အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

KPF တပ်ဖွဲ့အတွင်းအခြေအနေတင်းမာ

Kaowao
နိုဝင်ဘာ ၉ ၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ-၉)။    ။ ထိုင်းမြန်မာနယ်စပ် ဘုရာသုံးဆူမြို့အခြေစိုက် KPFခေါ်ကရင်ငြိမ်းချမ်းရေးအဖွဲ့အတွင်း ယနေနံနက် (၇) နာရီတွင် အာဏာလွန်ဆွဲပွဲ ဖြစ်ပွါးခဲ့ပြီး နယ်မြေခံ နအဖ ခမရ(၂၈၃) တပ်ရင်းမှုးဒုဗိုလ်မှုးကြီး မြတ်ထွန်းအေး ဖြေရှင်းပေးနေရကြောင်းသိရသည်။ KPF ဌာနချုပ်၏ ညွှန်ကြားချက်အရ ဘုရားသုံးဆူမြို့ရှိ KPF အမှတ် (၃)တပ်ရင်းမှူးနေရာတွင် ဗိုလ်မှူးမန်းလေးဝါးအားဖယ်ရှားပြီး ဗိုလ်မှူးစောဝါးချဲ့ကို ယာယီအားဖြင့် အစားထိုး တာဝန်ပေးခဲ့ရာ အဆိုပါ တာဝန်လွှဲပြောင်းမှုကိစ္စကို ဗိုလ်မှူးမန်းလေးဝါးက လက်မခံ ငြင်းဆန်ခဲ့သဖြင့် ပဋိပက္ခဖြစ် ပွါးခဲ့သည်ဟု KPF နှင့်နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

တခြား KPF အဖွဲ့ဝင်ဟောင်းတစ်ဦးကမူ နေရာလွှဲပြောင်းပေးရန် အခြေအဝင်ဖြစ်ပွါးနေစဉ်အတွင်း အမှတ်(၃)တပ် ရင်း ထောက်လှမ်းရေးမှူး ပလာဝါးက ဗိုလ်မှူးမန်းလေးဝါး၏သေနတ်ကိုလုယူပြီး ချိန်ရွယ်ထားသည်အထိ အခြေအ နေတင်းမာခဲ့သည်ဟု ဆိုသည်။ စခန်းအတွင်းအိမ်ထောင်သည်လိုင်းမိသားစုဝင်များက ကြောက်လန့်တကြားပြေး လွားနေသည်ဟု ဆိုသည်။

ဗိုလ်မှူးမန်းလေးဝါးမှာ ပြီးခဲ့သည်ဇူလိုင်လ (၈)ရက်နေ့တွင် KNU လက်မှထိန်းသိမ်းခံခဲ့ရပြီးလက်နက် (၈) လက်ပါ သိမ်းဆည်းခံခဲ့ရသည့် ဖြစ်စဉ်ကြောင့် နအဖ ဘက်မှသံသယရှိနေပြီး ၄င်းနေရာကို အစားထိုးရန် KPF ဌာနချုပ်ကို တွန်းအား ပေးခဲ့သည်ဟု KPF အဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။

ယခုအခါ KPF အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်းကို ဖျတ်သိမ်းပြီးအမှတ် (၁) တပ်ရင်းနှင့်ပေါင်းကာ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန်လက်ခံခဲ့သည်ဟု ဆိုသည်။  ထိုသို့လက်ခံလိုက်ခြင်းအာဖြင့် အသက် (၅၀) ကျော်အရာရှိအရာခံအကြပ်တပ်သားများ အနားယူရပြီး နအဖ တပ်အရာရှိများမှ အဓိကကျသောနေရာတွင် ထိန်ချုပ်နေရာယူမည့်ကိစ္စအတွက် အောက်ခြေအဖွဲ့ဝင်များ ကျေနပ်မှုမရှိဟု KPF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှပြော ပါသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views