အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် မော်လမြိုင်ရောက်နေစဉ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

Kaowao
မေ ၂၈၊ ၂၀၀၉။

မော်လမြိုင်(မေ-၂၈)။    ။ အပစ်ရပ်အဖွဲ့အချို့နှင့် တိုင်းရင်းသားခွဲထွက် လက်နက်ချတပ်ဖွဲ့ဝင်များ နယ်ခြားစောင့် တပ်ဖွဲ့အသွင် ပြောင်းရေးကိစ္စအတွက် နေပြည်တော်မှ စစ်အစိုးရ စရဖ ညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် မော်လမြိုင်မြို့သို့ရောက်ရှိနေစဉ် ယမန်နေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်၌ ရွှေတောင်ရပ်ကွက်၊ ကန်းနားလမ်းအနီး ရေမြောင်းငယ်တွင်၎င်း၊ မော်လမြိုင်ထောင်နှင့် မလှမ်းမကမ်းတွင်၎င်း၊ ညနေပိုင်း၌ မရမ်းကုန်းရပ်ကွက်ရှိ မွန်ပြည်နယ် စသုံးလုံးရုံးအနီးတွင်၎င်း ဗုံးသုံး ကြိမ်ပေါက်ကွဲခဲ့သည်ဟု စရဖအသိုင်းအဝိုင်းမှ ပြောကြားနေသည်။

အဆိုပါပေါက်ကွဲမှုများကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် စရဖ အရာရှိ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့် G1 မှာ အရေး ယူခံရဖွယ်ရှိကြောင်း မော်လမြိုင်မြို့စစ်တပ်အသိုင်းအဝိုင်းများကြားတွင် ယူဆနေကြ၏။ အဆိုပါ စရဖ အရာရှိ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်မှာ သတ္ထုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်၏ သားမက်တော်စပ်သည်ဟု သိရသည်။

စစ်အစိုးရ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ကရင်ခွဲထွက်အဖွဲ့၊ မွန်ခွဲထွက်အဖွဲ့တို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ ကိစ္စများကို အစီအစဉ်ချမှတ်ရန် လာရောက်ခြင်းဖြစ်သည်ဟု KPF မှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးက ပြောပြခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် ကြိုတင်ချိန်းဆိုမရှိခဲ့သဖြင့် ၄င်းစရဖညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်အား ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မယူဆကြောင်း မော်လမြိုင်မြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှ အရာရှိတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့ပါသည်။

လွန်ခဲ့သော မတ်လဆန်းပိုင်းက မွန်ပြည်သစ်ပါတီဗဟို အလုပ်သမှုဆောင်များဖြစ်ကြသည့် ဥက္ကဌကြီးနိုင်ထောမွန်၊ ဒုဥက္ကဌ နိုင်ရော့စ(နိုင်ရဿ)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ထာဝရ၊ နိုင်တလညီတို့နှင့် စရဖညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံခဲ့ကြရာတွင် မွန်ပြည်သစ်ပါတီ၏ သတ္တမ အကြိမ်မြောက်ညီလာခံမှ ချမှတ်ခဲ့သည့် မူအတိုင်း နယ်ခြားတပ်ဖွဲ့ကိစ္စကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို စစ်အစိုးရလုံခြုံရေး ဝန်ထမ်းများ အပြင်း အထန်စုံစမ်းနေဆဲဖြစ်ပြီး မြို့အဝင်အထွက်ဂိတ်များ၊ ဧည့်စာရင်းစစ်ဆေးမှုများ လိုအပ်သည်ထက် ပိုမိုလုပ်ဆောင် လာသည်ကို တွေ့ရနေရသည်။

 

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views