အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
သတင်း

လယ်တဲပြင်ခ အတင်းကောက်ခံ

Kaowao
မေ ၆၊ ၂၀၀၉။

ရန်ကုန်(မေ-၆)။......။ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင်ရှိသည့် တံတားမြို့က မြေစရင်းဦးစီးဌါန ဦးစီးမှူး ဦးတင်မောင်ဝင်း သည်၊ ၄င်းနှင့်သက်ဆိုင်သည့် လယ်မြေအားလုံးကို ဤမေလဆန်းကနေစပြီး လယ်သမားများဆီက လယ်တဲပြင်ခ အဖြစ် ကျပ်နှစ်သောင်းမှ (၅) သောင်းအထိ တောင်းခံနေပါသည်၊၊ တဲအသစ်ဆောက်သူကို ကျပ်(၃) သောင်း ကောက် ခံခဲ့ပြီး၊ ၄င်းနှင့် အဆင်ပြေသည့် လယ်သမားများကိုမူ ကျပ်နှစ်သောင်းသာလျော့ကောက်ခဲ့ပါသည်၊၊ မပေးနိုင်သူများ ကိုမူ အရေးယူမည်ဟု ပြောဆိုပါသည်၊၊ ယခုအချိန်သည်၊ မိုးစပါးစိုက်ပျိုးရန် လယ်သမားများအတွက် မဖြစ်မနေ လယ်တဲ ပြင်ဆောက်ရမည့်အချိန်ဖြစ်ပါသည်၊၊

လယ်ထဲကအုတ်ဖုတ်သူများကိုမူ တနေရာကိုကျပ်(၅)သောင်းအထိ ကောက်ခံခဲ့ပါသည်၊၊ ဦးတင်မောင်ဝင်း၏အကြောင်း ပြချက်မှာ အုတ်ဖုတ်ခွင့်မရှိသည့် နေရာတွင် အုတ်ဖုတ်သည့်အတွက် ကောက်ခံရခြင်းဖြစ်ကြောင်း၊ ဤကိစ္စ အစိုးရက တရားဝင် ကောက်ခံခိုင်းခြင်းလည်း ဖြစ်ကြောင်းပြောပါသည်၊၊ လယ်သမားများမှာမူ ဤအစီစဉ်သည် ယခုနှစ်မှာမှ စတင်ကောက်ခံသည့်အတွက် အစိုးရအစီစဉ်မဖြစ်နိုင်ကြောင်း အကယ်၍အစိုးရ အစီစဉ်ဖြစ်ပါက တခြားမြို့နယ်တွင် လည်းကောက်ခံရပါမည်၊၊ ယခုတော့ ထိုကဲ့သို့ မဟုတ်သည့်အတွက် အစိုးရအစီစဉ်မဟုတ်နိုင်ကြောင်း ပြောကြပါသည်၊၊

- လယ်သမားများအတွက် တဲသစ်ဆောက်သည်ဖြစ်စေ၊ တဲဟောင်းပြင်သည်ဖြစ်စေ၊ တဲတလုံး ကိုကျပ်(၃) သောင်း ကောက်ခံပြီး သွပ်မိုးဖြစ်ပါကကျပ်(၅)သောင်း အထိကောက်ခံခဲ့ပါသည်၊၊ အကယ်၍ သက်ဆိုင်ရာကို အကြောင်းမကြား ဘဲ တဲပြင်တဲဆောက်ခဲ့မည်ဆိုပါက ဖမ်းဆီးအရေးယူခြင်းခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါသည်၊၊

- လယ်သမားများသည်၊ ဤကိစ္စအတွက် တံတားမြို့အာဏာပိုင်များကို တိုင်ကြားသော်လည်း အပစ်ပေး အရေးယူခြင်း မရှိသည့်အပြင် အထက်အဆင့်ဖြစ်သည့် ကျောက်တန်းမြို့နယ် မယကကို ထပ်မံတိုင်ကြား ပြန်သော်လည်း ထူးခြားမှု မရှိပါ၊၊ ထို့ကြောင့် တံတားမြို့ လယ်သမားများအနေနှင့် တိုင်ရာမဲ့အခြေအနေကို ရောက်ရှိနေကြောင်းဒေသခံလယ်သမားတွေက ပြောခဲ့ကြပါသည်၊၊

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views