အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လိုင်းလှေများစတင်ပြေးဆွဲ

Kaowao
ဇွန် ၉၊ ၂၀၀၉။

စံခလပူရီ(ဇွန်-)    ထိုင်းမြန်မာနယ်စပ်နယ်စပ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့ သို့ ပဲ့ချိပ်လှေများဖြင့် အပြန်အလှန်သွားရောက်နိုင်မည့် လိုင်းလှေများ မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့မှ  စတင်ပြေးဆွဲရန် KNU မှခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တားဒိန်ဂိတ်စခန်းက ပြောကြားပါသည်။

မိုးရာသီကာလတွင် ဘုရားသုံးဆူနယ်စပ်မြို့မှ ပြည်တွင်းသို့ ကုန်စည်များ အပြန်အလှန် ကူးလူးသွားလာကြရာတွင် ကြာအင်းဆိပ်ကြီးမြို့သည် အဓိကကျသည့် တစ်ခုတည်းသော ရေလမ်းကြောင်းဖြစ်သည်။ အခြားလမ်းကြောင်းများ ရှိသော်လည်း ခြေလျှင်ခရီးဖြင့် ခက်ခဲစွာ သွားရသဖြင့် ကျွဲနွားတင်သွင်းသူများမှလွဲ၍ အသုံးပြုသူ နည်းပါးသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှတဆင့် မော်တော်ကားဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့သို့ ရောက်ရှိနိုင်သည်။ ကြာအင်းဆိပ်ကြီး-မော်လမြိုင် သင်္ဘောလိုင်းရှိသော်လည်း အချိန်၊ ရက်ချိန်းများ မှန်းဆရခက်၍ ဘုရားသုံးဆူမှ လာသောခရီးသည်များ အသုံးမပြုလိုကြပေ။

ဘုရားသုံးဆူမြို့မှ မုဒုံမြို့သို့ရောက်ရှိနိုင်ရန် သာမန်ခရီးသည်များအနေဖြင့် လမ်းခရီးတွင် အနည်းဆုံးတစ်ညခန့် နားခိုရပါမည်။  အဆိုပါ ဇမိမြစ်ကြောင်းတလျှောက်၌ နားခိုစရာ ကြားစခန်းများ အုပ်စုအလိုက်ဖေါင်ဖွဲ့ကာ ဈေးဆိုင် များ တည်ထားကြသည်။

လှေဂိတ်များကို အဓိကအားဖြင့် KNU မှကြီးကြပ်၍ စီစဉ်ပေးထားပါသည်။ ဘုရားသုံးဆူမှ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် ၁၀ မိုင်ခန့်ဝေးသည့် ကရိန်ထော်ချောင်း(ချောင်းဆုံ) ပဲ့ချိပ်လှေများ စတင်စီးရပါမည်။ ထိုမှတဆင့် ကျွန်းချောင်း KNU စစ်ဆေးရေးဂိတ်မှတဖန် ကြာအင်းဆိပ်ကြီးမြို့သို့ အခြားပဲ့ချိပ်လှေ နောက်ထပ် တစ်စီး ပြောင်း၍စီးရပါသည်။

ယခုနှစ် သာမန်ခရီးသည်တစ်ဦး လှေစီးခနှုန်းထားမှာ ကရိန်ထော်မှ ကျွန်ချောင်းသို့ မြန်မာကျပ်ငွေ တစ်သောင်းလေးထောင် (၁၄၀၀၀ိ) ကျွန်းချောင်းမှ ကြာအင်းဆိပ်ကြီးသို့ မြန်မာကျပ်ငွေ တစ်သောင်းရှစ်ထောင်
ခန့်
သတ်မှတ်ထားသည်ဟု လှေဂိတ်မှူးတစ်ဦးက ဆိုသည်။ သို့ရာတွင် ဂိတ်စခန်းများ ပိုမိုတိုးလာပါက လှေစီးခ နှုံးထားကိုလည်း ထပ်မံတိုးမြှင့်ရလိမ့်မည်ဟုလည်း ဆိုပါသည်။

တားဒိန်ဂိတ် (မွန်ပြည်သစ်ပါတီ) အဆိုအရ ခရီးသည် ၂၀ ယောက်ပါသော လှေတစ်စီးကို ထိုင်ဘတ်ငွေ ၈၀၀ အထိ ကောက်ခံသည်ဟု သိရသည်။ ကျန်သည့် စစ်အစိုးရ၊ ငြိမ်းချမ်းရေးဂိတ်များ၊ အခြားဂိတ်များကောက်ခံမှု နှုန်းထားများကို မသိရသော်လည်း မွန်ပြည်သစ်ပါတီနှင့် သိပ်ကွာဟကြမည် မဟုတ်ပါဟု အဆိုပါဂိတ်တာဝန်ခံက ဆိုသည်။

ဘုရားသုံးဆူ ကားလမ်းတလျှောက်ရှိဂိတ်များ၌ ဘုရားသုံးဆူမြို့ဝင်ထွက် ဌာနပေါင်းစုံဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ DKBA ဂိတ်များအပြင် မြစ်ကျောတစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးရှိနေကြရာ လှေစီးဖြတ်သန်းရမည့် ဂိတ်များမှာ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF ဂိတ်၊ နောက်ထပ်DKBA ဂိတ်၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/PC ဂိတ်၊ မွန်ပြည်သစ်ပါတီ တားဒိန်ဂိတ်၊ နောက်ထပ် DKBA ဂိတ်၊ KNU ဂိတ်ကြီး များရှိကြပြီး ထိုနောက်တွင် အမည်မခေါ်နိုင်သော ဂိတ်ငယ်များ၊ မြန်မာစစ်အစိုးရ စစ်ကြောင်းတို့ကိုလည်း ငွေပေး ကြရပါသည်။ ကြာအင်းဆိပ်ကြီးမြို့အနီး အမြဲတမ်းလိုလို ကျောက်ချရပ်နားထားသည့် မြန်မာရေတပ်ကိုလည်း လှေသမားများ လှေဖြတ်သန်းခ ငွေကို လှေအဝင်အထွက်ပြုလုပ်တိုင်း ပေးဆောင်နေကြရသည်။

ထိုသို့အကောက်ဂိတ်များပြားနေသည့်အတွက်
နယ်စပ်မှကုန်ပစ္စည်းများ ပြည်တွင်းသို့တင်ပို့ရာ၌ လောလောဆယ် တွင် ကုန်သည်များ လမ်းခရီးအနေအထား အခြေအနေများကို စောင့်ကြည့်နေရဦးမည်ဟု ဘုရားသုံးဆူမြို့ ကုန်သည်အသိုင်းအဝိုင်းတို့က ပြောကြားနေကြသည်။


 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views