အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း

Kaowao
မေ ၂၉၊ ၂၀၀၉။

ရေး(မေ-၂၈)။      ။ မွန်ပြည်နယ်၊ ရေးမြို့နယ် မယကလမ်းညွှန်မှုအရရေး-ခေါဇာမြို့နယ်ခွဲသို့သွားရာ ကားလမ်းမ တလျှောက် ကျရောက်နေသော ဟံဂံကျေးရွာရှိ အိမ်ရှေ့များမှာ ကွန်ကရိရေနှုတ်မြောင်းများ ပြုလုပ်စေပြီး ဆက်စပ် သည့် ၂၅ ပေအကျယ် ရပ်ကွက်အဝင်လမ်းများတွင်ကွန်ကရိ တံတားများကို လွန်ခဲ့သည့် တန်ခူးလ ကုန်ခန့်၌ တည်ဆောက်ခိုင်းခဲ့ရာ ယနေ့အထိအနည်းအကျဉ်းသာ ပြုလုပ်နိုင်သေးကြောင်း အဆိုပါ ရွာသား နိုင်အောင်ကြည် က ပြောပြသည်။

“ရယကတွေကတစ်အိမ်တစ်ယောက်ခေါ်အစည်းအဝေးလုပ်ပြီးလမ်းဘေးတလျှောက်ကိုယ့်အိမ်ရှေ့ကိုယ်တာဝန်ယူ ရေမြောင်းတူးရမယ်၊အုတ်စီပြီးကွန်ကရိမြောင်းလုပ်ပေးရမယ်၊ရေမြောင်းအဖုံးတွေကိုတော့သစ်သားဖြစ်ဖြစ် ကွန်ကရိပြားဖြစ်ဖြစ်အဖုံးနဲ့ပိတ်ထားရမယ်မတတ်နိုင်တဲ့အိမ်တွေဆိုယင်လမ်းမကြီးမှာမနေနဲ့တစ်ခြားနေရာကို ပြောင်းလို့ပြောထားတာပဲ”ဟုနိုင်အောင်ကြည်ကဆက်လက်ပြောပြပါသည်။

ရေမြောင်းများ ပြုလုပ်မပြီးစီးသေးသည့် အိမ်ပိုင်ရှင်များကိုလည်း ရယကဥက္ကဌ ဦးခင်မောင်သောင်း(ခေါ်)ဖိုးသာထူး က ခေါ်ယူသတိပေးမှုများ ပြုလုပ်နေ၏။ ရေမြောင်းပြုလုပ်ပေးရမည့် လမ်းမကြီးဝဲယာရှိအိမ်ခြေ ၁၀၀ ခန့်တွင်လူ အတော်များများ သတိပေးခြင်းခံခဲ့ကြရသည်။နိုင်အောင်ကြည်လည်း ငွေကြေးအဆင်မပြေသဖြင့်တစ်ဝက်တစ်ပျက် သာပြုလုပ်နိုင်၍ ထိုကဲ့သို့ သတိပေးခံခဲ့ရသည်။ နောက်တစ်ကြိမ်တွင်မယကထံ သွားရောက် ဖြေရှင်းခိုင်းမည်ဟု ဆိုသည်။

၃ ပေအကျယ်၊ ၄ ပေအနက် အုတ်ကွန်ကရိ ရေမြောင်းပြုလုပ်ရန်အတွက် အိမ်တစ်အိမ်လျှင် ပျမ်းမျှငွေတစ်သိန်းခွဲ ကျပ်ခန့် ကုန်ကျပါသည်။ ထို့အပြင် မိမိရပ်ကွက်ရှိ ၂၅ ပေအကျယ် တံတားငယ်များအတွက်လည်းအချိုးကျငွေထည့် ဝင်ကြရသည်။ ဝင်ငွေအတန်းအစားအလိုက် မိသားစုတစ်စု၌အနိမ့်ဆုံး ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိထည့်ဝင်ကြ ရသည်ဟုဆိုသည်။

စစ်တပ်မှလာရောက် ရောင်းချသောအရည်အသွေးညံ့ အုတ်(အုတ်မကျက်၊ မြေမကောင်း)များမှာတစ်လုံးလျှင် ၃၅ ကျပ်ဈေးပေါက်နေပြီး အပြင်အုတ်များမှာ ၄၅ ကျပ်ဈေးပေါက်နေ၏၊ အများအားဖြင့်ဒေသတစ်ခုလုံးတွင် စစ်တပ် အမည်ခံ အုတ်ဖိုများသာ ဖြစ်နေသည်။ ရေးမြို့နယ် မယကသည်အုတ်ဖိုပါမစ်များကို စစ်တပ်နာမည်ဖြင့် ဦးစားထား ကာချပေးခဲ့ပါသည်။

မကြာမီရက်များအတွင်းက အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် အဆိုပါရွာလမ်းမကြီး၌ ရေများအိုင်များဖြစ်ထွန်းကာ လမ်းမတခုလုံး ရွံ့ဗွက်ထနေသည်။ ထို့လမ်းကို ကျောက်ကြမ်းများထပ်မံခင်းပေးရန်ညွှန်ကြားချက်ပေးလာသဖြင့် ရွာသားများထံ ငွေထပ်မံကောက်ခံရပြီး ကျောက်ကြမ်းများ ဝယ်ယူ ခဲ့ရပါသည်။

အဆိုပါ ဟံဂံကျေးရွာသည် ရေးမြို့မှ ခလရ ၃၁ တပ်ရင်ရုံးစိုက်ရာ ခေါဇာမြို့နယ်ခွဲသို့သွားရန်တစ်ခုတည်းသော မော်တောကားလမ်းမပေါ်တွင် တည်ရှိသည်။ အာဏာပိုင်များ ခေါဇာမြို့နယ်ခွဲသို့မကြာခဏ သွားရောက်လေ့ ရှိသဖြင့် ဤကျေးရွာထဲကို ဖြတ်သန်းနေရပါသည်။ တရားဝင်စာရင်းဖေါ်ပြချက်အရ အိမ်ချေ ၁၄၁၈ ရှိပြီး မွန်လူမျိုး များသာ နေထိုင်သည့် တိုက်နယ်အဆင့်ရှိကျေးရွာတစ်ရွာဖြစ်သည်။ ရေးမြို့မှ ၁၂ မိုင်၊ ခေါဇာမြို့နယ်ခွဲနှင့် ၁၂ မိုင်ခန့် ခန့်ဝေးကွာသည်။

 

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views