အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

Kaowao
မေ ၂၃၊ ၂၀၀၉။

စံခလပူရီ(မေ-၂၃)။    ။ လွန်ခဲ့သည့် ကြာသာပတေးနေ့က ထိုင်းနိုင်ငံပိုင်နက်သို့ မြန်မာသစ်များ တင်ဆောင်လာ သော ဆယ်ဘီးကားကြီးများကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးခဲ့ပြီးသည့်နောက် ဘုရားသုံးဆူမြို့ဒေသ မြန်မာ သစ်ကုန်သည် အသိုင်းအဝိုင်းတွင် အခက်များတွေ့လာနိုင်ကြောင်း အမည်မဖော်လိုသော သစ်ကုန်သည်တစ်ဦးက ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။

“ ၃၂ တပ်ရင်းမှူးပြောတာက မွန်အင်တာနက်သတင်းတစ်ခုမှာ သူ့နာမည်ကိုအဓိကထား ဖေါ်ပြတာကတော့ မကောင်းဘူး၊ ဒီနယ်စပ်မှာ နားလည်မှုနဲ့ ခွင့်ပြုထားလို့ ထိုင်းဘက်က ကုန်ပစ္စည်းတွေ မြန်မာဘက်က ဝယ်သုံးနေ ကြရတယ်၊ လုံးဝပိတ်လိုက်ယင် ဒီမြို့ကလူတွေ ဘယ်က ဝယ်စားလို့ ရတော့မှာလဲ၊ သစ်တွေကို လုံးဝပိတ်လိုက်ယင် လဲ ခင်ဗျားတို့တစ်မြို့လုံး ဘာနဲ့လုပ်စားကြမလဲ” ဟု ခလရ ၃၂ တပ်ရင်းမှူးက ကုန်သည်အချို့နှင့် ယနေ့နံနက်ပိုင်း တွင် တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ပြောကြားခဲ့သည်ဟု ဆိုသည်။

ဘုရားသုံးဆူမြို့သည် သစ်များကို အဓိကထား လုပ်ကိုင်ကြရသည့် မြန်မာနယ်ခြားမြို့ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ် ကျော်ခန့် အဆိုပါ နှစ်နိုင်ငံနယ်ခြားဂိတ် မပိတ်ခင်ကာလတွင် သစ်လုပ်ငန်းများ အခြေအနေ ကောင်းမွန်ခဲ့သဖြင့် သစ်စက်၊ ပရိဘောဂလုပ်ငန်းရုံ တစ်ရာကျော်ခန့်လည်ပတ် ခဲ့သည်။ ယခုတွင် သစ်စက် ၃၀ ဝန်းကျင်ခန့်သာ ရှိတော့သည်။

အများအားဖြင့် အဆိုဒေသရှိ ကျွန်း၊ ပျဉ်ကတိုးနှင့် အခြားသစ်မာတို့မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်ရာဒေသမှ သစ်များဖြစ်သည်။ သစ်များကို ထိုင်းနှင့်ဒေသခံ သစ်ကုန်သည်တို့က KNU ထံမှ တဆင့် သစ်လုံးများကိုဝယ်ယူပြီး ဘုရားသုံးဆူမြို့အာဏာပိုင်များထံ အခွန်အကောက်ပေးကာ ထိုင်းတို့ အော်ဒါမှာ ယူသည့်အတိုင်း အချောထည်များပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ထိုမှတဆင့် အခြားနိုင်ငံသို့ လည်း မြန်မာသစ်များမှာ ထိုင်းသစ်များအဖြစ် ရောက်ရှိသွားနိုင်သည်။

မွန်ပြည်သစ်ပါတီ စီးပွာရေးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက “ဒီနယ်စပ်မှာ ပစ္စည်းအသွားအလာတွေ လုံးဝပိတ်လိုက်ယင် ဒီသုံးဆူတစ်မြို့လုံး လောင်စာဆီအတွက် အခက်အခဲရှိလာနိုင်ပြီး ဒေသခံတွေရဲ့ မူလက ရှိခဲ့တဲ့လုပ်ငန်းတွေ အင်မတန် ထိခိုက်လာနိုင်တယ်၊ လည်ပတ်နေတဲ့ နယ်စပ်စီးပွားရေး လုပ်ငန်းတွေ အရမ်းထိခိုက်သွားမယ်” ဟု ဆိုသည်။

၎င်းကဆက်ပြောရာတွင် “သိရသလောက်က ဒီသစ်တွေဟာ ထိုင်းဘက်ကိုတရားမဝင် ပိတ်ထားတဲ့လမ်းကြောင်း
က ဝင်လာတာမို့ ထိုင်းတို့ဖမ်းဆီးလိုက်တာဖြစ်တယ်၊ အခုတော့ ပြေလည်မှုရသွားပြီလို့ ပြောနေတာပဲ” ဟု ဆိုသည်။
ဘုရားသုံးဆူမှလာသော ထိုင်းအမျိုးသားအဆိုအရ အဆိုပါဖမ်းဆီးထားသော သစ်တင်ကားများကို မဝေးသော အခြားတစ်နေရာသို့ ထိုင်းအာဏာပိုင်တို့ ရွေ့ထားလိုက်သည်ကို ယနေ့မနက် ၁၀ နာရီခန့်တွင် မြင်တွေ့ခဲ့သည်ဟု ဆိုသည်။

အဆိုပါ သစ်ဖမ်းဆီးမှုသတင်းကို အင်တာနက်သတင်းစာမျက်နှာ အချို့နှင့် BBC ယနေ့နံနက်မြန်မာပိုင်းအစီအစဉ်၌ သတင်း ထုတ်လွှင့်ချက်များ ပါရှိခဲ့သဖြင့် ဘုရားသုံးဆူမြို့ အာဏာပိုင်များနှင့် စီးပွားရေး အသိုင်းအဝိုင်းတို့ကြားတွင် နေပြည်တော်နှင့် အရှေ့တောင်တိုင်းစစ်ဌာချုပ်တို့မှ ညွှန်ကြားလာမည့်အမိန့်ကို စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

 

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views