အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

အမှတ်(၃)တပ်ရင်းမှူးစေားလေးဝါးအား K.P.F တပ်ဖွဲ့မှထုတ်ပယ်

Kaowao
နိုဝင်ဘာ ၁၆၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၁၆)။    ။ K.P.F ခေါ်ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)ဌာနချုပ်မှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အခြေစိုက်  အမှတ်(၃) တပ်ရင်းမှူး ဗိုလ်မှူးစောလေးဝါးအား တာဝန်နှင့်ညွှန်ကြားချက်များ အပေါ် လိုက်နာရန်ပျက်ကွက်မူ၊ အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် K.P.F တပ်ဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဥက္ကဌစောသမူဟဲကိုယ်တိုင် လက်မှတ် ရေးထိုး၍ အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးစောလေးဝါးကို ထုတ်ပယ်ရခြင်းအကြောင်းအသေးစိတ် တိတိကျကျ ဖေါ်ပြခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့တွင် ၄င်းနှင့်အတူ K.P.F တပ်ဖွဲ့ဝင်(၈)ယောက်ကို K N U ဘက်မှထိန်းသိမ်းထားပြီး လက်နက် ဖြုတ်သိမ်း၍ ပြန်လွှတ်လာသည့်အပေါ် K N U အဖွဲ့နှင့် နားလည်မှုယူထားသည့်သူဟု နအဖတပ်မှ သံသယရှိနေ ခဲ့သည်။ ၄င်းကိုရာထူးမှ ထုတ်ပယ်ရန် နအဖဘက်မှ K.P.F ထိပ်ပိုင်းခေါင်းဆောင်များကို ဖိအားပေးထားသည်ဟု စောလေးဝါးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

အမှတ်(၃)တပ်ရင်မှာ အင်းအား(၂၅)ယောက်ကျော်သာရှိသည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရန် မှာ အင်းအားလုံလောက်မှုမရှိသဖြင့် တပ်ရင်း(၃)ရင်းကိုပေါင်းမှသာ တပ်ရင်းတစ်ရင်းစာသာ ရှိသည်။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန်မှာ တပ်ဖွဲ့ဝင်အချို့ လက်မခံခြင်း၊ လူအင်းအားမရှိခြင်းတို့ကြောင့် ကြန့်ကြာ နေသည်ဟု K.P.F တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၉)ရက်နေ့တွင် အမှတ်(၃)တပ်ရင်းမှူးနေရာကို ဗိုလ်မှူးစောဝါးချဲ့အား အစားထိုးခန့်အပ်ရာတွင် ဗိုလ်မှူးစောလေးဝါးလက်မခံ နေရာဖယ်ရှားပေးရန်ငြင်းဆန်းခဲ့သဖြင့် ပြဿနာအကြီးအကျယ် ဖြစ်ပွါးခဲ့သည်။ ဘုရားသုံးဆူ အခြေစိုက် နအဖ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်းအေးကိုယ်တိုင် ဝင်ရောက်ဖြေရှင်းခဲ့ သော်လည်း ယ္ခုအချိန်အထိ ပြဿနာ ပြီးပြတ်မှုမရှိသေးဘဲ အချင်းချင်းရန်စောင်နေကြသည်ဟု ဒေသခံများက ပြောပါသည်။

ဦးစောသမူဟဲခေါင်းဆောင်သည့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)သည် K N U မှခွဲထွက်ပြီး ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့သောအဖွဲ့ဖြစ်သည်။ အဆိုပါ လက်နက်ချ အခန်းအနားတွင် ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအလံအပေါ် နင်းလျှောက် ခဲ့သည့်အပေါ် ကရင်လူမျိုး အများစု ကျေနပ်မှုမရှိကြဟု ဆိုသည်။

 

 

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉


မွန်တိုင်းရင်းသူ အမျိုးသမီးငယ် ၃၂ယောက်ပြည့်တန်ဆာဘဝမှထပ်မံလွတ်မြောက်ခဲ့

AIDS ရောဂါဝေဒနာခံနေရသည့် မြန်မာအမျိုးသမီးပြည့်တန်ဆာ(၂)ဦး ထပ်မံကွယ်လွန်ပြန် 

ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲအကြား ရွာသားတစ်ဦးသေဆုံး

ကယ်တင်ခြင်းခံရသည့်  AIDS ရောဂါဝေဒနာရှင် (၁၂)ဦးအနက် အမျိုးသမီး(၂)ဦးကွယ်လွန်

ကယ်တင်ခြင်းခံရသည့်အမျိုးသမီးပြည့်တန်ဆာ(၅၈)ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂)ဦးပါဝင်

မွန်ပြည်သစ်ပါတီရှေ့ဆောင်အဖွဲ့(စည်းရုံရေးဗဟိုအဖွဲ့)မှ ရှင်းလင်းပွဲကျင်းပ

မွန်ခွဲထွက်နိုင်ပန်းညွန့်၏ တပ်မိသားစုများ ခလောက်ဂနီဒုက္ခသည်စခမ်းရောက်ရှိနေ

မြန်မာစစ်တပ်ထံမှ လက်နက်အချို့လှို့ဝှက်ဝယ်ယူရရှိ

K.P.F ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အမှတ်(၃) ယာယီတပ်ရင်မှုး စောဝါးချဲ့ကို K N U မှဖမ်းဆီးမိပြီး ပြန်လည်လွတ်မြောက်သွား

ကျိုက်မရောမြို့နယ် ကြံ့ဖွံ့အဖွဲ့မှ မဲဆွယ်စည်းရုံးရေးခရီး စတင်ဆင်း

သံဖြူဇရပ်မြို့နယ်တွင် ဂက်(စ်)ပိုက်လိုင်း ထပ်မံဗုံးဖေါက်ခွဲခြင်းခံရ

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သောစာ

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

ခလရ(၃၁)တပ်ရင်းမှ ယင်းရဲရွာသားများအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်

အမှတ်(၃)တပ်ရင်းမှူးစေားလေးဝါးအား K.P.F တပ်ဖွဲ့မှထုတ်ပယ်

မြန်မာပြည်တွင်မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာတတိယနေရာတွင်ရှိ

ပဲထွက်နှုန်းကျဆင်း၍ ပဲစိုက်တောင်သူများ မျှော်လင့်ချက်မဲ့

(ကလလတ) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် အခန်းအနားကျင်းပ

နယ်ခြားစောင့်တပ်ကိစ္စနှင့်ပတ်သက်၍ ကရင်နီပြည်သူများ၏ပန်ကြားချက်

KPF တပ်ဖွဲ့အတွင်းအခြေအနေတင်းမာ

အမေရိကန်သံရုံးထုတ်ပြန်ကြေညာချက်၌ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းလုံးဝမဖေါ်ပြခဲ့

အလုပ်သမားသက်သေခံလက်မှတ်ကိုင်သူများသာ တရားဝင်အလုပ်သမားအခွင့်အရေးရမည်ဟုဆို

ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်

နယ်စပ်ဖြတ်ကျော်ဂိတ်ပြန်ဖွင့်သဖြင့် အလုပ်သမားများ ပုံမှန်လုပ်ငန်းပြန်လည်ဝင်ရောက်နိုင်



Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views