အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

သေနတ်သမားတစ်စုက ရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

Kaowao
ဇွန် ၄၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၄)။    ။ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့နှင့် နီးကပ်လျှက်ရှိသည့် တပ်ရင်း-၃ ကျေးရွာ၌ ယမန်နေ့ညပိုင်း ၇ နာရီ ၅၅ မိနစ်ခန့်တွင် နိုင်ခင်မောင်ဆိုသူ ဦးစီးအင်အား ၈ ယောက်ခန့်ရှိ မောင်းပြန်သေနတ်များ အပြည့်အစုံကိုင်ဆောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့တို့က ရွာသားနှစ်ဦးကို ကြိုးများဖြင့် ချည်နှောင်ကာ အခြား တစ်နေရာသို့ အတင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးအရာရှိ များက အတည်ပြုပြောကြားခဲ့သည်။

“တပ်ရင်း-၃ ကျေးရွာ ဥက္ကဌဟောင်း နိုင်ရွှေသောင်းနဲ့ ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို ဘာအကြောင်းကြောင့် အခုလိုဖမ်းဆီးရတာကို ကျနော်တို့လည်း နားမလည်ပါဘူး၊ သူတို့မှာ ပုဂ္ဂိုလ်ရေးအရ မကျေလည်စရာတွေရှိတာ မကြားမိပါဘူး” ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးကော်မတီဝင် နိုင်ဘတင်က သုံးသပ်ပြပါ သည်။

အဆိုပါ နိုင်ခင်မောင်အဖွဲ့တို့က ရွာဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို ဖမ်းဆီး ခေါ်ဆောင်နေစဉ်တွင်  AK-47 သေနတ် ၄ ချက် ပစ်ဖေါက်ခဲ့ပြီး လက်နက်ကိုင်အားလုံးတို့မှာ ပြောက်ကျားစစ်ဝတ်စုံ ကိုယ်စီနှင့်အတူ  M-79 လက်နက်ကြီးတစ်လက်ကိုလည်း တွေ့ခဲ့ရသည်ဟု မျက်မြင်များပြောပြသည်။

ထိုလက်နက်ကိုင်အဖွဲ့ကို စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲထားသည်ကို မလိုလားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးဟောင်းတစ်ဦးက ဦးဆောင်နေ သည်ဟု မွန်ပြည်သစ်ပါတီမှ ယူဆနေသည်။

ယ္ခုဝင်ရောက်ဖမ်းဆီးမှုကို ဦးဆောင်ခဲ့သူ နိုင်ခင်မောင် ဆိုသူမှာ လွန်ခဲ့သည့်နှစ်များတွင် အဆိုပါ တပ်ရင်း-၃ ကျေးရွာ၌ ကျေးရွာကာကွယ်ရေးခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီမှ ခန့်အပ်တာဝန် ပေးထားခဲ့ဘူးသူလည်း ဖြစ်သည်။

အဆိုပါ တပ်ရင်း-၃ ကျေးရွာသည် စစ်အစိုးရနှင့်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်မှုနယ်မြေ အတွင်း ကျရောက်နေပြီး အိမ်ခြေတစ်ရာကျော်ခန့်ရှိရာ ဘုရားသုံးဆူမြို့တောင်ဘက် ဆင်ခြေဖုံးအနီး မြို့နှင့်နီးကပ် လျှက်တည်ရှိသည်။

ဤဖြစ်ရပ်နှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ မြန်မာစစ်အာဏာပိုင်များက မွန်ပြည်သစ်ပါတီထံ တရားဝင်ဆွေးနွေး မေးမြန်းမှုများ မပြုလုပ်ရသေးသော်လည်း မြန်မာထောက်လှမ်းရေး အသိုင်းအဝိုင်းများကြားတွင် သတင်းအမှန် သိရှိနိုင်ရန် နယ်စပ်ကုန်သည်များနှင့် နယ်စပ်အစိုးရသတင်းပေးများ အပြင်းအထန် လိုက်လံစုံစမ်း မေးမြန်းနေကြ သည်ဟု ဘုရားသုံးဆူနယ်စပ် စစ်ဘက်လေ့လာသူများက ပြောဆိုနေကြသည်။

 


 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views