အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ်ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

Kaowao
ဇွန် ၂၉၊ ၂၀၀၉။

မော်လမြိုင်(ဇွန်-၂၉)။    ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ရွှေကျင်(ကွယ်လွန်) စာကြည့်တိုက်၌ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲမှု ၁၄ နှစ် မြောက်ပြည့်မြောက်သည့် အခမ်းအနားတစ်ရပ်ကို ယနေ့နံနက် နာရီခန့်တွင် ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

အခမ်းအနားမှာ အထင်ကရမွန်ဘုန်းတော်ကြီး ဘဒ္ဒန္တပါလိတမဟာထေရ် ကိုအမှူးထား၍ သံဃာတော် ပါး အားပင့်ဖိတ်အလှူဒါနပြုကြကာ အကျဉ်းချုံး၍ကျင်းပခဲ့သည်။

မော်လမြိုင်မြို့ ပေါ်ရှိ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်အချို့နှင့် တက္ကသိုလ်ကျောင်းသားအချို့လည်း ပါဝင်တက်ရောက် ခဲ့ကြရာ တက်ရောက်သူဦးရေတစ်ရာခန့် ရှိမည်ဟုခန့်မှန်းရသည်။

မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဆက်ဆံရေး
တာဝန်ခံ
ဗိုလ်မှူးဗညားချမ်းနွန်၊ စည်းရုံရေးဌာန(မော်လမြိုင်)တာဝန်ခံ နိုင်ဃောသိုက်၊ ကျန်းမာရေးဌာနတာဝန်ခံ နိုင်တင်လှ နှင့်မွန်ပြည်သစ်ပါတီဝင်အချို့တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

လွန်ခဲ့သောနှစ်များတွင် ကျင်းပခဲ့သောအခမ်းအနားများ၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကို တွေ့ခဲ့ရသော်လည်း ယခုအခမ်းအနားကို ပြင်ပဧည့်သည်များအား ဖိတ်ကြားခြင်းမရှိဟု သိရသည်။

မွန်ပြည်သစ်ပါတီ ဥက္ကကြီးနိုင်ရွှေကျင် သက်ရှိထင်ရှားစဉ်ကာလများနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ် ကာလများတွင် မော်လမြိုင်မြို့ရှိ ဟိုတယ်ကြီးများ၌ ရန်ကုန်မှစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ၊ ရတခတိုင်းမှူးနှင့် အချို့သောငြိမ်းအဖွဲ့ဝင်များကို ဖိတ်ကြား၍ ဤအပစ်အခတ်ရပ်စဲသည့်အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း မွန်အဆိုအကများဖြင့် ကျင်းပခဲ့ပါသည်။

 

 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views