အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

K.P.F ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အမှတ်(၃) ယာယီတပ်ရင်မှုး စောဝါးချဲ့ကို K N U မှဖမ်းဆီးမိပြီး ပြန်လည်လွတ်မြောက်သွား

Kaowao
နိုဝင်ဘာ ၂၂ ၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၂၂)။ ။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အခြေစိုက် K.P.F ခေါ် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့၏ အမှတ်(၃)ယာယီတပ်ရင်းမှုး ဗိုလ်မှုးစောဝါးချဲ့ အပါအဝင် တပ်ဖွဲ့ဝင်(၅)ယောက်ကို လက်နက်(၆)လက်နှင့်အတူ KNU ဘက်မှ နိုဝင်ဘာ(၂၀)ရက်နံက်(၈)နာရီအချိန်တွင် ဖမ်းဆီးမိခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်သွားသည်ဟု K.P.F အဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ပြောပါသည်။

ဗိုလ်မှုးစောဝါးချဲ့နှင့် တပ်ဖွဲ့ဝင်(၅)ဦးတို့သည် ဘုရားသုံးဆူမှ သံဖြူဇရပ်မြို့တို့အပြန် မြိုင်သာယာရွာကြားတွင်  KNU ဘက်မှ လယ်ယာစိုက်ပျိုးရေးတာဝန်ခံ တိုင်ကီ(ခေါ်)စိုးပိုင် တို့အဖွဲ့မှ ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့မှ ပြောပါသည်။ K.P.F တပ်ဖွဲ့ဝင်(၆)ယောက်နှင့်အတူ လက်နက်အတို (၂)လက်၊ AK 47(၃)လက်၊ ကာဘိုင် (၁)လက် ဖမ်းမိ သိမ်းဆီးထားသည်ဟု K N U ဘက်မှ ပြောပါသည်။

ဗိုလ်မှုးစောဝါးချဲ့အပါအဝင် တပ်ဖွဲ့ဝင်(၅)ဦးကို မြိုင်သာယာ ဘုန်းကြီးကျောင်းတွင်  ထိန်းသိမ်းထားခဲ့ရာမှ ညနေ ၃နာရီခွဲ ခန့်တွင် ဗိုလ်မှုးစောဝါးချဲ့ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်ဟု မြိုင်သာယာကျေးရွာသား တစ်ဦးမှ ပြောပါသည်။ ကျန်ရစ်နေသောတပ်ဖွဲ့ဝင်(၅)ဦးကို K N Uဘက်မှ ပြန်လွှတ်လိုက်သည်ဟု ဆို၏။

ပြီးခဲ့သည့် နိုဝင်ဘာလ(၈)ရက်နေ့တွင် K.P.F အမှတ်(၃)တပ်ရင်းတွင် ဗိုလ်မှုးစောဝါးချဲ့ ယာယီတပ်ရင်းမှုးအဖြစ် တာဝန်ယူရန် K.P.F ဌာနချုပ်မှ တာဝန်ပေးခြင်းခံရသော်လည်း လက်ရှိတပ်ရင်းမှုး ဗိုလ်မှုးစောလေးဝါးမှ တာဝန် လွှဲအပ်ရန် ငြင်းဆန်ခဲ့သဖြင့် ပြဿနာအကြီးအကျယ် ဖြစ်ပွားခဲ့သေးသည်။

ဘုရားသုံးဆူအခြေစိုက် နအဖ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးမြတ်ထွန်းအေးမှ စေ့စပ်ဖြန်ဖြေပေးခဲ့သော်လည်း ယခုတိုင် ပြေလည်ခြင်းမရရှိသေးဟု K.P.F အဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ပြောပါသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views