အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ပဲထွက်နှုန်းကျဆင်း၍ ပဲစိုက်တောင်သူများ မျှော်လင့်ချက်မဲ့

Kaowao
နိုဝင်ဘာ ၁၃၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၁၃)။    ။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ပဲစိုက်တောင်သူများမှာ ၂ နှစ်ဆက်တိုက် ပဲဈေးနှုန်းကျဆင်းမှုကြောင့်အရှုံးပေါ်နေကြပြီး ယခုနှစ်တွင်လည်း ပဲဈေးနှုန်းအနည်းငယ် ဦးမော့လာသော်လည်း ပဲထွက်နှုန်းကျဆင်းနေသဖြင့်စိုက်ပျိုးစရိတ်ဆုံးရှုံးနေသည်ဟု ပဲစိုက်တောင်သူတစ်ဦးမှ ပြောပါသည်။

အထူးသဖြင့် အောက်မြန်မာပြည် ပဲစိုက်ရာဒေသဖြစ်သော စစ်တောင်းမြစ်ဒေသ၊ သံလွင်မြစ်ဒေသနှင့် ဂျိုင်းမြစ်ဒေ သရှိတောင်သူများမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများခြင်း၊ ပြည်ပဝယ်လိုအားကျဆင်းမှုကြောင့် ပဲစိုက်တောင် သူများအနေနှင့် များစွာထိခိုက် နစ်နာခဲ့ကြောင်းသိရသည်။

မော်လမြိုင်မြို့နယ် ဖဲကတာကျေးရွာနေ တောင်သူတဦး၏အဆိုအရ ယခုနှစ်တွင် တန်ဆောင်မုန်းလအထိ မိုးရွာ သွန်းနေသဖြင့် ပဲစိုက်ခင်းအများအပြား ပျက်စီးခဲ့ကြောင်း လွန်ခဲ့သောနှစ်များတွင်လည်း ပဲဈေးနှုန်းကျနေသော ကြောင့် စိုက်ပျိုးရေးစရိတ်အနေနှင့် ချေးယူထားရသောငွေများ ပြန်မဆပ်နိုင်သဖြင့် အတိုးများနှင့် ပိနေကြောင်း ပြောဆိုခဲ့ပါသည်။ အခြားသောဂျိုင်းမြစ်ဘေးတွင်ရှိသော ကျိုက်မရော၊ ကော့ကရိတ်၊ ဘားအံမြို့ နယ်ရှိ ပဲစိုက် တောင်သူများလည်း ဤနည်းနှင်နှင်ခံနေကြရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

ပဲဈေးကွက်နှင့်ပတ်သက်၍ မြန်မာကုန်သွယ်ရေး အရာရှိတစ်ဦး၏ အဆိုအရ ယခုနှစ်လည်ပိုင်းတွင် အိန္ဒိယမှ ပြန်ပြီးအဝယ်လိုက်လာသော်လည်း မနှစ်ကပဲထွက်နှုန်းကျဆင်းပြီး အထွက်နည်းခဲ့သည့်အတွက် ကုန်စည်ဒိုင်တွင် ခေါ်ဈေးသာရှိပြီး ရောင်းမည့်သူမရှိဟု ဆိုပါသည်။

ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာမှ ပဲစိုက်တောင်သူတစ်ဦးကမူ ၄င်းတို့စပါးရိတ်သိမ်းပြီးလယ်ကွက်ကို ထွန်ရေးတခါ လိုက်ပြီးလျှင် မတ်ပဲစိုက်ပျိုးကြသည်၊ ယခုနှစ်နောက်ကျစိုက်ရသည့်အတွက် အပင်ကြီးထွားနှုန်း အားနည်းနေ သဖြင့် အထွက်နှုန်းလည်း ကျမည်ဖြစ်ကြောင်းနှင့် ယခုအခါမတ်ပဲဈေးတစ်တင်းလျှင် (၁၂၀၀၀)ကျပ် ဈေးပေါက်နေ သော်လည်း ပဲအထွက်နှုန်းကျသည့်အတွက် မျှော်လင့်ချက်မဲ့နေကြောင်း ပြောဆိုခဲ့ပါသည်။

နိုဝင်ဘာလ ဒုတိယအပတ်အထိ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပေါက်ဈေးစာရင်းမှာ မတ်ပဲ raw ပိသာ ၆၀ လျှင် ကျပ်(၁၀၅၀၀၀)မှ ကျပ်(၁၀၇၀၀၀)ရှိပြီး RC တစ်တန်လျှင် ကျပ်(၁၀,၉၀၀၀၀)မှ ကျပ်(၁၁,၀၀၀၀၀)ကြား SQ တစ်တန်လျှင် ကျပ်(၁၂,၀၀၀၀၀)မှ (၁၂,၀၅၀၀၀)ကြားရှိကြောင်း သိရပါသည်။

 

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း နိုဝင်ဘာ၂၀၀၉

ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ပိတ်လိုက်သဖြင့် အလုပ်သမားများအလုပ်ခွင်မဆင်းကြရ

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views