အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

မြန်မာပြည်တွင်မြေမြှုပ်မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာတတိယနေရာတွင်ရှိ

Kaowao
နိုဝင်ဘာ ၁၃၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ-၁၃)။        ။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် အာရှဒေသမြေမြှုပ်မိုင်းတားဆီးမှု စောင့်ကြည့် လေ့လာရေးအဖွဲ့၏ လေ့လာသုတေသနပြုချက်တစ်ရပ်အရ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည်လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၌ တတိယနေရာသို့ ရောက်ရှိနေကြောင်း သိရသည်။

မြေမြှုပ်မိုင်းတားဆီးမှု စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ယမန်နေ့စွဲဖြင့် သတင်းထုတ်ပြန်ပေးပို့ခဲ့သော Landmine Monitor Report 2009 အစီရင်ခံစာတွင် ကရင်၊ မွန်၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း၊ တနင်္သရီ ဒေသတို့၌ မြို့နယ်ပေါင်း ၂၃ မြို့နယ်တို့တွင် မြေမြှုပ်မိုင်း အန္တရာယ်များဖြစ်ပွားနေသည်ကို မြေပုံနှင့်တကွ ဖေါ်ပြ ထားသည်။

အဆိုပါမိုင်းများကို မြန်မာအစိုးရတပ်ဖွဲ့များနည်းတူ ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့တို့ကလည်း အသုံးပြုနေကြသည်ဟု ရေးသားထားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး၊ မြန်မာနိုင်ငံသား အများစုအခမဲ့ လာရောက်ကုသခံနေကြသော မယ်တော်ဆေးခန်းရှိ ခြေတုတပ်ဆင်ရေးဌာန၌ ၂၀၀၈ ခုနှစ်တွင် ခြေတုတပ်ဆင်ပေးရသူ ၂၂၀ ခန့်ရှိပြီး ၂၀၀၉ ခုနှစ်တွင်တစ်လလျှင် ပျမ်းမျှ ၂၀ ဦးခန့်ရှိသည်ကို သိရှိရသည်။

ယင်းခြေတုတပ်ဆင်ဌာနသို့ သာမန်ရွာသူရွာသားများ၊ KNU, DKBA ကရင်လက်နက်ကိုင်အဖွဲ့မှ မိုင်းဒဏ်ခံခဲ့ကြရသူများနှင့် နအဖစစ်တပ်မှ မိုင်းဒဏ်သင့်ခဲ့ရသော ရဲဘော်ဟောင်းများကိုလည်း အခမဲ့ခြေတုတပ်ဆင်ပေးမှုများ ပြုလုပ် ပေးနေသည်ကို တွေ့ရှိခဲ့သည်။

လွန်ခဲ့သော သတင်းထုတ်ပြန်ချက်များအရ ၁၉၉၈ မှ ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ၂၃၂၅ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၁၇၅ ယောက်သေဆုံးကာ ၂၀၀၂ ယောက် ဒဏ်ရာရှိခဲ့သည်ဟု ICBL ခေါ် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းကင်းစင်ရေးလှုပ်ရှားမှုအဖွဲ့ စာရင်းများအရ သိရသည်။

မြေမြှုပ်မိုင်းရှိနေသည့်ဒေသများ

 

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views