အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

မြန်မာစစ်တပ်ထံမှ လက်နက်အချို့လှို့ဝှက်ဝယ်ယူရရှိ

Kaowao
နိုဝင်ဘာ ၂၃ ၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ-၂၃)။     ။ မြန်မာစစ်တပ်ထံမှ လက်နက်အချို့ကို နီးစပ်ရာအရာရှိများထံမှ လှို့ဝှက်ဆက်သွယ် ၍ ဝယ်ယူရရှိခဲ့ကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

အဆိုပါမြို့ခံသည် သံဖြူဇရပ်မြို့အနီးရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်း(ဝဲကလိ) အရာရှိတစ်ဦးထံမှ ၃၂ ပစ္စတိုသေနတ်တစ်လက်နှင့် ၄င်းကျည်ဆံ ၅ တောင့်ကို ငွေကျပ် ၄ သိန်း ဖြင့် ဝယ်ယူရရှိခဲ့သည်ဟု ဆိုပါသည်။

သံဖြူဇရပ်မြို့ရှိ မြိုခံတစ်ဦးအဆိုအရ ငွေကြေးရှိသူအချို့သည် ယခင်တိုင်းဗဟို (၄) စစ်သင်တန်းကျောင်း(ဝဲကလိ) မှ သေနတ်အချို့ ဝယ်ယူကြပြီး မိမိတို့ပုဂ္ဂိုလ်လုံခြုံရေးအတွက် လှို့ဝှက်ဆောင်ထားကြသည်ဟု သိရသည်။ ယခင် တိုင်းဗဟို (၄) စစ်သင်တန်းကျေင်းကို ၂၀၀၀ ခုနှစ်ကျော်ခန့်မှ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်းဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။

အလားတူ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာရယက ဥက္ကဌအများစုသည်လည်း အဆိုပါဝဲကလိတပ်စခန်းမှ ခြောက်လုံး ပြူးနှင့် ပစ္စတိုသေနတ်တို့ကို ဝယ်ယူနေခဲ့ကြသည်မှာ နှစ်အတန်ကြာကတည်းက ရှိခဲ့သည်ဟု အမည်မဖေါ်လိုသူ ရယကဥက္ကဌဟောင်းတစ်ဦးက ပြောကြားခဲ့ပါသည်။

အထူးသဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရယကဥက္ကဌတို့သည် မိမိကျေးရွာဧရိယာအတွင်း၌  ခြောက်လုံးပြူး သေနတ် ခါးတွင်ချိတ်ကာ လှုပ်ရှားသွားလာနေကြသည်ကို ရွာတိုင်းလိုလိုတွင် လူအများ တွေ့မြင်နေကြရဆဲ ဖြစ်သည်။

သို့ရာတွင် ၄င်းရယကဥက္ကဌဟောင်းက “ဘာကြောင့်လဲတော့မသိဘူး တပ်နယ်မှူးနဲ့ မယကတို့က ဥက္ကဌအသစ် တင်လိုက်တာနဲ့ကျနော်လည်းပြုတ်သွားတာပဲ၊ ဒီခြောက်လုံးပြူးနဲ့ လမ်းလျှောက်စကားပြောစက်တွေကို တပ်နယ်မှူး ဆီ ကျနော်သွားပြီးအပ်လိုက်တယ်၊ မဟုတ်ယင် လက်နက်၊ စကားပြောစက်တွေ တရားမဝင်အသုံးပြုမှုနဲ့ ထောင်ကျ ခံရမယ်” ဟုဆိုပါသည်။

သံဖြူဇရပ်မြို့မ ရဲစခန်းမှ အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးအဆိုအရ အဆိုပါလက်နက်များမှာ ၁၉၈၈ ခုနှစ် အရေး အခင်းကာလ စစ်တပ်မှအာဏာသိမ်းစဉ် လူပုဂ္ဂိုလ်များကိုင်ဆောင်ခွင့်ရှိသည့် လိုင်စင်ရသေနတ်များကို သံဖြူဇရပ် မြို့နယ်အတွင်း ထိုစဉ်ကလိုက်လံသိမ်းဆည်းခဲ့ပြီး ယခုထက်တိုင် သိုလှောင်ထားသည့် လက်နက်ဟောင်းများဖြစ်နိုင် သည်ဟု ယူဆရသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉


မွန်တိုင်းရင်းသူ အမျိုးသမီးငယ် ၃၂ယောက်ပြည့်တန်ဆာဘဝမှထပ်မံလွတ်မြောက်ခဲ့

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦး ထပ်မံကွယ်လွန်ပြန် 

ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲအကြား ရွာသားတစ်ဦးသေဆုံး

ကယ်တင်ခြင်းခံရသည့်  AIDS ရောဂါဝေဒနာရှင် (၁၂)ဦးအနက် အမျိုးသမီး(၂)ဦးကွယ်လွန်

ကယ်တင်ခြင်းခံရသည့်အမျိုးသမီးပြည့်တန်ဆာ(၅၈)ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂)ဦးပါဝင်

မွန်ပြည်သစ်ပါတီရှေ့ဆောင်အဖွဲ့(စည်းရုံရေးဗဟိုအဖွဲ့)မှ ရှင်းလင်းပွဲကျင်းပ

မွန်ခွဲထွက်နိုင်ပန်းညွန့်၏ တပ်မိသားစုများ ခလောက်ဂနီဒုက္ခသည်စခမ်းရောက်ရှိနေ

မြန်မာစစ်တပ်ထံမှ လက်နက်အချို့လှို့ဝှက်ဝယ်ယူရရှိ

K.P.F ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အမှတ်(၃) ယာယီတပ်ရင်မှုး စောဝါးချဲ့ကို K N U မှဖမ်းဆီးမိပြီး ပြန်လည်လွတ်မြောက်သွား

ကျိုက်မရောမြို့နယ် ကြံ့ဖွံ့အဖွဲ့မှ မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်း

သံဖြူဇရပ်မြို့နယ်တွင် ဂက်(စ်)ပိုက်လိုင်း ထပ်မံဗုံးဖေါက်ခွဲခြင်းခံရ

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သောစာ

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

ခလရ(၃၁)တပ်ရင်းမှ ယင်းရဲရွာသားများအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်

အမှတ်(၃)တပ်ရင်းမှူးစေားလေးဝါးအား K.P.F တပ်ဖွဲ့မှထုတ်ပယ်

မြန်မာပြည်တွင်မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာတတိယနေရာတွင်ရှိ

ပဲထွက်နှုန်းကျဆင်း၍ ပဲစိုက်တောင်သူများ မျှော်လင့်ချက်မဲ့

(ကလလတ) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် အခန်းအနားကျင်းပ

နယ်ခြားစောင့်တပ်ကိစ္စနှင့်ပတ်သက်၍ ကရင်နီပြည်သူများ၏ပန်ကြားချက်

KPF တပ်ဖွဲ့အတွင်းအခြေအနေတင်းမာ

အမေရိကန်သံရုံးထုတ်ပြန်ကြေညာချက်၌ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းလုံးဝမဖေါ်ပြခဲ့

အလုပ်သမားသက်သေခံလက်မှတ်ကိုင်သူများသာ တရားဝင်အလုပ်သမားအခွင့်အရေးရမည်ဟုဆို

ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်

နယ်စပ်ဖြတ်ကျော်ဂိတ်ပြန်ဖွင့်သဖြင့် အလုပ်သမားများ ပုံမှန်လုပ်ငန်းပြန်လည်ဝင်ရောက်နိုင်



Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views