အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦးထပ်မံကွယ်လွန်ပြန် 

Kaowao
နိုဝင်ဘာ ၂၉၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၂၉)။     ။ ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ဖန်းငါးဒေသတွင် ဖွဲ့စည်းထားသည့် စေတနာရှင် လူမှု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းမှ ကယ်တင်ခဲ့သော AIDS ဝေဒနာသည် အမျိုးသမီးပြည့်တန်ဆာ(၁၂)ဦး အနက် နောက်ထပ်နှစ်ဦး နိုဝင်ဘာ(၂၈)ရက်နံက်အချိန်ခူရပူရီမြို့ဆေးရုံမှာ ထပ်မံကွယ်လွန်သွားပြီးဟု ရောဂါသည် နှင့် နီးစပ်သူတစ်ဦးမှ ပြောပါသည်။

နိုဝင်ဘာ(၂၇)ရက်နေ့နံက်တွင်လည်း နှစ်ယောက်ဆုံးသွားတဲ့အတွက် စုစုပေါင်း(၄)ဦးသေဆုံးသွားခဲ့ပြီး ဆေးရုံ၌ ကျန်ရှိတဲ့သူ(၃)ဦးကလည်း အသက်ယဲ့ယဲ့မျှသာကျန်နေသည်ဟုဆို၏။ အဆိုပါ ဆုံးပါးသွားသော အမျိုးသမီးနှစ်ဦး မှာ သံဖြူဇရပ်မြို့နယ် ကရုတ်ပိရွာသူတစ်ဦးနှင့် တောင်ဖလုကျေးရွာဇာတိဟု ဆိုပါသည်။

ထို့အပြင်နိုဝင်ဘာ(၂၈)ရက်တွင် ဖန်းငါးမြို့အခြေစိုက် စေတနာရှင်လူမှုကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ အမျိုးသမီး ပြည့်တန်ဆာပေါင်း(၃၂)ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ပြီး အဆိုပါအမျိုးသမီးများကိုဆေးစစ်ခဲ့ရာမှာ HIV ရောဂါပိုး မတွေ့ရှိဟုဆိုပါ၏။ အဆိုပါအမျိုးသမီးများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ကျေးရွာများမှဖြစ်ပြီး လူကုန်ကူးပွဲစား တွေကနေတဆင့် ပြည့်တန်ဆာအဖြစ် ရောင်းချခြင်းခံရတဲ့သူတွေဟု ဆိုပါသည်။ ဒီအကြောင်းကို ဒေသခံလူမှုကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြခဲ့ပါသည်။

မနေ့က ချွန်ဖွန်ကနေကယ်တင်ရခဲ့တဲ့အမျိုးသမီး(၄)ဦးကတော့ ရောဂါမရှိသေးဘူး။ သူတို့ရောင်းချခံရတာ(၈)ရက် ဘဲရှိသေးတယ်။ ပြီးတော့ အမျိုးသမီး(၂၈)ယောက်ကလည်း အဲဒီအမျိုးသမီး(၄) ယောက်နဲ့ဆက်စပ်နေတယ်။ ဝင်လာတဲ့လူတွေက ဖဲကတာရွာက(၁၂)ယောက် ကော့ဝမ်းက(၃ဝ)ယောက်လို့ သူတို့ပြောပြတယ်။ အဲဒီလူမှောင်ခို ဂိုဏ်းတွေကတော့ အဆက်အသွယ်တော်တော်ကောင်းတယ်။ နိုင်ငံရပ်ခြားအထိသူတို့ အမျိုးသမီးတွေကိုပို့နေသည် ဟု ပြောသွားပါတယ်။

စေတနာရှင်လူမှုကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းမှ ကယ်တင်ထားသောအမျိုးသမီးများကို  နေရပ်သို့ပြန်ပို့ မည်ဖြစ်ပြီး ကျန်ရှိနေသော AIDS ရောဂါဖြစ်ပွါးနေသည့်အမျိုးသမီး(၃)ဦးမှာ ခူရပူရီမြို့ဆေးရုံ၌ပင် ဆေးကုသမှု ခံယူနေသော်လည်း မျှော်လင့်ချက်ကင်းမဲ့နေပြီး သူမတို့၏နောက်ဆုံးအချိန်ကိုသာ စောင့်ကြည့်နေရသည်ဟု လူနာ နှင့်နီးစပ်သူတစ်ဦးမှ ပြောပါသည်။ 

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉


မွန်တိုင်းရင်းသူ အမျိုးသမီးငယ် ၃၂ယောက်ပြည့်တန်ဆာဘဝမှထပ်မံလွတ်မြောက်ခဲ့

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦး ထပ်မံကွယ်လွန်ပြန် 

ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲအကြား ရွာသားတစ်ဦးသေဆုံး

ကယ်တင်ခြင်းခံရသည့်  AIDS ရောဂါဝေဒနာရှင် (၁၂)ဦးအနက် အမျိုးသမီး(၂)ဦးကွယ်လွန်

ကယ်တင်ခြင်းခံရသည့်အမျိုးသမီးပြည့်တန်ဆာ(၅၈)ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂)ဦးပါဝင်

မွန်ပြည်သစ်ပါတီရှေ့ဆောင်အဖွဲ့(စည်းရုံရေးဗဟိုအဖွဲ့)မှ ရှင်းလင်းပွဲကျင်းပ

မွန်ခွဲထွက်နိုင်ပန်းညွန့်၏ တပ်မိသားစုများ ခလောက်ဂနီဒုက္ခသည်စခမ်းရောက်ရှိနေ

မြန်မာစစ်တပ်ထံမှ လက်နက်အချို့လှို့ဝှက်ဝယ်ယူရရှိ

K.P.F ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အမှတ်(၃) ယာယီတပ်ရင်မှုး စောဝါးချဲ့ကို K N U မှဖမ်းဆီးမိပြီး ပြန်လည်လွတ်မြောက်သွား

ကျိုက်မရောမြို့နယ် ကြံ့ဖွံ့အဖွဲ့မှ မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်း

သံဖြူဇရပ်မြို့နယ်တွင် ဂက်(စ်)ပိုက်လိုင်း ထပ်မံဗုံးဖေါက်ခွဲခြင်းခံရ

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သောစာ

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

ခလရ(၃၁)တပ်ရင်းမှ ယင်းရဲရွာသားများအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်

အမှတ်(၃)တပ်ရင်းမှူးစေားလေးဝါးအား K.P.F တပ်ဖွဲ့မှထုတ်ပယ်

မြန်မာပြည်တွင်မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာတတိယနေရာတွင်ရှိ

ပဲထွက်နှုန်းကျဆင်း၍ ပဲစိုက်တောင်သူများ မျှော်လင့်ချက်မဲ့

(ကလလတ) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် အခန်းအနားကျင်းပ

နယ်ခြားစောင့်တပ်ကိစ္စနှင့်ပတ်သက်၍ ကရင်နီပြည်သူများ၏ပန်ကြားချက်

KPF တပ်ဖွဲ့အတွင်းအခြေအနေတင်းမာ

အမေရိကန်သံရုံးထုတ်ပြန်ကြေညာချက်၌ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းလုံးဝမဖေါ်ပြခဲ့

အလုပ်သမားသက်သေခံလက်မှတ်ကိုင်သူများသာ တရားဝင်အလုပ်သမားအခွင့်အရေးရမည်ဟုဆို

ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်

နယ်စပ်ဖြတ်ကျော်ဂိတ်ပြန်ဖွင့်သဖြင့် အလုပ်သမားများ ပုံမှန်လုပ်ငန်းပြန်လည်ဝင်ရောက်နိုင်



Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views