အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

အလုပ်သမားသက်သေခံလက်မှတ်ကိုင်သူများသာ တရားဝင်အလုပ်သမားအခွင့်အရေးရမည်ဟုဆို

Kaowao
နိုင်ဝင်ဘာ ၆ ၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ-၆)။    ။ နိုင်ငံခြားတွင်အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများသည် အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှထုတ်ပေးသော ပြည်ပလုပ်သားသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများသာ အလုပ်သမားအခွင့်အရေးရရှိမည်ဟု အဆိုပါဦးစီးဌာနမှထုတ်ပြန်ကျေညာထားကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအဖွဲ့ဝင်တစ်ဦးမှပြောဆိုခဲ့ပါသည်။

ပြည်ပနိုင်ငံများသို့အလုပ်သမားများကို ပို့ဆောင်ရန်တာဝန်ယူနေရသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီသည် နိုင်ငံတော်အသိမှတ်ပြုတရားဝင်လိုင်စင်ရအေဂျင်စီဖြစ်ရန်လိုသလို လျှောက်ထားသူ အလုပ် သမားများအနေနှင့် ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော ပြည်ပအလုပ် အကိုင်မှတ်ပုံတင်လက်မှတ၊် ပြည်ပသို့ထွက်ခွါမည့်အလုပ်သမားတိုင်းအတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော သက်သေခံလက်မှတ်ရှိရန်လိုအပ်သည်ဟု အဆိုပါအေဂျင်စီအဖွဲ့ဝင်မှပြောပါသည်။ သို့မှသာ ပြည်ပ နိုင်ငံတွင်အလုပ်လုပ်နေစဉ်အတွင်း ၄င်းနိုင်ငံ၏ဥပဒေအရ ရပိုင်ခွင့်၊ ခံစားခွင့် လိုအပ်သောအကာအကွယ်ပေးမှုများ အလုပ်ခွင်မတော်တဆထိခိုက်မှုများကြောင့်နစ်နာကြေး၊ လျော်ကြေးများရရှိနိုင်မည်ဟုဆိုသည်။

သို့သော် အဆိုပါလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့်လုပ်ကိုင်ပေးခြင်းမရှိဘဲ သက်ဆိုင်ရာပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများကသာ တာဝန်ယူလုပ်ဆောင်ပေးရသည်ဟု အေဂျင်စီအဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်။
အဓိကကျတာကတော့ နိုင်ငံခြားဝင်ငွေအခွန်ဆောင်ဘို့ရယ် မိသားစုကိုငွေလွှဲရာမှာ ပြည်တွင်းကနိုင်ငံခြားငွေနဲ့ စာရင်းဖွင့်လို့ရတဲ့ဘဏ်မှာ စာရင်းဖွင့်ဘို့ကိစ္စကိုဦးစားပေးပြောဆိုခဲ့ကြောင်း ထပ်မံပြောပြခဲ့သည်။

နိုင်ငံရပ်ခြားတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအပေါ် နိုင်ငံတော်အစိုးရမှ လိုအပ်သော ကာကွယ်စောင့်ရှောက်မှုပြုလုပ်ပေးခြင်းမရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ အစီအစဉ်များကို ယုံကြည်မှု မရှိဟု မလေးရှားနိုင်ငံတွင်အလုပ်လုပ်နေသော ရေးမြို့နယ်ဇာတိမင်းအောင်ငွေက ယခုလိုပြောပါသည်။

“ အခုကျွန်တော်တို့အလုပ်လုပ်နေရတဲ့နိုင်ငံမှာ အာမခံချက်ဘာမှရှိတာမဟုတ်ဘူး။ သံရုံးကလူတွေ ငွေယူယုံသက် သက်ဘဲ။ ဘာတခုမှလိုအပ်တဲ့အကာကွယ်ပေးတာမလုပ်ခဲ့ဘူးဘူး။ ကိုယ်ဖြစ်ယင် ကိုယ်ခံဘဲ။ ဒါကြောင့်ဒီအစီအစဉ် ကိုကျွန်တော်တို့သိပ်စိတ်မဝင်စားဘူး ”

မြန်မာစစ်အစိုးရသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏လုံခြုံရေး ၊လုပ်ငန်းခွင်ထိခိုက်မှုကိစ္စရပ်များကို လစ်လျှူ ရှုမှု တာဝန်မယူမှုအပေါ် ပြည်ပရောက်မြန်မာအလုပ်သမားများအနေနှင့် ကျေနပ်မှုမရှိ ကြောင်းသိရသည်။

စစ်အစိုးရအနေနှင့် ပြည်ပတွင်အလုပ်လုပ်နေသောမြန်မာအလုပ်သမားများအပေါ် ပြီး ခဲ့သည့်စက်တင်ဘာလ (၅) ရက်နေ့တွင် အမိန့်ကျေညာချက်အမှတ် ၁၆/၂ဝဝ၉ အရဝင်ငွေခွန်ပေးဆောင်ရန် နှင့် မိသားစုငွေလွှဲမှုလုပ်ငန်းများ ကို ကြီးကြပ်စီစစ်သွားရန် ပြည်ပအလုပ်လုပ်မှုကြီးကြပ်ရေးကော်မီတီတရပ် ဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်း သိရ ပါသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views