အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

သံဖြူဇရပ်မြို့နယ်တွင် ဂက်(စ်)ပိုက်လိုင်း ထပ်မံဗုံးဖေါက်ခွဲခြင်းခံရ

Kaowao
နိုဝင်ဘာ ၁၉၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၁၉)။    ။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သက်ကော့ကျေးရွာနှင့် ဝယ်ဝင်ကရာကျေးရွာကြား နိုဝင်ဘာလ (၁၅)ရက် ည(၁၁)နာရီ ကျော်ကျော်အချိန်တွင် ဂက်(စ်)ပိုက်လိုင်းပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုပါသည်။

အဆိုပါ ပေါက်ကွဲမှုတွင် လူသူထိခိုက်ဒဏ်ရာရသူမရှိသော်လည်း နိုင်ထင်းရူးနဲ့ ဒေါ်တင်ရှိန် တို့၏ကြက်မောက်ခြံမှာ မီးရှိန်ဒဏ်ကြောင့် (၁)ဧကကျော် ပျက်စီးဆုံးရှူံးခဲ့သည်ဟု ဆိုသည်။

ယင်းဂတ်(စ်)ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦး၏အဆိုအရ လက်ပစ်ဗုံးနှင့် ဖေါက်ခွဲခံခဲ့ရ၍ ဂက်(စ်) ပိုက် လိုင်းပေါက်ကွဲခဲ့ပြီး အနီးနားမှာရှိသည့်အိမ်မှာ မီးလောင်ကျွမ်းခြင်းမရှိဟု ဆို၏။

ဒေသခံအာဏာပိုင်များက အဆိုပါဖေါက်ခွဲမှုသည် အမည်မသိမွန်လက်နက်ကိုင်အဖွဲ့ လက်ချက်ဟု စွပ်စွဲ ပြောဆို ခဲ့ကြောင်း ဒေသခံမွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောဆိုခဲ့ပါသည်။ မွန်ပြည်သစ်ပါတီအနေနှင့် ဤလုပ်ရပ်မျိုး လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း ဆက်လက်ပြောဆိုခဲ့ပါသည်။

အဆိုပါပျက်စီးသွားသောဂက်(စ်)ပိုက်လိုင်းကို ဒေသခံအာဏာပိုင်များက ဖာထေးပြုပြင်ပြီးစီးသော်လည်း ဂက်(စ်) ဓါတ်ငွေ့များ ယိုစိမ့်ထွက်နေဆဲဟု ဒေသခံတစ်ဦးကပြောပါသည်။

၂၀၀၆ ခုနှစ်က မုဒုံမြို့နယ်တွင်ရှိသော ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြားတွင် ဂက်(စ်) ပိုက်လိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ရေးမြို့နယ်ရှိ လမိုင်းမြို့နှင့် နှစ်ကရင်ရွာ အကြားတွင်လည်း လအတန်ကြာဓာတ်ငွေ့စိမ့်ထွက်ရာမှ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views