အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

Kaowao
နိုဝင်ဘာ ၁၈၊၂၀၀၉။

 

bni-logo

 


Burma News International (BNI)

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေးကို ၂ဝဝ၉ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့မှ၁၇ ရက်နေ့ထိ ထိုင်းမြန်မာ နယ်စပ်တနေရာတွင် (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင် သတင်းဌာန များဖြစ်သည့်  ကချင်သတင်း ဌာန၊ ကရင်သတင်းဌာန၊ ကန္တာရဝတီတိုင်းမ် သတင်းဌာန၊ ကုလားတန် သတင်းဌာန၊ ကောင်းဝါသတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္စရာသတင်းဌာန၊ သျှမ်းသံတော်ဆင့်၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ သတင်းနှင့် မီဒီယာကွန်ယက်နှင့် ခွန်နထုမ် သတင်းဌာနမှ သတင်းထောက်များ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာသော သတင်းဌာန ကိုယ်စားလှယ်များက ဘီအန်အိုင် နှင့် ပတ်သက် ပြီး ဖြစ်ပေါ်တိုးတက်မူများကို အပြန်အလှန် လေ့လာဆန်း စစ်ခဲ့ကာ ဘီအန်အိုင်အတွက် ရှေ့လုပ်ငန်းစဉ် များကို ရေးဆွဲချမှတ်ခဲ့သည်။

ထိုသို့ ရေးဆွဲချမှတ်ရာတွင် နအဖ စစ်အစိုးရမှ ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့်ရွေးကောက် ပွဲနှင့် ပတ်သက်ပြီး ဘီအန်အိုင်မှ အများသဘောတူ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်နိုင်ခဲ့ သည်။ အဆိုပါ ဆုံးဖြတ်ချက်အရအကယ်၍ နအဖစစ်အစိုးရမှ ၄င်းတို့ ကျေညာထား သည့်အတိုင်း ၂ဝ၁ဝ ခုနှစ် ရွှေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဆိုပါက လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ပြုလုပ်ရန် လိုအပ်သည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက် ပွဲဖြစ်ရန်အတွက် သတင်းလွတ်လပ်ခွင့်ရရှိရန် လိုအပ်ပြီး သတင်း သမားများကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် မှာလည်း အထူးအရေးကြီးသည်။ ထိုသို့ မဟုတ်ပါက ၂ဝ၁ဝ ခုနှစ် နအဖ ပြုလုပ်ရန်စီစဉ်နေသောရွေးကောက်ပွဲမှာ တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်နိုင်မည် မဟုတ်သည့်အပြင် နိုင်ငံတကာမှလည်း အသိအမှတ်ပြုနိုင်လိမ့်မည် မဟုတ်ပေ။ သို့အတွက်ကြောင့် ကျွန်ုပ်တို့ ဘီအန်အိုင်မှ နအဖ စစ်အစိုးရအား အောက်ပါ အချက်များကို တောင်းဆို လိုက်သည်။

(၁)     မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရသော သတင်းထောက်အားလုံးကို ရွေး ကောက်ပွဲ မတိုင်မှီ ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်
(၂)     ပြည်တွင်းပြည်ပ သတင်းထောက်များအား လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် နှင့် ပုံနှိပ် ဖေါ်ပြ ခွင့်ပြုရန်
(၃)     သတင်းစာနယ်ဇင်းများအပေါ် တင်းကျပ်စွာ စာပေစီစစ်ရေးမှ ဆင်ဆာလုပ်မှုကို ရပ်ဆိုင်းရန်

၎င်းအပြင် ဘီအန်အိုင်အနေဖြင့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲ အပါအဝင် တိုင်းရင်းသား နယ်မြေအသီးသီးတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး နှင့် ပဋိပက္ခ များကို မြန်မာနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန် ထုတ်ဖေါ် တင်ပြသွားမည် ဖြစ်သည်။

 

ဆက်သွယ်ရန်

၁။ ဦးခွန်ဆိုင်း- (ဝ) ၈၁ ၅၃၁ ၂၈၃၇
၂။ နိုင်ကဆော့မွန်- (ဝ) ၈၁ ၃၆၅ ၉၁၄ဝ
၃။ နန်းဖော့ဂေ- (ဝ) ၈၇ ၂ဝ၉ ၉၇၇၂

 

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉


မွန်တိုင်းရင်းသူ အမျိုးသမီးငယ် ၃၂ယောက်ပြည့်တန်ဆာဘဝမှထပ်မံလွတ်မြောက်ခဲ့

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦး ထပ်မံကွယ်လွန်ပြန် 

ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲအကြား ရွာသားတစ်ဦးသေဆုံး

ကယ်တင်ခြင်းခံရသည့်  AIDS ရောဂါဝေဒနာရှင် (၁၂)ဦးအနက် အမျိုးသမီး(၂)ဦးကွယ်လွန်

ကယ်တင်ခြင်းခံရသည့်အမျိုးသမီးပြည့်တန်ဆာ(၅၈)ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂)ဦးပါဝင်

မွန်ပြည်သစ်ပါတီရှေ့ဆောင်အဖွဲ့(စည်းရုံရေးဗဟိုအဖွဲ့)မှ ရှင်းလင်းပွဲကျင်းပ

မွန်ခွဲထွက်နိုင်ပန်းညွန့်၏ တပ်မိသားစုများ ခလောက်ဂနီဒုက္ခသည်စခမ်းရောက်ရှိနေ

မြန်မာစစ်တပ်ထံမှ လက်နက်အချို့လှို့ဝှက်ဝယ်ယူရရှိ

K.P.F ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အမှတ်(၃) ယာယီတပ်ရင်မှုး စောဝါးချဲ့ကို K N U မှဖမ်းဆီးမိပြီး ပြန်လည်လွတ်မြောက်သွား

ကျိုက်မရောမြို့နယ် ကြံ့ဖွံ့အဖွဲ့မှ မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်း

သံဖြူဇရပ်မြို့နယ်တွင် ဂက်(စ်)ပိုက်လိုင်း ထပ်မံဗုံးဖေါက်ခွဲခြင်းခံရ

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သောစာ

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

ခလရ(၃၁)တပ်ရင်းမှ ယင်းရဲရွာသားများအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်

အမှတ်(၃)တပ်ရင်းမှူးစေားလေးဝါးအား K.P.F တပ်ဖွဲ့မှထုတ်ပယ်

မြန်မာပြည်တွင်မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာတတိယနေရာတွင်ရှိ

ပဲထွက်နှုန်းကျဆင်း၍ ပဲစိုက်တောင်သူများ မျှော်လင့်ချက်မဲ့

(ကလလတ) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် အခန်းအနားကျင်းပ

နယ်ခြားစောင့်တပ်ကိစ္စနှင့်ပတ်သက်၍ ကရင်နီပြည်သူများ၏ပန်ကြားချက်

KPF တပ်ဖွဲ့အတွင်းအခြေအနေတင်းမာ

အမေရိကန်သံရုံးထုတ်ပြန်ကြေညာချက်၌ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းလုံးဝမဖေါ်ပြခဲ့

အလုပ်သမားသက်သေခံလက်မှတ်ကိုင်သူများသာ တရားဝင်အလုပ်သမားအခွင့်အရေးရမည်ဟုဆို

ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်

နယ်စပ်ဖြတ်ကျော်ဂိတ်ပြန်ဖွင့်သဖြင့် အလုပ်သမားများ ပုံမှန်လုပ်ငန်းပြန်လည်ဝင်ရောက်နိုင်



Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views