အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

အမေရိကန်သံရုံးထုတ်ပြန်ကြေညာချက်၌ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းလုံးဝမဖေါ်ပြခဲ့

Kaowao
နိုင်ဝင်ဘာ ၆ ၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ-၆)။    ။ မကြာမီရက်ပိုင်းက အမေရိကန်နိုင်ငံ၊ အရှေ့အာရှနှင့်ဖစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာတ်ကမ့်ဘဲလ် ခရီးစဉ်အပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးထုတ်ပြန်ကြေညာချက် တစ်ရပ်၌ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ လုံးဝမဖေါ်ပြထားခဲ့ကြောင်း တွေ့ရှိခဲ့သည်။

၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်ဖြင့် ထုတ်ပြန်ခဲ့သော ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ သည် လူ့အခွင့်အရေးပိုမိုမြင့်မားလာစေရန် ဆက်လက်ဖော်ဆောင်သွားရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည်နေသော ထင်သာမြင် သာသည့်အခြေအနေများ ဖန်တီးပေးနေသည်ကို အမေရိကန်အစိုးရအနေဖြင့် မြင်တွေ့လိုသည်ဟု အတိအလင်း ဖေါ်ပြပါရှိခဲ့သည်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ၌ NLD ပါတီမှအရွေးချယ်ခံ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အမှတ် ၁ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်းက ကောင်းဝါသတင်းအယ်ဒီတာအပါအဝင် မြန်မာသတင်းထောက်အချို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်နေရာ၌ ယနေ့တွေ့ဆုံခဲ့ရာတွင် အဆိုပါအမေရိကန်သံရုံးထုတ်ပြန်ချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ကောက်ချက်ချပြောဆိုခဲ့သည်။

“ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရနဲ့ အခြားအဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့ကြရာမှာ ဘာတွေဆွေးနွေးသွားခဲ့သလဲဆိုတာ ကျနော်တို့မသိခဲ့ရဘူး၊ ဒါပေမဲ့ ဒီအမေရိကန်သံရုံးရဲ့ Press Release က သူ့တို့ရဲ့တရားဝင်ပြောတဲ့စကားဖြစ်တယ်၊ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို ဘာတစ်ခွန်းမှ ထည့်မပြော ခဲ့ဘူး ” ဟု ခွန်မြင့်ထွန်းက ဆိုပါသည်။


မြန်မာသတင်းထောက်တချို့အား ခွန်မြင့်ထွန်းယနေ့တွေ့ဆုံရှင်းလင်းပြေားကြားနေစဉ်

ထို့နောက် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ယခင်အမှားများကိုပြန်လည်သုံးသပ်သင့်သည်ဟု ဆက်လက် တိုက်တွန်းခဲ့ပါသည်။ ခွန်မြင့်ထွန်း၏ အဆိုအရ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း စစ်အာဏာသိမ်းမှုကို စတင်ထောက်ခံပေး ခဲ့သည်မှာ ထိုစဉ်ကအမေရိကန်နိုင်ငံအစိုးရ ဖြစ်သည်ဟုသိရသည်။

မြန်မာစစ်အစိုးရအုပ်စုသည် ၂၀၁၀ ရွေးကောက်ပွဲကျင်းပရေးကိုသာ အဓိကထားပြောဆိုနေသည်။ သို့ရာတွင် အဆိုပါရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ထင်သာမြင်သာသည့် ပြင်ဆင်မှုများကို မတွေ့ရှိရသေးပေ။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရန် အတင်းအကြပ် တွန်းအားပေးနေသော်လည်း တင်းခံနေသည့်အဖွဲ့အစည်းများစွာ တည်ရှိနေဆဲဖြစ်သည်။

တဖန် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နှင့် ရွေးကောက်ပွဲနည်းဥပဒေများကိုလည်း အများသိစေရန် မထုတ်ပြန် ရသေးပေ။ မည်သည့်အချိန်တွင် ထုတ်ပြန်လိမ့်မည်ကိုလည်း ယနေ့အထိနအဖတို့ အတိအကျ ထုတ်ဖေါ်ပြောကြား ခဲ့ခြင်း မရှိခဲ့ပါ။

အဆိုပါ နအဖတို့ရည်ရွယ်ကျင်းပမည်ဆိုသည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် စစ်အာဏာရှင်ကို တရားဝင်ဖြစ် သွားစေမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပေးခြင်းသာဖြစ်သည်။ ထို့ကြောင့် မြန်မာ့အတိုက်အခံ ပါတီများနှင့် တိုင်းရင်းသားအင်အားစုများ လုံးဝလက်မခံနိုင် ဖြစ်နေကြသည်။

စစ်အစိုးရနှင့်မပတ်သက်သော နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာမှအင်အားစုများကလည်း သုံးပွင့်ဆိုင်တွေ့ ဆုံ အဖြေရှာခြင်းအားဖြင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည် လက်ခံထားကြသည်ကို လေ့လာသိရှိရသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views