အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

Kaowao
မေ ၂၀၊ ၂၀၀၉။

စာဖတ်သူများသိစေရန်
ယခုဖေါ်ပြသည့်ပေးစာသည် မူရင်းစာရေးပေးပို့သည့်စာကို အနည်းငယ်ဖြတ်တောက်ထားပါသည်(မတည်းဖြတ်
ပါ)။ ပေးပို့သူ၏ဆန္ဒအရ သူမ၏လုံခြုံရေးအတွက် အမည်မဖော်လိုသူတစ်ဦးဟု ဖေါ်ပြထားပါသည်။ ဤရေးသား ဖေါ်ပြမှုတွင် ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိနေသော်လည်း ထိုပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်ပါကြောင်း။
အယ်ဒီတာ

သို့
Migrant worker watching group Thailand နှင့် မွန်ညီအစ်ကို မောင်နှမများနှင့် migrant ဘဝတူညီအစ်ကိုများ သိရှိပြီး ကူညီကြပါရန်။

ကျမသည် မွန်အမျိုးသမီးတစ်ဦးဖြစ်ပါသည်။ မွန်စာတော့မတတ်ပါ၊ (သည်းခံပါ)၊ စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်အမျိုးမျိုး၊ ဒုနှင့်ဒေးနဲ့ ခံစားရကာ ဝဋ်ကြွေး၏ အခန်းကဏ္ဍအဖြစ် သတ်မှတ်ကာ အိမ်နီးနားချင်းထိုင်းနိုင်ငံသို့ တရားမဝင် လူကုန်ကူးသူများနှင့် ဝင်ရောက် အသက်မွေးဝမ်းစာ ရှာခဲ့ပါသည်။ ဤသို့ကျမဝင်ရောက်ပြီး အမည်မပြောပြလို
သော အထည်ချုပ်စက်ရုံတွင် ရိုးသားစွာ အလုပ်သမား မှတ်ပုံတင်ပြီး အသက်မွေးခဲ့ပါသည်။ ပိုပိုလိုလို မစုမိသော် လည်း အိမ်သို့လတိုင်း ပုံမှန်ငွေပို့ခဲ့ပါသည်။

ဤသို့ ပုံမှန်လုပ်ကိုင်စားသောက်ရာမှ ကျမ၏သူငယ်ချင်းတစ်ယောက်နှင့် ဆုံကာ သူမက သူမနဲ့ရင်းနှီးသော မလေးရှားမှလာသော မွန်တစ်စုနှင့် မိတ်ဆက်ပေးကာ သူတို့ကုမ္မဏီတစ်ခုတွင် ခန်းနားစွာ ဝင်ရောက်လုပ်ကိုင်နေ ပုံကို ပြောပြပြီး ထိုကုမ္ပဏီကို သွားလည်ပြီး နှစ်သက်ပါက ကုမ္ပဏီသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက် လုပ်ကိုင်ပြီးသူတို့လို အတင့်သင့် ကောင်းမွန်သော ဘဝများရောက်နိုင်ကြောင်း ရှင်းလင်းခဲ့ပါသည်။ ဤတွင်ကျမနှင့် သူငယ်ချင်းတစ်စု သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ကာ အဖွဲ့ဝင်ကြေး (၁၈၀၀၀) ဘက် ပေးဆောင်ခဲ့ပါသည်။

ဤသို့ဝင်ရောက်ခြင်းကို ကျမတို့လို အလုပ်သမားများသာမက ID မရှိသော အလုပ်သမားများလည်း ဝင်ရောက်ခြင်း ရှိခဲ့ပါသည်။ ကျမ၏အထက်တွင် မလေးရှားသား A100(နံမည်အတိအကျမသိပါ) နှင့် သူ၏ အလိုတော်ရိများ မင်းသုတ (ကော့ခပီးထောရွာသား၊ မွန်) နှင့်သူ၏တရားမဝင်အမျိုးသမီး မိဆူး (ဂျိုင်းရွာသူ)၊ မိကြည်ဝင်း (ရွာမသိ) နှင့် မွန်များစွာမလေးရှားမှ လာကာ ကုမ္ပဏီဖွင့်ရန်အလို့ငှာ ကျမတို့လို ရိုးသား၍ လောဘငွေလိုချင် တပ်မက်သူများ ကို မက်လုံးပေး၍ ဖျားယောင်းခဲ့ကြပါသည်။

Bangkok Post တွင် မြန်မာအလုပ်သမားများ တရားမဝင် ကုမ္ပဏီလုပ်ဆောင်ခြင်းကြောင့် ကုမ္ပဏီအဖမ်းခံရသည် မှာ အားလုံးကြားသိကြပြီးဖြစ်မည်။ ကျမ၏အထက်ရှိ ရိုးသားသော လူငယ်တစ်ယောက်သည် သူ၏မုဆိုးမအမေမှ ယာတောဘိုးဘွားပိုင်များ ယောင်းချယုံသာမက သူ၏ချစ်လှစွာသော ချစ်သူရည်းစား အမျိုးသ္မီးထံမှလည်း ရှေ့မျက်နှာ နောက်ထားကာ သိမ်းဆည်းပြီး ကုမ္ပဏီ သို့ ငွေပမာဏ (၂၁၀၀၀၀) ၂ သိန်း ၁ သောင်းဘတ်နှင့် အဖွဲ့ ဝင်ကြေး ၁၈၀၀၀ ဘတ် စုစုပေါင်း ၂၂၈၀၀၀ ဘတ် ၂ သိန်း ၂ သောင်း ၈ ထောင်ဘတ် ထည့်ဝင်ကာ အနာဂါတ် ရေးအတွက် မျှော်မှန်းကာ အသီးသီးဝင်ရောက်ခဲ့ပါသည်။ အများစု (၂၂၈၀၀) ဘတ် ထည့်ဝင်သူများသည် အယောက်ပေါင်း ၂၅ ဦးရှိပါသည်။
 
ပုလိပ်အဖမ်းခံရပြီး နောက် တစ်ချို့သူများသည် ကုမ္ပဏီမှ ထွက်ခဲ့ကြပါသည်။ ကျမအပါအဝင်ပေါ့၊ ၂၂၈၀၀၀ ဘတ် ဝင်ရောက်ထားသူများမှာ ထွက်လျှင်လည်း ငွေမရမှာစိုးရိမ်၊ ဆက်လုပ်လျင်လည်း ပိုက်ဆံကမရ (လခမရှိ) - လူ ၆ ယောက်ရှာနိုင်မှသာငွေဝင်မည်။ ဤရှာလာသော လူ ၆ ယောက်သည်လည်း နောက်ထပ် ၁ ယောက်လျင် ၆ ယောက်နှုန်းရှာမှသာလျင် ငွေသည် အလိုလိုဝင်ရောက်လာမည် ဖြစ်သည်။

ဤသို့ဆိုယင် ကိုယ်မွန်အမျိုးသား အချင်းချင်း တိုင်တောရမည့်အလုပ်ကို မလုပ်ချင်သော်လည်း ကျားမီးဆွဲထား သော ဘဝရောက်နေသူအဖို့ ငိုရကောင်းမလား ရူးဟန်ဆောင်နေရမလားရှင်။ ကုမ္ပဏီသို့ ငွေပြန်တောင်းရန်လည်း ဘယ်အဖွဲ့ကို တိုင်ကြားရမလဲဆိုတာ မသိ၍ ရေငုံ နှုတ်ပိတ်နေကြပါသည်။
 
မင်းသုတ (ကော့ခပီးထောရွာ)  မုဒုံမြို့နယ်သား Ph, 087-507-2657 သည် မလေးရှားတွင် လိမ်လည်ဝ၍ ယ္ခု ထိုင်းသို့ အလိုတော်ရိအဖြစ် အခြေစိုက်ကာ မွန်ညီအစ်ကို၊ မောင်နှမများကို ဆက်၍ လိမ်လည်မှုများပြုလုပ်လျက် ရှိပါသည်။ ကျမကုမ္ပဏီမှ ထွက်မည်ဟု ပြောသည့်နေ့တွင် သူသည်ကျမကို မနှစ်သက်မှုများ ပြသခဲ့ပါသည်။
 
ဗမာစစ်အစိုးရက အမျိုးမျိုးဖိနှိပ်ခြင်း၊ ကြားထဲက ဘိန်းစားအချင်းချင်း တစ်မူးပိုသာလိုသော အများ၏ မျက်ခုံးမွေး ပုံပေါ် လမ်းလျှောက်ချင်ကြသော ကိုမင်းသုတတို့လို လူငယ်များအနေနှင့် လိမ်လည်မှုများ ရပ်တန့်ပေးပါရန် ကျမ အနူးအညွတ်တောင်းပန်ပါသည်။ အများအကျိုးအတွက် လူငယ်များစွာ တာဝန်ယူ ထမ်းဆောင်နေကြပါသည်။ ကိုယ်ကျိုးရှာသော်လည်း ဗုဒ္ဓဘာသာပီပီ ကိုယ်ရှာ၍ရသော ပစ္စည်း ဥစ္စာသည် သမာအာဇီဝကျ မကျဆိုတာ အသေ အချာစဉ်းစားပါအုံး၊ အများအကျိုးအတွက် မစဉ်းစားနိုင်သော်လည်း အများထိခိုက်ရမည့်အဖြစ်ကို မလုပ်ပါရန် တောင်းပန်အပ်ပါသည်။

သက်ဆိုင်ရာ Migrant issue စောင့်ရှောက်သူများရှင့်၊ ဤသို့ လုပ်ငန်းများကို ဝိုင်းဝန်းစောင့်ရှောက် ကာကွယ်
ပေးကြပါရန် တောင်းဆိုပါသည်။

Migrant သို့ ရောက်အောင်ပေးပို့သော mimonhtaw အမည်ခံ ညီမလေး “ယားယား” ကိုလည်းကျေးဇူးအထူးတင် ရှိပါသည်။ [ ယားယား- မွန်လူမျိုးမဟုတ်သော်လည်း မွန်အတွက်၊ ဗမာပြည်သားအတွက် ဝိုင်းဝန်းအကျိုးဆောင် သူ]
                                                           အမည်မဖော်လိုသူတစ်ဦး

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views