အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မြန်မာသစ်များ ထိုင်းသစ်တောကဖမ်းဆီး

Kaowao
မေ ၂၂၊ ၂၀၀၉။

စံခလပူရီ(မေ-၂၂)။    ။ ထိုင်းနိုင်ငံသို့ ခိုးဝင်လာသော မြန်မာသစ်များ တင်ဆောင်လာသည့် ဆယ်ဘီးကား ၁၅ စီးခန့်ကို ထိုင်းမြန်မာနယ်စပ် ထိုင်းနယ်မြေ ဘုရားသုံးဆူရွာတွင် ထိုင်းသစ်တောဌာနမှ ယမန်နေ့စောစောပိုင်း၌ ဖမ်းဆီးလိုက်သည်ဟု ဒေသခံများ ပြောပြသည်။

အဖိုးတန် ကျွန်း၊ ပျဉ်းကတိုးသစ်များဖြစ်ပြီး ပါကေးအချောထည်များ၊ သစ်ခွဲသားများပါဝင်သည်ဟုဆိုသည်။ သို့သော် ခန့်မှန်းတန်ချိန်နှင့် တန်ဖိုးကို မတွက်ဆနိုင်ပေ။

အဆိုပါသစ်ကားတန်းသည် ဘုရားသုံးဆူမြို့ မြန်မာဘက်ခြမ်းမှ သစ်များသယ်ဆောင်လာပြီး ဘုရားသုံးဆူမြို့ခေတ္တ အခြေစိုက် ခလရ ၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ခင်၏ အမိန့်ဖြင့် ပိတ်ထားသော နှစ်နိုင်ငံနယ်ခြားဂိတ်ကို သစ်ကားများဖြတ်ရန် မြန်မာအရာရှိတို့ ခေတ္တဖွင့်လှစ်ခဲ့သည်။

ဤကဲ့သို့ အဖိုးတန်သစ်များ တစ်ဖက်နိုင်ငံသို့ တရားဝင်လို ရောင်းချလိုက်ခြင်းအပေါ် ဘုရားသုံးဆူမြို့ လက်ရှိ တပ်ရင်းမှူး နှင့်အခြားအရာရှိများ လာဘ်ငွေမည်မျှရရှိခဲ့၍ ဂိတ်ကိုဖွင့်လိုက်သည်ကို မသိရှိနိုင်ပေ။

အဆိုပါနယ်ခြားဂိတ်သည် နှစ်နိုင်ငံအစိုးရတို့ တရားဝင်ကုန်သွယ်ဂိတ်အဖြင့် မသတ်မှတ်ခဲ့သော်လည်း နှစ်နိုင်ငံ ဒေသအာဏာပိုင်များက ဂိတ်တစ်ခုအဖြင့်တရားဝင်ကဲ့သို့ ထားရှိခဲ့ရာ အပြန်အလှန်ကူးလူးဆက်ဆံခဲ့ကြရာမှ ၂၀၀၇ နှစ်စပိုင်းလောက်တွင် နေပြည်တော်အမိန့်ဖြင့် မြန်မာတို့ကဂိတ်ကို တစ်ဖက်သတ် ယခုတိုင် ပိတ်ထားဆဲ ဖြစ်သည်။

ဘုရားသုံးဆူနယ်စပ်သည် နယ်ခြားနယ်နိမိတ်မျဉ်းနှင့် စည်းရိုးအရံအတားများမရှိ၊ မြစ်ချောင်းများလည်းမရှိ၊ နှစ်နိုင်ငံမှာ မြေသားတစ်ဆက်စပ်တည်း တည်ရှိနေသဖြင့် အစောင့်အကြပ်မရှိသည့် အခြားလမ်းသွယ်များမှလည်း အလွယ်တကူဝင်ရောက် သွားလာနိုင်သည်။

ဘုရားသုံးဆူမြို့သစ်ကုန်သည်များ အဆိုအရ အဆိုပါသစ်ပိုင်ရှင်မှာ မြန်မာစစ်တပ်ဖွဲ့တို့နှင့်ပေါင်း၍ ထိုင်းမြန်မာ နယ်စပ်တလျောက်တွင် သစ်ခိုးထုတ်နေသူ နာမည်ကြီးထိုင်းသူဌေးတစ်ဦးဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်နှင့် ပတ်သက်နေသူတစ်ဦးဖြစ်သဖြင့် လက်ရှိထိုင်းအာဏာပိုင်များက အဆိုပါသစ်တို့ကို ဖမ်းဆီးလိုက် သည်ဟု ထင်ကြေးပေးကြသည်။

အတည်မပြုနိုင်သေးသည့် သတင်းတစ်ရပ်မှာ ဘုရားသုံးဆူအခြေစိုက် မြန်မာအထူးစုံစမ်းရေးတပ်ဖွဲ့မှ ယခုခိုးထုတ် ခဲ့သည့် သစ်ကိစ္စကို နေပြည်တော်သို့ အကြောင်းကြားခဲ့ရာ မြန်မာစစ်အစိုးရက ထိုင်းအစိုးရထံတိုင်ကြားခဲ့သဖြင့် ထိုင်းတို့က အဖမ်းအဆီးပြလိုက်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံဥပဒေတွင် ထိုင်းနိုင်ငံတွင်း သစ်များလုံးဝခုတ်လှဲခွင့်မရှိသဖြင့် မြန်မာသစ်များကို ရသည့်နည်းဖြင့် ဝယ်ယူ နေကြရသည်။

ထိုင်းတို့ အဆိုပါသစ်များ ဖမ်းဆီးလိုက်ခြင်းအပေါ် ဘုရားသုံးဆူမြို့အာဏာပိုင်များ တစ်စုံတစ်ရာ ပြောဆိုသံများ မကြားခဲ့ရသော်လည်း နှစ်နိုင်ငံဂိတ်ပေါက်ဝ တစ်ဝိုက်တွင်မြန်မာစစ်သားများ ပိုမို၍ အများအပြားတိုးမြှင့် ချထား လိုက်ကြောင်း မျက်မြင်များအဆိုအရ သိရသည်။ ထိုင်းတို့ကမူ ပုံမှန်အနေအထားအတိုင်းရှိနေပြီး တစ်စုံတစ်ရာ ထူးခြားမှုမရှိပါ။

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views