အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲအကြား ရွာသားတစ်ဦးသေဆုံး

Kaowao
နိုဝင်ဘာ ၂၇၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၂၇)။    ။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာနှင့် ဘုရားသုံးမြို့နယ် အကြား တောင်စွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးတွင် ယနေ့နံနက်(၈)နာရီအချိန်ခန့် ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောပါသည်။

အဆိုပါတိုက်ပွဲသည် နအဖစစ်ကြောင်း(၁)  ခမရ(၃၅၆)တပ်ရင်း တပ်ခွဲ(၁) ဗိုလ်ကြီးကျော်မင်းလှိုင်ဦးစီးတပ်ဖွဲ့ကို ကေအန်ယူတပ်ရင်း(၁၆) တပ်ခွဲ(၂)တို့၏ ခြုံခိုတိုက်ခိုက်မှုကိုခံရပြီး စစ်အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး အောင်မင်းသန်းက ထိခိုက်ဒါဏ်ရာ ရရှိသွားသည်ဟု အဆိုပါဒေသခံက ဆိုပါသည်။

ဤတိုက်ပွဲ၌ နအဖ တပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက်(၄ဝ)ကျော်အမျိုးသမီး(၁)ဦး လည်း လက်နက်ကြီး ထိမှန်သဖြင့် သေဆုံးသွားသည်ဟု တောင်စွန်းရွာသားတစ်ဦးမှ ပြောပါသည်။

၎င်းဒေသသည် ကေအာန်ယူတပ်ဖွဲ့များမကြာခဏဆိုသလို စစ်ရေးအရ လှုပ်ရှားမှုပြုလုပ်နေပြီး ခြုံခိုတိုက်ပွဲများ မကြာခဏဖြစ်ပွါးခဲ့ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် မိုင်းတိုက်ပွဲနှင့်ခြုံခိုတိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွါးခဲ့ပြီး နအဖတပ်ဘက်မှ ထိခိုက် သေဆုံးဒါဏ်ရာမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views