အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု

Kaowao
ဇွန် ၈၊ ၂၀၀၉။

ထိုင်ဝမ်၌ အနှစ်(၂၀)ပြည့် တိန်အန်မင်အရေးအခင်း တွင်ကျဆုံးသူများအား ဆုတောင်းမေတ္တပို့သနေပုံ

ဇွန်လ () ရက်နေ့သည် တရုတ်နိုင်ငံ တိန်အန်မင်
ရင်ပြင်၌
ဒီမိုကရေစီလှုပ်ရှားမှု ဖြိုခွဲခံခဲ့ရသည့် နေ့ဆိုးကြီး တနေ့ ဖြစ်သည်။ ဆန္ဒပြလှုပ်ရှားခဲ့ကြသောကျောင်းသား၊ ပြည်သူများကို စစ်တပ်ဖြင့် ရက်စက်စွာ နှိမ်နှင်းသတ် ဖြတ်ခဲ့သောနေ့ဖြစ်သည်။ ယင်းနေ့မကျရောက်ခင်
ဇွန်လ() ရက်မှ စတင်ကာ တရုတ်အစိုးရမှ လုံခြုံရေး တင်းကြပ်မှုများ ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာ ဝက်ဆိုက်များကိုလည်း ဇွန်လဆန်းကတည်းက
ကြိုတင်၍ ပိတ်ပင်ခဲ့သည်။

တိန်အန်မင်အရေးအခင်းအကြောင်းကို
နိုင်ငံတကာသတင်းဝက်ဆိုက်များမှ ဖော်ပြမည်ကို စိုးရွံ့၍ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ Twitter, Flickr, YouTube, Yahoo, Bing, Live, Hotmail အစရှိသော ဝက်ဆိုက်များကိုပါ ပိတ်ဆို့ ထားခဲ့သည်။

၁၉၈၉ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် ကျောင်းသားများ၊ အလုပ်သမားပြည်သူအများအပြားတို့ ဒီမိုကရေစီ ရရှိရေး အတွက် တိန်အန်မင်ရင်ပြင်၌ စုပေါင်းဆန္ဒပြနေစဉ် တရုတ်စစ်တပ်မှ တင့်ကားများဖြင့် လူထုကို အကြမ်းဖက် နှိမ်နှင်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီမှ လူ (၄၀၀) ခန့်သာသေဆုံးသည်ဟု ပြောဆိုခဲ့သော်လည်း ဘေဂျင်းရှိ အမေရိကန်သံရုံးကမူ လူ(၁၀၀၀)ကျော် သေဆုံးသည်ဟုပြောဆိုခဲ့သည်။ ယင်းလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဆန္ဒပြ ခေါင်းဆောင် (၃၀) ခန့်ယနေ့တိုင် အကျဉ်းထောင်၌ ရှိနေဆဲပင်။


တိန်အန်မင်ရင်ပြင်၌ ဆန္ဒပြလှုပ်ရှားမှုပုံ

လွန်ခဲ့သောရက်သတ္တပါတ်အတွင်း အဆိုပါ တိန်အန်မင်ရင်ပြင်သို့ နိုင်ငံခြားသတင်းထောက် ဝင်ရောက်မှုကိုလည်း တားဆီးခဲ့သည်။ တရုတ်အစိုးရမှလည်းလှုပ်ရှားမှုအခြေအနေကို အစဉ်အဆက်မပြတ် စောင့်ကြည်းကြည့်နေပြီး အခြေအနေတူးခြားမှုရှိပါက သတင်းပေးပို့ရန် အောက်ခြေအဆင့်ထိညွှန်ကြားထားသည်။ လွန်ခဲ့သောနှစ် (၂၀)က ဆန္ဒပြမှုတွင် အဓိက ပါဝင်ခဲ့သော ပီကင်းတက္ကသိုလ်တွင် ယ္ခု တက်ရောက်နေသောကျောင်းသားများ၏ လှုပ်ရှားမှုကို အစဉ်မပြတ် ကြည့်ရှုနေသည်။ ဒီမိုကရေစီ လှုပ်ရှားမှုကို စစ်တပ်ဖြင့် ဖြိုခွင်းခဲ့သော ၁၉၈၈ ခုနှစ်မြန်မာနိုင်ငံအရေးအခင်းတွင် ရက်စက်မှုတူညီနေသော နှစ်နိုင်ငံအစိုးရသည် သူတော်ချင်းသတင်းလေလွေ့ ပေါင်းဖက်တွေ့နေသည်မှာ အဆန်းမဟုတ်ပေ။ တရုတ်ပြည်တွင် သတင်းအမှောင် သော်လည်း ထိုင်ဝမ်တွင်မူ တိန်အန်မင်အနှစ် ၂၀ ပြည့် အထိမ်းအမှတ်ဆုတောင်းပွဲများ အခမ်းအနားများ ပြုလုပ် ခဲ့ကြသည်။


 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views