အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ကျိုက်မရောမြို့နယ် ကြံ့ဖွံ့အဖွဲ့မှ မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်း

Kaowao
နိုဝင်ဘာ ၂၂ ၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၂၂)။    ။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာများကို မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များမှ နိုင်ဝင်ဘာလ(၂၀)ရက်နေ့မှစ၍ မဲဆွယ်စည်းရုံးရေး ခရီးစတင်ပြုလုပ် နေသည်ဟု ကျေးရွာရယကတစ်ဦးမှ ပြောပါသည်။

အဆိုပါခရီးစဉ်တွင် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့စည်းရုံးရေးမှုး ဦးမင်းလွန်းအောင်၊  ဦးအောင်မျိုး(ယခင်ပြည်နယ်ပညာရေးမှုးဟောင်း)၊ ဦးစိန်လှိုင်တို့ဦးဆောင်ပြီး ကော့ပလိုင်၊ ဓမ္မသ၊ တရနာ၊ ကော့သပ်၊ ကော့စွယ် အစရှိသည့် မွန်ရွာကြီးများတွင် လှည့်လည်ပြီး လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်တရား ဟောပြောခဲ့ကြောင်းဆို၏။

ဒေသခံတစ်ဦး၏အဆိုအရ လာမည့်ရွေးကောက်ပွဲတွင် ၄င်းတို့အဖွဲ့ကို ထောက်ခံမဲပေးပါက မြို့နယ်၏ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားသော နိုင်ငံရေးအဖွဲ့များကို မဲပေးမည့်အစား သူတို့အဖွဲ့ကိုသာ မဲပေးသင့်ကြောင်း မဲဆွယ်တရားဟော ခဲ့သည်ဟုဆို၏။

အဆိုပါ မဲဆွယ်တရားပွဲကို လေ့လာခဲ့သူ မွန်ပြည်သစ်ပါတီမှ အလယ်အလတ်တန်း ခေါင်ဆောင်တစ်ဦးကမူ “သူတို့ ပြောတာက ဗိုလ်ချုပ်အောင်ဆန်းတို့ (၃၀)ယောက်ထဲနဲ့ ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်နိုင်သေးတာဘဲ၊ အခု သူတို့ကြံ့ဖွံ့အဖွဲ့က သန်းချီပြီးရှိနေတော့ နိုင်ငံကိုဒီထက်ပိုတိုးတက်အောင် လုပ်နိုင်မယ့်စွမ်းအား သူတို့ဆီမှာရှိတယ် တဲ့။ သူတို့ကိုယုံယုံကြည်နဲ့ မဲပေးပါ။ ဒီမိုကရေစီရအောင် သူတို့လုပ်ပေးမယ်လို့ ပြောတာဘဲ။ ဒီလိုစစ်တပ်ရုပ်သေး ရုပ်တွေက တိုင်းပြည်လွတ်လပ်ရေးရအောင် တိုက်ခဲ့တဲ့တော်လှန်ရေး ခေါင်ဆောင်တွေနဲ့ နှိုင်းတာကျတော့ ဘယ် ကောင်းမလဲ။ နာထောင်ရတဲ့သူတွေတောင် ရှက်လာတယ်” ဟုပြောဆိုခဲ့၏။

စစ်အစိုးရမှ လာမည့်(၂၀၁၀)ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲနည်းဥပဒေ မချမှတ်သေးသည့်အတွက် ရွေးကောက်ပွဲဝင်မည့် အခြားနိုင်ငံရေးပါတီများ အခက်တွေ့နေကြောင်း ယခုလိုကြံ့ဖွံ့အသင်းများအနေနှင့် ပြောင်ပြောင်တင်းတင်း မဲဆွယ်နိုင်ငံရေးတရားများ ဟောခွင့်ရှိသည်မှာ စစ်တပ်၏ကြောထောက်နောက်ခံ အဖွဲ့ဖြစ်၍သာ ဤအခွင့်အရေးကိုရသည်ဟု မွန်နိုင်ငံရေးသမားတစ်ဦးမှ ပြောပါသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views