အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

အန်အယ်ဒီ အထူးအစည်းအဝေး

Kaowao
မေ ၁၄၊ ၂၀၀၉။

ရန်ကုန်(မေ-၁၄)။      ။အန်အယ်ဒီ ပဲခူးတိုင်းစည်းအတွက် အထူးအစည်းအဝေးကို  ပဲခူးတိုင်းအဖွဲ့ဝင် (၈) ဦးက မေလ ၁၂ရက်က ရန်ကုန်အန်အယ်ဒီ ရုံးချုပ်၌ကျင်းပခဲ့ကြောင်း တက်ရောက်သူများက ဆိုပါသည်။

ဤအထူးအစည်းအဝေးသည် ပြီးခဲ့သည့် အေပြီလ (၂၈-၂၉) ရက်နေ့က ကျင်းပခဲ့သည့်ပြည်လုံးကျွတ် အန်အယ်ဒီ အမတ်များနှင့် တိုင်းစည်းများ ပါဝင်သည့် ဆွေးနွေးပွဲ၌ ဥက္ကဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးလွင်တို့ နှုတ်ထွက် ပေးရန် တင်ပြဆွေးနွေးသည့် ကိစ္စကို အရေးယူသည့် အစည်းအဝေးဖြစ်ပါသည်။ ဤအဆိုကို တင်ပြဆွေးနွေးသူမှာ ပဲခူးတိုင်းအန်အယ်ဒီ တိုင်းစည်းအဖွဲ့ဝင်လည်းဖြစ်၊ ပဲခူးမြို့နယ် အမှတ်(၂) အမတ်လည်းဖြစ်သည့် ဦးမြတ်လှ ဖြစ်ပါ သည်။

ဦးမြတ်လှကို အရေးယူသင့်သည်ဟု အဆိုပြုသူမှာ ပဲခူးတိုင်းစည်းဥက္ကဌ ဦးညွန့်ဝေဖြစ်ပါသည်။ ထောက်ခံတင်ပြသူ များမှာ ဦးပိုက်ချုံနှင့် ဦးကျော်သိန်းတို့ပင်ဖြစ်ပါသည်။ အကြောင်းပြချက်မှာ ဤလုပ်ရပ်သည် အရေးကြီးနေချိန်မှာ စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည့် အပြုအမူကြောင့် အဖွဲ့မှ ထုတ်ပယ်ရန် အရေးယူသင့်သည်ဟု တင်ပြခဲ့ပါ သည်။ ဤအဆိုကို ကန့်ကွက်ခဲ့သူများမှာ ညောင်လေးပင်အမတ် ဦးထွန်းကြွယ်၊ ကျောက်တံခါးမြို့နယ်အမတ်နှင့် မင်းလှမြို့နယ်အမတ်များက ဦးဆောင်ကန့်ကွက်ခဲ့ပါသည်။။

ဦးမြတ်လှကို အဖွဲ့မှမထုတ်သင့်ကြောင်း ဤကိစ္စကို အဖွဲ့တွင်း ဒီမိုကရေစီအရ ပွင့်ပွင့်လင်းလင်းတင်ပြခြင်း ဖြစ်ကြောင်း ကန့်ကွက်သူများက ဆွေးနွေးခဲ့ပါသည်။ ဤသို့ဖြင့် ပဲခူးတိုင်းစည်းအဖွဲ့မှ ဦးမြတ်လှကို ထုတ်ပယ်ရန် အဆိုသည် လိပ်ခဲတင်းလင်းဖြင့် အဆုံးသတ်သွားကြောင်း၊ ဤအစည်းအဝေးကို တက်ရောက်ခဲ့သည့် သူများက ဆိုပါသည်။

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views