အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ

Kaowao
မေ ၁၃၊ ၂၀၀၉။

ဆရာဟူသည်မှာ အန္တဂိုဏ်းဝင်ဖြစ်ကြောင်း ဗုဒ္ဓြွဘာသာဝင်တိုင်း ယုံကြည်သက်ဝင်ကြပါသည်၊၊ ဆရာ၏ပဲ့ပြင် ဆုံးမမှု၊ မေတ္တာစေတနာ ရှေ့ထားမှုနှင့် အတတ်ပညာများသင်ကြားပေးမှုကို ရည်ရွယ်ပြီး အထိတ်အမြတ်ထားခဲ့ ခြင်းဖြစ်ပါသည်၊၊ သို့သော်----

ပဲခူးမြို့နယ် ဘုရားကြီးကျေးရွာ အရှေ့ဖက်၌ရှိသည့် ပေါက်တောအေးကျေးရွာတွင် မူလတန်းကျောင်း တကျောင်း ရှိပါသည်၊၊ ဤမူလတန်းကျောင်း၌ ကျောင်းသူကျောင်းသားရာနှင့်ချီရှိပါသည်၊၊ စာသင်နေသည့် ဆရာ ဆရာမများ သည် စာမရသည့် ကလေးများကို လက်ကိုင်သစ်သီးလှီးဒါးနှင့် ခေါင်းကိုခေါက်ခြင်း၊ကြောင့် သွေး ထွက်ခြင်း၊ နေပူလှန်းခြင်းဖြင့် အပစ်ပေးခဲ့ကြပါသည်၊၊ ဤသို့ကြောင့် ကလေးများကျောင်း မတက်ရဲသဖြင့် ကျောင်းတွင် ကျောင်းသားဦးရေ လျော့နည်းလာခဲ့ပါသည်၊၊

ဤကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်၌က ကျောင်းပျက်ကွက်ရက်က များသဖြင့် ဆရာ၊ ဆရာမများ၏ ပြုမူမှုကို သေချာစွာမသိရှိခဲ့ပေ၊၊ ဆရာ၊ဆရာမများကိုလည်း ဂရုမစိုက်ဘဲ ဖြစ်သလိုထားခဲ့ပါသည်၊၊ ဤအခြေအနေ များကြောင့် အခွင့်အရေးတရပ်အနေဖြင့် ဆရာ၊ ဆရာမများသည်။

ကျောင်းဝင်ကြေး(၈ဝဝ)ကျပ်မှ (၁၂ဝဝ)ကျပ်ထိတိုးကောက်ခြင်း၊ အားကစားကြေးကို နှစ်ခါကောက်ခံခြင်း၊ အားကစားကြေးကိုမပေးနိုင်ရင် ကျောင်းမတက်ရအမိန့်ထုတ်ခြင်း ဖြစ်လာခဲ့ပါသည်၊၊ ဤလုပ်ရပ်များကြောင့် ဓါးနှင့်အခေါက်ခံခဲ့ရသည့် ကလေးများ၏မိဘများ၊ အားကစားကြေးနှစ်ခါ အပေးခံရသည့် ကလေးများ၏မိဘများ၊ နေပူအလှန်းခံရသည့် ကလေးများမိဘများမှ မကြေနပ်သဖြင့် ပဲခူးတိုင်းပညာရေးမှုးရုံးကို  တိုင်ကြားကြပါသည်၊ ၄င်းပြင်ကျောင်းကော် မီတီဝင်မိဘများမှလည်း တိုင်ကြားခဲ့ကြပါသည်၊၊ သို့သော် ပဲခူးတိုင်းပညာရေးမှုး ရုံးမှ ပေါက်တောကျောင်းကို လာစစ်သည့်စစ်ဆေးရေးမှုးများသည် ကျောင်းအုပ်ဆရာမကြီးနှင့် အရင်တွေ့ဆုံပြီး၊ တိုင်ကြားသူများကို မမှန်မကန် တိုင်ကြားမှုဖြင့် ပြန်လည်အရေးယူရန် ပြင်ဆင်နေပါပြီးဖြစ်ပါသည်၊၊

ဤနေရာဤဒေသ၌လည်း ဤမူလတန်းကျောင်း တကျောင်းသာ ရှိနေသဖြင့် ကလေးမိဘများအနေဖြင့်မည် သို့ဆောင်ရွက်ရမှန်းမသိ ဖြစ်နေကြပြီး စိတ်ညစ်နေကြရပြီး၊ ဤကိစ္စကိုတိုင်းပညာရေးမှုးမှလည်း အဖြေ မှန်ကိုဖေါ်ထုတ် မပေးသည့်အတွက် ပညာရေးဝန်ကြီးဌာနမှ စီစစ်ပေးပါရန် ကလေးမိဘများမှ တောင်းဆိုနေကြ ပါသည်၊၊



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views