အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ယခုလ ၈ ရက်နေ့၊ နံနက် ၈ နာရီတွင်တွေ့ဆုံခဲ့သည်ကို သိရှိထားကြောင်း အမည်မဖေါ်လိုသော မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားပါသည်။

“အားလုံးဘယ်သူဘယ်ဝါလဲဆိုတာ နာမည်အတိအကျကို မရသေးဘူး၊ ကျနော်တို့လည်းစုံစမ်းနေတုံး ပဲ”
ဟု ၄င်းကဆက်လက်ပြောကြားပါသည်။

သတင်းရပ်ကွက်တစ်ခု၏အဆိုအရ ထိုတွေ့ဆုံမှုတွင် မွန်ပြည်သစ်ဗဟိုကော်မတီဝင်ဟောင်း ဒုတိယဗိုလ်မှူးကြီး ကျော်စိုးနှင့် နိုင်အောင်ရှိန်(ရေး)တို့ပါဝင်သည်ဟု ဆိုပါသည်။ သို့ရာတွင် ၄င်းတို့နှင့်ဆက်သွယ်၍ သီးခြားအတည်ပြု မှုမရရှိခဲ့ပါ။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ဟောင်း နိုင်တင်အောင်က အဆိုပါတိုင်းမှူးတွေ့ဆုံသည့်ကိစ္စကို သူမပါဝင်ခဲ့ ကြောင်းနှင့် မသိခဲ့ရကြောင်း ပြောကြားပါသည်။

နိုင်တင်အောင်သည် ယခင်ကွယ်လွန်သူမွန်ပြည်သူ့တပ်ဦးဥက္ကဌ နိုင်အောင်ထွန်း(နောင်တွင်- ကယ်ဆယ်ရေးဝန် ကြီး-၁၉၆၀)၏သားဖြစ်ပြီး  ပြည်တွင်းရှိ ၁၅ ဦးကော်မတီအလုပ်အဖွဲ့၊ မွန်နိုင်ငံရေးတတိယအင်အားစု၌ ထိပ်ပိုင်းမှ ပါဝင်နေသူတစ်ဦးဟု သိရသည်။

ထိုတတိယအင်အားစုမွန်နိုင်ငံရေးအုပ်စုမှာ စစ်အစိုးရမှပြဌာန်းလာမည့် ၂၀၁၀ ရွေးကောက်ပွဲနည်းဥပဒေများကို သုံးသပ်ပြီး ရွေးကောက်ပွဲဝင်သင့်ပါက မွန်အမျိုးသားတစ်ရပ်လုံး ကိုယ်စားပြုရှေ့ဆောင်ပါတီတစ်ရပ် အချိန်မီ ဖွဲ့စည်းသွားနိုင်ရန် ၁၅ ဦးကော်မတီပါအလုပ်အဖွဲ့ကို မော်လမြိုင်ရှိ နိုင်ရွှေကျင်စာကြည့်တိုက်တွင် လွန်ခဲ့သည့်ဇွန်လ ၂၉ ရက်နေ့၌စတင်ဖွဲ့စည်းခဲ့ကြသည်။ မွန်မျိုးချစ်ပညာတတ်များနှင့် မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများ ပါဝင်ကြသည်။

မွန်တိုင်းရင်းသားတို့တွင် အင်အားအကြီးမားဆုံး မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဟုပြတ်သားစွာဆုံးဖြတ်ထားကြသည်။ ထို့အပြင် မွန်ပြည်သစ်ပါတီသည် နယ်စပ်တပ်အသွင် ကိုလည်းမပြောင်းလဲဟု စစ်အစိုးရအား ပြောဆိုခဲ့သည်။

ဗဟိုကော်မတီ ၅ ဦးခေါင်းဆောင်ပြီး တပ်ဖွဲ့ဝင် ၅၀ ဦးခန့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားခဲ့သည်ဟု မကြာမီရက် ပိုင်း၌ အင်တာနက်သတင်းအင်္ဂလိပ်ကဏ္ဍတစ်ခုတွင် ဖေါ်ပြခဲ့သည်ကို တွေ့ရှိခဲ့သည်။

အဆိုပါသတင်းမဟုတ်မမှန်ကြောင်း မွန်ပြည်သစ်ပါတီမှငြင်းဆိုပါသည်။ နောက်ပိုင်း၌ ဘုရားသုံးဆူနယ်စပ်မြို့ရှိ စစ်အစိုးရသတင်းပေးများ လုပ်ကြံဝါဒဖြန့် သတင်းပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ဘုရားသုံးဆူနှင့် စံခလပူရီမြို့ များ၌ စစ်အစိုးရသတင်းပေး ၄၀ ခန့်ရှိသည်ဟု စုံစမ်းသိရှိထားကြောင်း အမည်မဖေါ်လိုသော ထိုင်းအရာရှိတစ်ဦး ကအသိပေးပြောကြားခဲ့သည်။
                                                                                   
ယင်းသတင်းပေးများမှာ လူအများအထိန့်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်အလုပ် လုပ်ကြသူများ လှေမှောက်ခြင်း၊ ကားမှောက်ခြင်းကြောင့်လူအများသေဆုံးသည့်သတင်း ပိုင်ရှင်မဲ့လူသေအလောင်း များသဂြိုလ်မည့်သူမရှိခြင်း စသည့်သတင်းမျိုးကို အင်တာဗျူးပြလုပ်၍ သတင်းဖန်တီး ပြုလုပ်ပေးသည့်ဖြစ်ရပ်များ ကြုံခဲ့ရသည်။

မွန်ပြည်သစ်ပါတီ နယ်ခြားစောင့်တပ်အသွင်မပြောင်းလဲသည်ကို ပါတီအတွင်းအကွဲအပြဲဖြစ်ပေါ်လာစေရန် စစ်အစိုး ရတို့မစီမံနိုင်သေး၍ မွန်ပြည်သစ်ပါတီနှင့်အပြိုင် နယ်ခြားစောင့်တပ်ဖွဲ့ သို့မဟုတ် ပြည်သူ့စစ်အဖွဲ့များ ဖြစ်ပေါ်လာ စေရန် စစ်အစိုးရတို့ကြံဖန်နေသော နည်းလမ်းများအနက် နောက်ဆုံးနည်းလမ်းတစ်ရပ်သာ ဖြစ်သည်ဟု မွန်နိုင်ငံ ရေးလေ့လာသူ အသိုင်းအဝိုင်းတို့၌ ဝေဖန်ပြောကြားနေသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၈၁-၈၇ နှစ်များအတွင်း နိုင်ရွှေကျင်မွန်ပြည်သစ်ပါတီနှင့် နိုင်နွန်လာမွန်ပြည်သစ်ပါတီ အဖြစ် နှစ်ခြမ်းကွဲခဲ့ရာ ရဟန်းသံဃာတော်များသာမက မွန်တိုင်းရင်းသားတို့တွင်အမြင်နှစ်မျိုးကွဲခဲ့သည်။ ထိုနှစ်များ နှစ်ဖက်ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုပဋိပက္ခများမှာ KNU နှင့် DKBA အခြေအနေထက်ဆိုးဝါးသည်ဟု ကြုံခဲ့ဘူးသူ များပြောဆိုနေကြ၏။ နောင်တွင် ယင်းကဲ့သို့အနိဌာရုံများ မွန်အမျိုးသားလူထုအတွင်းမပေါ်ပေါက်နိုင်ရန် ထိန်းသိမ်း နေကြသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း အောက်တိုဘာ ၂၀၀၉

မွန်လူငယ်များနှီးနှောဖလှယ်ပွဲမှ Mon Youth Forum ဖွဲ့စည်း၊ ၂၀၁၀ ရွေးကောက်ပွဲမကျင်းပသင့်ဟုကြေညာချက်ထုတ်ပြန်

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်းပေါက်ကြား

ရာမညတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးရှောင် စစ်အစိုးရထံလက်နက်ချ

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော်ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်းများအချို့ကို ရတခတိုင်းမှူးတွေ့ဆုံခဲ့

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC  မွန်ကိုယ်စားလှယ်ပြောကြား။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNUမှသဘော ထားထပ်မံရှင်းလင်းထုတ်ပြန်

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမူး

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရမှပြည်သူ့စစ်ဖွဲ့ခိုင်း

ဘုရားသုံးဆူဒေသရှိဒီကေဘီအေဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ထုတ်ပြချက်ကိုလက်ခံ

သေနတ်ဒဏ်ရာရရှိသူဦးကျော်လှ ဆေးကုသစရိတ်ခက်ခဲနေ

ငါးထောင်ကျပ်တန်အသစ်ဂယက်ရိုက်ခတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views