အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့် လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

Kaowao
ဇွန် ၃၊ ၂၀၀၉။

ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်စဉ်ပုံ

Ai la ဆိုင်ကလုံးမုန်တိုင်း ကြမ်းတမ်းစွာတိုက်ခံရသည့် ဒါဏ်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ (၂၈) ရက်နေ့အထိသေဆုံးသူ(၂၅၀) ကျော်ရှိပြီး ပျောက်ဆုံးသူ တစ်ထောင်ကျော် ရှိကြောင်း တာဝန်ရှိ အာဏာပိုင်များမှ အတည်ပြုခဲ့သည်။

မေလ (၂၅) ရက်နေ့မှစ၍ Ai la ဆိုင်ကလုံးမုန်တိုင်း
သည် ကုန်းတွင်းပိုင်းမှ စတင်ဝင်ရောက်တိုက်ခတ်လာ
ရာ ဘင်္ဂလားဒေ့ရှ်တွင် (၁၃၀) ဦးသေဆုံးခဲ့ပြီး အိန္ဒိယတွင် (၁၂၀) ကျော် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဆင်ဟွာသတင်းဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်းကြီး ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မစ္စတာ ရိုလမ်ကီဘီရားမှ မုန်တိုင်းဒါဏ်ကြောင့် လူပေါင်း (၆၅၀၀) ကျော်ထိခိုက်ဒါဏ်ရာရပြီး လူဦးရေ (၃.၄၇) သန်းခန့် မုန်တိုင်းဒါဏ်ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ကမ်းရိုးတန်းရှိခရိုင် (၁၄) ခရိုင်တွင်လည်း မုန်တိုင်းသင့်ခဲ့သဖြင့် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရွက်ဖျင်တဲ ဖြင့် နေထိုင်နေကြရသည်။

သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဖြစ်သူ မစ္စတာအက်ဘ်ဒါရာဇက်ခ်ကလည်း မုန်တိုင်းဒါဏ်သင့်ဒေသ တွင် ရွက်ဖျင်တဲများအရေးတကြီးလိုအပ်လျှက်ရှိပြီး နောက်ဆက်တွဲ ပြဿနာကြောင့် သေဆုံးမှု ပမာဏများလာ နိုင်ကြောင်း၊ အကူအညီများစွာ လိုအပ်နေသေးကြောင်း  ဝန်ခံခဲ့သည်။

Ai la မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် မေ(၂၃)ရက်နေ့က စတင်ခဲ့ပြီး မေလ(၂၅) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အနောက်တောင်ကမ်းခြေသို့ တစ်နာရီလျှင် ကီလိုမီတာ (၇၀) မှ (၉၀) အထိပြင်းထန်စွာ တိုက်ခတ် ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် မုန်တိုင်းဒါဏ်သင့်ဒေသများသို့ အမေရိကာန် ဒေါ်လာ ၃ သိန်းကျော်နှင့် ဆန်(၁၀) တန်ခန့် ကယ်ဆယ်ထောက်ပံ့ခဲ့ကြောင်း planet; news ဂျာနယ်မှ ရေးသားဖေါ်ပြထားပါသည်။


 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views