အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

          ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

Kaowao
မေ ၆၊ ၂၀၀၉။

ရန်ကုန်(မေ-၆)။    ။ ပဲခူးမြို့တွင်ရှိသည့် ရန်ကုန်-ပဲခူး-မန္တလေး ကားလမ်းမကြီးပေါ်ရှိ မဟာမြိုင်လမ်းဘေးတွင် ဖိုးရွှေလ အထည်ချုပ်စက်ရုံတရုံရှိပြီး ပိုင်ရှင်မှာ ဒေါ်နွယ်နီအုတ်ဖြစ်ပါသည်၊၊ ဤစက်ရုံသည် စီးပွားရေး အခြေအနေမကောင်း သဖြင့် အလုပ်သမားများကို မကြာခဏ အလုပ်ဖြုတ်ခဲ့ပါသည်၊၊ ယမန်နေ့ မေလ(၅) ရက်နေ့ကလည်း အလုပ်သမား (၁ဝ) ဦးကို ထပ်မံအလုပ်ဖြုတ်ခဲ့သည်ဟု အဖြုတ်ခံရသည့် အလုပ်သမများကဆိုပါသည်၊၊

- အလုပ်ဖြုတ်ခံရသည့် အလုပ်သမများမှာ

(၁) မခင်ငြိမ်းချမ်း၊
(၂) မအေးအေးမြင့်၊
(၃) မဝါဝါလှိုင်၊
(၄) မမြသန္တာအေး၊
(၅) မဖြူဇာဝင်း၊
(၆) မစုစုငယ်၊
(၇) မမြင့်မြင့်နွယ်၊
(၈) မထွေးထွေး၊
(၉) မဝင်းမာလွင်၊
(၁ဝ) မတင်တင်စိုးတို့ ဖြစ်ကြပြီး အားလုံးသည် ပဲခူးမြို့နယ်က ဖြစ်ကြပါသည်၊၊

 အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများတိုင်းသည် လစာများဖြတ်တောက်ခြင်း နစ်နာကြေးများ မပေးခြင်း ခံရတတ် ကြောင်း ကြားနေကြ ဖြစ်ပါသည်။ ယခုလည်း အလုပ်ဖြုတ်ခံရသည့် အလုပ်သမ(၁ဝ)ဦးကို ၄င်းတို့၏ပုံမှန်လစာဖြစ်သည့် (၁) သောင်း (၈) ထောင်ကျပ်စီနှင့် နောက်ထပ်နှစ်လစာသာပေးမည်ဟု ဒေါ်နွယ်နီအုတ်ကပြောပြီး ၄င်းတို့ကို လက်မှတ် ထိုးခိုင်းပါသည်၊၊ ဤကဲ့သို့ လစာအပြည့် ပေးသော်လည်း၊ ဆေးဖိုးနှင့် အချိန်ပိုကြေးကို ဖြတ်တောက်ထားခဲ့သည့် အတွက် အလုပ်သမများက လက်မှတ်မထိုးဘဲ ပဲခူးမြို့ အလုပ်သမားရှာဖွေရေးရုံးကို သွားရောက်ဖြေရှင်းခဲ့ကြပါသည်၊၊

 ပဲခူးမြို့အလုပ်သမားရှာဖွေရေးရုံး၊ တာဝန်ခံမှာ ဗိုလ်မှုးသိန်းနိုင်ဖြစ်ပါသည်၊၊ ၄င်းကဖြေရှင်းရာတွင်၊ ဤအမှုမျိုးကို ဖြေရှင်းသည့်ဥပဒေမရှိကြောင်း၊ တဦးစီကို နှစ်လစာပေးသင့်သော်လည်း ယခုအလုပ်ရှင်ပေးသည့် အချိုးသည် နဲသည်ဟု ပြောပါသည်၊၊ ထို့ကြောင့် ၄င်းအနေနဲ့ ညှိနှိုင်းပေးရမည်ဆိုရင် တဦးစီကို ကျပ်(၅) သောင်းရသင့်ကြောင်း ဆုံးဖြတ်ပေးခဲ့ပါသည်၊၊

ဤကိစ္စကို လက်ခံမည်ဆိုပါက မေလ(၆)ရက်နေ့ ညနေ (၁၅)နာရီအချိန် ဖိုးရွှေလ အထည်ချုပ်စက်ရုံတွင် ငွေထုတ်ရန် သဘောတူခဲ့ကြပါသည်၊၊ သို့သော် ဤကိစ္စကို ပဲခူးမြို့မှ အလုပ်သမားရှာဖွေရေး တာဝန်ခံကို မကိုင်တွယ်ခိုင်းတော့ဘဲ ရန်ကုန်အလုပ်သမားရုံးချုပ်က ဒုတိယညွှန်ကြားရေးမှူးချုပ် ရောက်လာပြီး မေလ ၆ ရက်နေ့ညနေမှာ ဖြေရှင်းပေး ခဲ့ပါသည်။

အလုပ်သမများ၏ ဆုံးရှုံးသွားသည့် နစ်နာကြေးများကို ပြန်ပေးရသည့်အပြင် သုံးလတိတိ လစာကိုလည်း ပြန်လည် ရရှိခဲ့ကြောင်း အလုပ်အဖြုတ်ခံရသည့် အလုပ်သမများက ပြောပါသည်။ ပဲခူးမြို့တွင် စက်ရုံအလုပ်ရုံ အလုပ်သမားပေါင်း သောင်းနှင့်ချီပြီးရှိပါသည်၊၊ အထူးသဖြင့် စက်ရုံ၏စီးပွားရေး အခြေအနေ ကျဆင်းမှုကြောင့် အလုပ်သမားများ မကြာ ခဏအလုပ်ဖြုတ်ခံခဲ့ရပါသည်၊၊ အလုပ်ဖြုတ်ခံရတိုင်း တွင်လည်း ယခုလို လစာဖြတ်တောက်မှုမျိုး ဖြစ်နေကြဖြစ်ကြောင်း ဒေသခံ အလုပ်သမားများက ဆိုကြပါသည်၊၊



 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views