အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်

Kaowao
မေ ၁၅၊ ၂၀၀၉။

ရန်ကုန်(မေ-၁၅)။     ။ ရေစကြိုမြို့အခြေစိုက် နအဖစစ်တပ် ခလရ(၂၅၆) မှ ပျောက်ဆုံးခဲ့သည့် လက်နက်များနှင့် လွန်ခဲ့သော မေလ(၆) ရက်နေ့ ညနေပိုင်းတွင် ရမည်းသင်းမြို့၊ မြို့မဈေးကြီးအတွင်း ငွေရတနာအောင်ရွှေဆိုင်ကို သေနတ်ပစ်ခတ်၍ ဓါးမြတိုက်စဉ် လူသတ်မှုလည်း ကျူးလွန်ခဲ့ကြသူ တရားခံ (၄) ဦးကို မေလ (၁၃) ရက်နေ့တွင် ဖမ်းဆီးရမိပြီဟု ယနေ့ စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာ၊ ကျောဖုံးတွင်အကျယ်တဝင့် ဖော်ပြထားသည်။

မေလ (၆) ရက်မှ (၁၄) ရက်နေ့အတွင်း ကွတ်ခိုင်မြို့နယ်၊ မော်ဟစ်ကျေးရွာသား ညီညီနိုင်နှင့် ချမ်းမြေ့သာစည် မြို့နယ်၊ မြို့ဟောင်းရထားဝင်းနေ ခိုင်ဇော်ဝင်းတို့မှာ ရေစကြိုမြို့အခြေစိုက်၊ ခလရ (၂၅၆) မှ သေနတ် (၅) လက်ခိုး ယူခဲ့သည်ဟု အဆိုပါသတင်းစာတွင် ဖေါ်ပြသည်။

ထိုစဉ်က ခလရ (၂၅၆) လက်နက်များ ပျောက်ဆုံးမှုသတင်းကို မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့်နိုင်ငံခြားရေဒီယို သတင်းများ ဖေါ်ပြခဲ့ရာ၌ မေလ (၄) ရက်နေ့ညတွင် ဖေါက်ထွင်းခံရသည်ဟု ဆိုသည်။

ဓါးမြတိုက်မှုတွင်လည်း အဓိကပါဝင်သူ တရားခံ ညီညီနိုင်နှင့် ကိုလေး (ခ) ရဲဝင်းဇော်၊ ခင်မောင်ထွေး (ခ) ဂျပု ညီအစ်ကိုယ်တို့ ပါဝင်ကြပြီး သက်သေခံအဖြစ် လက်နက်များနှင့် ရွှေထည် ၂ ပိဿာ ၃ကျပ်သား ၃ ပဲတို့ကို  သိမ်းဆည်းရသည်ဟု ဆက်လက်ဖေါ်ပြထားသည်။

ဓါးမြတိုက်ခံရသည့် ရွှေထည်များတန်ဖိုးမှာ ငွေကျပ်သိန်းနှစ်ထောင့်လေးရာခန့် ရှိကာ ရွှေအလေးချိန် အားဖြင့် ခြောက်ပိဿာခန့် ရှိသည်။

ဓါးမြတိုက်စဉ် ပစ်ခတ်မှုများကြောင့် ရွှေဆိုင်အရောင်းစာရေး ဒေါ်ချိုပြုံးနှင့် အနီးရှိ  ဆေးဆိုင်မှ ဦးမျိုးသန့်တို့ သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ မောင်မောင်ဆွေ (၂၄ နှစ်) သေဆုံးခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။

ထိုလက်နက်များ ဖောက်ထွင်းခံရမှုကြောင့် စစ်တပ်ဘက်မှ အရာရှိ၊ အကြပ်တပ်သား ၂၀ ခန့်နှင့် အရပ်သားများပါ
စစ်ဆေးခံနေရဆဲ ဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် လက်လွန်သဖြင့် တပ်ကြပ်ကြီး မြင့်စိုး သေဆုံးခဲ့ပြီး၊ အရာရှိတစ်ဦး၊ တပ်သား တစ်ဦးတို့ ဆေးရုံတက်ကုသခံရသည်။ တပ်အနီးရှိ လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းမောင် ဆိုသူမှာ စိတ်ဖောက်ပြန် ရူးသွပ် သွားခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြခဲ့သည်။

လက်ရှိ နအဖ စစ်တပ်အတွင်းရှိ အောက်ခြေအဆင့် ရဲဘော်များ၏ လစာမှာ ဝမ်းစာမဖူလုံမှု မရှိနိုင်ပါ။ မိသားစု ဝမ်းစာရေးအတွက်  မိမိထံရှိ လက်နက်ကျည်ဆံများကို အရာရှိများမသိအောင် ခိုးဖွက်ထားရှိပြီး ကြားအဆက် အသွယ်များမှတဆင့် ငြိမ်းချမ်းရေးတပ်ဖွဲ့အချို့ထံသို့၎င်း၊ လက်နက်ချတပ်ဖွဲ့များထံသို့၎င်း၊ လက်နက်ပုန်း ကိုင် ဆောင်ကြသည့် အရပ်သားများထံသို့၎င်း ရောင်းချလျှက်ရှိသည်ဟု ဘုရားသုံးဆူနယ်စပ်ရှိ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အချို့က ပြောပြ၏။

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views