အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

Kaowao
ဇွန် ၂၉၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၂၉)။    ။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ၌ ယမန်နေ့ ဇွန်လ ၂၈ ရက်၊ နာရီကျော်ခန့်တွင် မိနစ်ပိုင်းခန့်ခြား၍ ဗုံးနှစ်လုံး ကျယ်လောင်စွာပေါက်ကွဲသံများ ကြားရသည်ဟု မြို့ခံများနှင့် ဆက်သွယ်မေးမြန်း ချက်အရ သိရသည်။

ပထမပေါက်ကွဲမှုမှာ
ဘုရားသုံးဆူမြို့ ၊ တပ်ကုန်းရှိ ခလရ ၃၂ တပ်ဧရိယာ ဧည့်ရိပ်သာအနီးဖြစ်ပြီး နောက် မိနစ် ခန့်အကြာတွင် SB နှင့် စရဖရုံးအနီး၌ ဒုတိယပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုကြသည်။ အဆိုပါပေါက်ကွဲမှုကြောင့် အထိအခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကို မည်သူ၊ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မှန်းဆရ အလွန်ခက်ခဲကြောင်း ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီမှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးက မိမိသတင်းဌာနကို ဆက်သွယ် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကို ယူဆချက်အမျိုးမျိုးဖြင့် ထင်မြင်ခန့်မှန်းနေကြသည်။ သို့သော် စစ်အစိုးရအာဏာပိုင်များက လက်ပစ်ဗုံးဖြစ်သည်ဟု မွန်ပြည်သစ်ပါတီကို အတည်ပြုပြောကြားခဲ့သည်။

ဤပေါ်က်ကွဲမှုသည် ဘုရားသုံးဆူမြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက ဖြစ်နိုင်ကြောင်း၊ ဒေသတစ်ဝိုက် တွင် လှုပ်ရှားလျှက်ရှိသော အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ပိုင်းများ၏ အတွင်းရေးများ၊ မူယစ်ဆေး ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းတို့တွင် ပါဝင်ပတ်သက်နေသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အား ဘုရားသုံးဆူမြို့
ပေါ်ရှိ
လက်ရှိ SB, စရဖ၊ တပ်ရင်းထောက်လှန်းရေးတို့သည် သက်ဆိုင်ရာအထက်ဌာနအသီးသီးသို့ သတင်း တင်ပြမှုများ ပြုလုပ်နေသည်ကို သိရှိနေကြကြောင်း၊ ၄င်းလုပ်ရပ်အားမကျေနပ်၍ သတိပေးသည့်အနေဖြင့် ဖေါက်ခွဲပြခဲ့သည်ဟု ၄င်းတို့ယူဆကြောင်း ဘုရားသုံးဆူမြို့ရှိ အမည်မဖေါ်လိုသော မြန်မာရဲတစ်ဦးနှင့် ဆက်သွယ် မေးမြန်းမှုတွင် အသေးစိတ်ဖြစ်စဉ်များနှင့်တကွ ရှင်းပြခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အစိုးရဖက်မှ ဘုရားသုံးဆူဒေသတစ်ဝိုက် လှုပ်ရှားလျှက်ရှိသော အပစ်ရပ်အဖွဲ့များနှင့် လက်နက်ချအဖွဲ့အစည်းများကိုလည်း လုံခြုံရေးကိစ္စများကိုအစဉ်သတိရှိနေစေရန်၊ သတင်း ဖလှယ်ကြရန်နှင့် ညဖက်များတွင် လက်နက်များကိုင်ဆောင်ပြီး၊ ပြောက်ကျားစစ်ဝတ်စုံများဖြင့် သွားလာလှုပ်ရှား
မှု
မပြုကြရန် အသိပေးအကြောင်းကြားခဲ့သည်။

ဘုရားသုံးဆူမြို့နှင့်အနီးတဝိုက်တွင် စစ်အစိုးရတပ်ဖွဲ့များအပြင် မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေ၊ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF,၊ KNU-KNLA/PC အမှတ် ၇၀၉ တပ်ရင်းနှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views