အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

နယ်စပ်ဖြတ်ကျော်ဂိတ်ပြန်ဖွင့်သဖြင့် အလုပ်သမားများပုံမှန်လုပ်ငန်းပြန်လည်ဝင်ရောက်နိုင်

Kaowao
နိုင်ဝင်ဘာ ၂ ၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ-၂)။ ---။ ဘုရားသုံးဆူမြို့ နယ်စပ်ဖြတ်ကျော်ဂိတ်ကို ယမန်နေ့၊ နေ့လည်ပိုင်းက ဒေသခံမြန်မာ အာဏာပိုင်များ ပြန်လည်ဖွင့်ပေးသည့်အတွက် ထိုင်းနိုင်ငံဖက်သို့ မြန်မာအလုပ်သမားများ နိုင်ငံဖြတ်ကျော်ကာ လုပ်ငန်းခွင်ပုံမှန် ပြန်လည်ဝင်ရောက်နိုင်ပြီဟု ဆက်သွယ်မေးမြန်းချက်များအရ ကြားသိရသည်။

“ မနေ့ နေ့လည်မှာ တဖက်နဲ့တဖက်ဆွေးနွေးကြပြီးတာနဲ့ ဂိတ်မှာစောင့်နေကြတဲ့ ဗမာစစ်သားတွေပြန်သွားကြတယ် နယ်စပ်ဖြတ်တဲ့ဂိတ်ကို ဖွင့်ပေးလိုက်တာပေါ့၊ ဒါပေမဲ့ မနေ့ကတနင်္ဂနွေနေ့လည်မှ ဖွင့်ပေးတော့ အလုပ်သမားတွေ ဒီဖက်ကိုသိပ်မလာကြတော့ဘူး၊ ဒီနေ့တော့ ပုံမှန်အတိုင်းဖြစ်သွားပြီ” ဟု ထိုင်းအလုပ်ရုံပိုင်ရှင်တစ်ဦးက ဆိုပါသည်။

ပုံမှန်အစည်းအဝေးများကျင်းပလေ့မရှိသော ဒေသအဆင့် နှစ်နိုင်ငံနယ်ခြားကော်မတီများ ယခုနယ်စပ်အငြင်းပွားမှု ပြဿနာများနှင့်ပတ်သက်၍ ယမန်နေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နေ့လည်စာအတူစားသောက်ခဲ့ကြသည်။ မြန်မာဖက်မှ ဘုရားသုံးဆူမြို့ ခေတ္တအခြေစိုက်ခမရ ၂၈၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမြတ်ထွန်းအေး တက်ရောက် ခဲ့သည်ဟု သိရသည်။

ယခုအငြင်းပွားမှုဆိုရာ၌ နယ်နိမိတ်အသေအချာ မသတ်မှတ်ရသေးသော နှစ်နိုင်ငံနယ်စပ်အနီးတွင် ဘုရားသုံးဆူမြို့ ဂေါက်ကွင်းကို မြန်မာတို့တိုးချဲ့လာရာ ထိုင်းတို့ကန့်ကွက်ရာမှအစ ဒေသခံမြန်မာအာဏာပိုင်တို့က နယ်စပ်ဂိတ်ကို ပိတ်ပစ်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

နယ်စပ်ရှိစစ်ရေးလေ့လာသူများက အကယ်၍ အဆိုပါနယ်ခြားကော်မတီဆွေးနွေးပွဲ၌ မြန်မာတို့က နှစ်နိုင်ငံ ဖြတ်ကျော်ဂိတ်ကို ယခုလိုပိတ်ထားမည်ဆိုလျှင် ထိုင်းတို့သည်လည်း အရံအတားများဖြင့် ပြန်လည်ပိတ်ဆို့မည်ဟု ဆုံးဖြတ်ထားပြီး ဘုရားသုံးဆူမြို့ကို ဖြန့်ဝေပေးနေသော လျှပ်စစ်မီးများကိုပါ ထိုင်းနိုင်ငံမှ ဖြတ်တောက်လာနိုင် သည်ဟု သုံးသပ်နေကြသည်။

ပြီးခဲ့သည့် စနေနေ့က နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဂိတ်ကို ဘုရားသုံးဆူမြို့ဖက်မှ ပိတ်လိုက်သည့်အတွက် ထိုင်းနိုင်ငံ ဖက်သို့ နေ့စဉ်ဝင်ထွက် အလုပ်လုပ်ကိုင် နေကြသူ မြန်မာအလုပ်သမား ၃၀၀၀ သုံးထောင်နီးပါးခန့် အလုပ်ဆင်းခွင့် မရရှိခဲ့ကြပေ။

တနည်းဆိုရသော် ဘုရားသုံးဆူ နယ်စပ်ဒေသသည် ထိုင်းတို့က အလုပ်ရုံပိုင်ရှင်၊ ကုန်စုံပိုင်ရှင်များဖြစ်ကြပြီး မြန်မာတို့က အလုပ်သမား၊ ကုန်ပစ္စည်းဝယ်ယူသုံးစွဲကြသူများသာ ဖြစ်နေကြသည်ကို တွေ့ရှိရသည်။

တဖန် ကုန်ပစ္စည်းဝယ်လိုသူ၊ မြန်မာအလုပ်သမားများနှင့် ကုန်စုံပိုင်ရှင်၊ ထိုင်းအလုပ်ရုံပိုင်ရှင်တို့သည်လည်း တစ်ဖက်နှင့်တစ်ဖက် အမှီသဟဲပြုနေကြရသည်ကို လေ့လာတွေ့ရှိခဲ့ရပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုသို့နယ်စပ်ဖြတ်ကျော်ဂိတ်ကို မြန်မာတို့ရုတ်တရက်ပိတ်ခဲ့သည့်အတွက် ဒေသခံမြန်မာ အလုပ်သမားများအပါအဝင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ကူးသန်းရောင်းဝယ်နေသူ မြန်မာကုန်သည်တို့၏ လုပ်ငန်းများ ခေတ္တရပ်တန့်ခဲ့ရသည်ကို မြင်တွေ့ခဲ့ကြပြီ ဖြစ်သည်။


ဘုရားသုံးဆူမြို့ရှိ ခမရ ၂၈၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမြတ်ထွန်းအေး

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉


မွန်တိုင်းရင်းသူ အမျိုးသမီးငယ် ၃၂ယောက်ပြည့်တန်ဆာဘဝမှထပ်မံလွတ်မြောက်ခဲ့

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦး ထပ်မံကွယ်လွန်ပြန် 

ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲအကြား ရွာသားတစ်ဦးသေဆုံး

ကယ်တင်ခြင်းခံရသည့်  AIDS ရောဂါဝေဒနာရှင် (၁၂)ဦးအနက် အမျိုးသမီး(၂)ဦးကွယ်လွန်

ကယ်တင်ခြင်းခံရသည့်အမျိုးသမီးပြည့်တန်ဆာ(၅၈)ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂)ဦးပါဝင်

မွန်ပြည်သစ်ပါတီရှေ့ဆောင်အဖွဲ့(စည်းရုံရေးဗဟိုအဖွဲ့)မှ ရှင်းလင်းပွဲကျင်းပ

မွန်ခွဲထွက်နိုင်ပန်းညွန့်၏ တပ်မိသားစုများ ခလောက်ဂနီဒုက္ခသည်စခမ်းရောက်ရှိနေ

မြန်မာစစ်တပ်ထံမှ လက်နက်အချို့လှို့ဝှက်ဝယ်ယူရရှိ

K.P.F ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အမှတ်(၃) ယာယီတပ်ရင်မှုး စောဝါးချဲ့ကို K N U မှဖမ်းဆီးမိပြီး ပြန်လည်လွတ်မြောက်သွား

ကျိုက်မရောမြို့နယ် ကြံ့ဖွံ့အဖွဲ့မှ မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်း

သံဖြူဇရပ်မြို့နယ်တွင် ဂက်(စ်)ပိုက်လိုင်း ထပ်မံဗုံးဖေါက်ခွဲခြင်းခံရ

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သောစာ

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

ခလရ(၃၁)တပ်ရင်းမှ ယင်းရဲရွာသားများအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်

အမှတ်(၃)တပ်ရင်းမှူးစေားလေးဝါးအား K.P.F တပ်ဖွဲ့မှထုတ်ပယ်

မြန်မာပြည်တွင်မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာတတိယနေရာတွင်ရှိ

ပဲထွက်နှုန်းကျဆင်း၍ ပဲစိုက်တောင်သူများ မျှော်လင့်ချက်မဲ့

(ကလလတ) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် အခန်းအနားကျင်းပ

နယ်ခြားစောင့်တပ်ကိစ္စနှင့်ပတ်သက်၍ ကရင်နီပြည်သူများ၏ပန်ကြားချက်

KPF တပ်ဖွဲ့အတွင်းအခြေအနေတင်းမာ

အမေရိကန်သံရုံးထုတ်ပြန်ကြေညာချက်၌ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းလုံးဝမဖေါ်ပြခဲ့

အလုပ်သမားသက်သေခံလက်မှတ်ကိုင်သူများသာ တရားဝင်အလုပ်သမားအခွင့်အရေးရမည်ဟုဆို

ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်

နယ်စပ်ဖြတ်ကျော်ဂိတ်ပြန်ဖွင့်သဖြင့် အလုပ်သမားများ ပုံမှန်လုပ်ငန်းပြန်လည်ဝင်ရောက်နိုင်



Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views