အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

          ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲ

Kaowao
မေ ၉၊ ၂၀၀၉။
Listen Live Listen to news

သံဖြူဇရပ်(မေလ-၉)။    ။ စောသမူဟဲ ဦးဆောင်သော ကရင်လက်နက်ချအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့KPF ဟောင်သရောအဖွဲ့ကို BGF (Border Guard Force) မြန်မာနယ်ခြားစောင့်တပ်အဖြင့် ပြောင်းလဲဖွဲ့စည်း ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားထားပြီ ဖြစ်ကြောင်း အမည်မဖော်လိုသော KPF အရာရှိတစ်ဦး ပြောပြချက်အရ သိရသည်။

လွန်ခဲ့သည့် မတ်လ(၃၀) ရက်နေ့တွင် နေပြည်တော်မှ ထိပ်တန်းမြန်မာအရာရှိအချို့အပါအဝင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း တို့နှင့် KPF ခေါင်းဆောင် စောသမူဟဲ(ဥက္ကဌ)၊ စောဒေါဒေါ(ဒု-ဥက္ကဌ)၊ မန်းအောင်တင်မြင့်(အတွင်းရေးမှူး)၊ စောဝါးချဲ့(ဗဟိုကော်မတီဝင်) တပ်ရင်းမှူးများ ဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး စောသြဘာ၊ ဒုတိယဗိုလ်မှူးကြီးစောအယ်ဆေး၊ ဒုတိယဗိုလ်မှူးကြီးစောလေးဝါး၊ တို့အား ရတခတွင် ခေါ်ယူတွေ့ဆုံ စဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGF သို့ ပြောင်း လဲရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ BGF တပ်ဖွဲ့တွင် အမှတ်(၁)တပ်ရင်းကို တပ်ရင်းမှူး စောအယ်ဆေး ကြာအင်းဆိပ်ကြီးမြို့သစ်ဒေသ၊ အမှတ်(၂)တပ်ရင်းကို တပ်ရင်းမှူး စောသြဘာ ကျိုက်ဒုံဒေသ၊ အမှတ်(၃) တပ်ရင်းကို စောလေးဝါး ဘုရားသုံးဆူ ဒေသတို့တွင် အခြေပြုကြသည်ဟု ဆိုပါသည်။

တပ်ရင်းတစ်ရင်းအတွက် နအဖမှသတ်မှတ်ပေးသော အရေအတွက်မှာ (၃၂၆) ဦးဖြစ်ပြီး တပ်ခွဲ(၄) ခွဲဖြစ်သည်။ တပ်ရင်း(၃) ရင်းဖြစ်သည့်အတွက် BGF နယ်ခြားစောင့်တပ်၏ အင်အားမှာ တစ်ထောင်နီးပါးခန့်ရှိမည်ဟု ခန့်မှန်း ရပါသည်။

BGF တပ်ဖွဲ့ဝင်တို့၏ လစာနှင့် ရိက္ခာစစ်လက်နက်ပစ္စည်းတို့ကို နအဖမှ တာဝန်ယူမည်ဖြစ်သည်။ အနိမ့်ဆုံး တပ်သားတစ်ဦး၏ လစာ သုံးသောင်း (၃၀၀၀၀) ကျပ်ဖြစ်ပြီး ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးလစာမှာ ကျပ်တစ်သိန်းနှစ်သောင်း (၁၂၀၀၀၀ိ) နအဖမှ ထုတ်ပေးမည်ဟု ဆိုပါသည်။

နအဖမှု BGF တပ်ဖွဲ့အတွက် ထောက်ပံ့ဖြည့်ဆည်းပေးသည်မှာ M-16 သေနတ် (၁၀၀) လက်၊ AK-47 သေနတ် (၁၁၀)၊ ကားငယ် (၅) စီး၊ မော်တော်ဆိုင်ကယ် (၂) စီး၊ စက်ဘီး (၅) စီး ရှိသည်ဟု အဆိုပါ BGF အရာရှိက ထပ်မံ ပြောကြားခဲ့သည်။

အဆိုပါအရာရှိက “လက်နက်ချတပ်ဖွဲ့ဖြစ်နေတော့ တပ်ဖွဲ့နာမည်ကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် မရှိပါဘူး၊ ထိပ်ပိုင်းတွေကတော့ သဘောတူကြရတာပါဘဲ၊ ဒါပေမဲ့ အောက်ခြေ ကရင်တပ်သားတွေအဖို့ ကရင်လူမျိုးကို ကိုယ်စားပြုတဲ့ K တစ်လုံး ပျောက်သွားတာကိုတော့ သိပ်မကျေနပ်ကြပါဘူး” ဟု ဆိုသည်။

KPFဟောင်သရောအဖွဲ့သည် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် KNU တပ်မဟာ (၆) တပ်ရင်း (၁၆) မှ စောသမူဟဲ မြန်မာစစ်အုပ်စုတွင် လက်နက်ချခဲ့ပြီး ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။

နအဖစစ်ဘက် အရာရှိများနှင့် ငြိမ်းအဖွဲ့ခေါင်းဆောင်တချို့ ဧပြီ (၂၈) တွင် သီးခြားစီ တွေ့ဆုံခဲ့ရာတွင် နအဖ ထိပ်တန်းအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် သက်ဆိုင်ရာတိုင်းမှူးများက တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ပြောကြားခဲ့ပြီးဖြစ်သည်။

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views