အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

Kaowao
ဇွန် ၂၉၊ ၂၀၀၉။

စံခလပူရီ(ဇွန်လ-၂၉)။    ။ စစ်အစိုးရ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် စကခ ၁၂ နည်းဗျူဟာ (၁) ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ရှိန် ဦးစီးတပ်ဖွဲ့များ လွန်ခဲ့သော ဇွန်လ ၂၅ ရက်နေ့၌ ဘုရားသုံးဆူနယ်စပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝင်ရောက်အခြေပြု လျှက်ရှိကြောင်း နယ်စပ်စစ်ရေးလှုပ်ရှားမှု စောင့်ကြည့်များ ပေးပို့သောသတင်းအရ သိရသည်။

ယင်းစကခ ၁၂ နည်းဗျူဟာ (၁) လက်အောက်၌ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးခင်မောင် ဦးစီးသည့် ခမရ ၃၅၆၊ ဒု-ဗိုလ်မှူးကြီးဇေယျာဝင်း ဦးစီးသည့် ခမရ ၃၅၇ တပ်ရင်းနှစ်ရင်း လှုပ်ရှားလျှက်ရှိသည်။

လက်အောက်ခံ ခမရ ၃၅၉ တပ်ရင်းတစ်ရင်း မည်သည့်နေရာ ရောက်ရှိနေသည်ကို မသိရသေးကြောင်း၊ ယခု စစ်ကြောင်းများသည် ပုံမှန်လှုပ်ရှားမှုမဟုတ်သဖြင့် ၄င်းတို့၏ရည်ရွယ်ချက်ကို အနီးကပ်လေ့လာစုံစမ်းနေကြောင်း KNU မှလာသောသတင်းအရ သိရသည်။

အခြားအတည်မပြုနိုင်သော သတင်းတရပ်မှာ ဒီကေဘီအေ ဗျူဟာမှူး စောလားပွယ် ခေါ် နှုတ်ခမ်းမွေးသည် ဘုရားသုံးဆူဒေသသို့ သူ၏တပ်ဖွဲ့ဝင်အချို့နှင့်အတူ မကြမီတွင် လာရောက်နိုင်ဖွယ်ရှိပြီး ယခုအခါ ဖားအံမြို့ ကို ရောက်ရှိနေသည်ဟု ဆိုသည်။ ခမရ ၃၅၉ တပ်ရင်းနှင့်အတူ လာရောက်နိုင်သည်ဟုလည်း အကဲခတ်ကြသည်။

အဆိုပါစစ်အစိုးရတပ်ဖွဲ့တို့သည် တောင်ထိပ်များကို တစ်နေရာပြီးတစ်နေရာ သွားရောက်ကြပြီး လက်နက်ကြီး များကို ချိန်ရွယ်ကာ အစမ်းလေ့ကျင့်နေသည်ဟု နယ်စပ်စစ်သတင်းထောက်များက လေ့လာသိရှိချက်များကို ပြောပြသည်။ ထို့အပြင် မြစ်ချောင်းများကိုလည်း လက်ရှိအခြေအနေအတိုင်း မြေပုံများပြန်လည်ပြင်ဆင်ရေး ဆွဲကြသည်ဟု ဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့အသွင် မပြောင်းလဲပဲ ငြင်းပယ်ခဲ့သည့် အပစ်ရပ်အဖွဲ့များစခန်းချရာ မြန်မာပြည်အရှေ့မြောက် ပိုင်းဒေသများတွင် စစ်အစိုးရတပ်ဖွဲ့များ ပိုမိုတိုးမြှင့်ချထားလာသည်ကို သတင်းများဖေါ်ပြချက်အရ ကြားသိ နေရသည်။

မွန်ပြည်သစ်ပါတီသည်လည်း ငြင်းပယ်နေသည့် အုပ်စုတွင်ပါဝင်နေသဖြင့် စစ်အစိုးရတပ်များ ယခုကဲ့သို့ လာရောက်တိုးမြှင့်ချထားသည်ဟု ယူဆ၍မရသေးကြောင်း ဘုရားသုးံဆူဒေသရှိ မွန်ပြည်သစ်ပါတီဝင်အချို့နှင့် ဆက်သွယ်မေးမြန်းချက်များအရ သဘောထားများသိရသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စကို မွန်ပြည်သစ်ပါတီအနေဖြင့် ပြန်လည်စဉ်းစားပေးရန် ယခုလဆန်း ပိုင်းတွင် မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမှုတရပ်တွင် ရတခတိုင်းမှူးက တင်ပြခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုအခါ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကျင်းပ
ရန် စိုင်းပြင်းလျှက်ရှိကြောင်း ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောပြသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၌ အပစ်အခတ်ရပ်စဲမှုပြုလုပ်ခဲ့ကြရာ ယနေ့တွင် ၁၄ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views