အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကို အတင်းညွှန်ကြား

Kaowao
မေ ၁၃၊ ၂၀၀၉။

ဘုရားသုံးဆူ(မေ-၁၃)။     ။မြန်မာနယ်စပ်မြို့ ဘုရားသုံးဆူမြို့တွင် မယကဥက္ကဌ ဦးမျိုးကြည် မြို့ခံသစ်လုပ်ငန်း ပိုင်ရှင်များအား ယနေ့တွင် ညွှန်ကြားလိုက်ကြောင်း သစ်လုပ်ငန်းပိုင်ရှင်တစ်ဦးက ကောင်းဝါသတင်းသို့ ပြောကြား ခဲ့သည်။

“တပ်ရင်းမှူး၊ မယက ဌာနဆိုင်ရာတွေနဲ့ ကျနော်တို့သစ်လုပ်ငန်းရှင်တွေကို ဒီနေ့မနက် ခေါ်တွေ့တဲ့အစည်းအဝေးမှာ မယကဥက္ကဌက ကျနော်တို့ကို သစ်လုပ်ငန်းရှင်တွေ ကိုယ်စားရိတ်နဲ့ ကိုယ်စိုက်ထုတ်ပြီး ဒီလမ်းကိုလုပ်ကြရမယ်လို့ ပြောလိုက်တာပါပဲ” ဟု အမည်မဖော်လိုတဲ့ သစ်လုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။

လမ်းဖြစ်မြောက်ရေးကော်မတီကို မယကဥက္ကဌက သစ်လုပ်ငန်းရှင်များ ၂၅ ဦးခန့်မှ ဥက္ကဌအဖြစ် ဦးဖိုးထူး၊
အတွင်းရေးမှူး ဦးမောင်ဇော်တို့ကို ရွေးချယ်တာဝန်ပေးခဲ့သည်။

အဆိုပါလမ်းမှာ ဘုရားသုံးဆူမြို့ (၄) ရက်ကွက်ရှိ ဆေးရုံရှေ့သွားသည့်လမ်းဟု သိရပြီး အရှည် (၂) ဖာလုံခန့် ရှိသည်ဟု ဆိုပါသည်။

ယမန်နေ့တွင်လည်း မြို့ပေါ်ရှိ မော်တော်ယာဉ် ပိုင်ရှင်အားလုံးကို အာဏာပိုင်များက ခေါ်ယူတွေ့ဆုံခဲ့ပြီးဘုရားသုံးဆူ မြို့ထွက် ဂိတ်ပေါင်းစုံမှ ရွာသစ်အထိ လက်ရှိမြေနီလမ်းကို မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ကြရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။ကုန်ကျစရတ်တို့ကို အာဏာပိုင်များ လုံးဝ တာဝန်မယူပါ။

ဘုရားသုံးဆူမြို့သည် နယ်စပ်ကုန်သွယ်မှု၌ လောလောဆယ်တွင် လုပ်ငန်းများ မတွင်ကျယ်တော့ပေ။ အပစ်ရပ်၊ လက်နက်ချအဖွဲ့ အများအပြားရှိနေသဖြင့် အခွန်အမျိုးမျိုးကို ပေးနေကြရသည်။

အပစ်ရပ်မွန်ပြည်သစ်ပါတီ NMSP၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာအစည်းအရုံးDKBA၊ ကရင်ငြိမ်းချမ်းရေး KPF ခေါ် BGF စောလေးဝါး ဟောင်သရောအဖွဲ့၊ ကရင်ခွဲထွက် ဗိုလ်ချုပ်ထိန်မောင်၏ KNLA/PC အဖွဲ့နှင့် လုံးဝအပစ်မရပ် သေးရသည့် KNUတပ်မဟာ (၆) ဒေသလည်းဖြစ်သည်။

ဘုရားသုံးဆူမြို့တွင် မြန်မာစစ်အစိုးရတပ် ခလရ (၃၂) တပ်ရင်း စခန်းချလျှက်ရှိသည်။
                                                      

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views