အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်

Kaowao
ဇွန် ၂၅၊ ၂၀၀၉။

စံခလပူရီ(မေ-၂၅)။    ။ပအိုဝ်းလူငယ်အစည်းအရုံးPa-O Youth Organizationမှ“အနာဂတ်ကို လုယူဖျက်စီးခြင်း” အစီရင်ခံစာ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပမည်ဖြစ်ရာ ပြည်ပရောက် NGO’s များနှင့် သတင်းဌာနတို့ကို ဖိတ်ကြားခဲ့ပါသည်။

လာမည့် ဇွန်လ ၂၉ ရက်နေ့၊ ၂၀၀၉ (တနင်္လာနေ့)၊ နံနက် ၁၀း ၃၀ နာရီမှ ၁၂း ၀၀ နာရီအထိ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ ရှိ International Center (IC), Campus of Chiang Mai University တွင် ကျင်းပသွားမည်ဟု သိရသည်။

ဤသတင်းစာရှင်းလင်းပွဲ ကျင်းပရသည့်ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ဆျန်ကီကို မေးမြန်းဆက်သွယ်ခဲ့ရာ “ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပင်းပက်သတ္တုတွင်းနဲ့ ပတ်သက်ပြီး ဒီအတောတွင်းမှာ ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို လူသိရှင်ကြား ကျွန်တော်တို့ ဖေါ်ထုတ်နိုင်မယ် လို့ယူဆပါတယ်၊ နောက်ပြီး ယူရေနီယံတူးဖေါ်မဲ့ကိစ္စ သတင်းနဲ့ပတ်သက်ပြီးတော့ စောင့်ကြည့်စစ်ဆေးစေချင်တယ် ၊ နောက်ဆုံးတောင်းဆိုချင်တာကတော့ ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီအားလုံး လုပ်ငန်းရပ်ဆိုင်းပြီး တော့ ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်လယ်ယာတွေအတွက် သူတို့ရဲ့နစ်နာကြေးတွေ လုံလောက်စွာ ပေးဖို့ သတင်းမီဒီယာကနေတဆင့် သက်ဆိုင်တဲ့ကုမ္ပဏီတွေကို တင်ပြလိုပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ၁၀ ကီလိုမီတာခန့်၌ မြန်မာစစ်တပ် ပိုင်ကုမ္ပဏီနှင့် ရုရှားအစိုးရပိုင် ကုမ္ပဏီများမှ တူးဖေါ်တည်ဆောက်သည့် ပင်းပက်သံသတ္တုတွင်းစီမံကိန်းနှင့် စက်ရုံ များကြောင့် ဒေသခံရွာသားများအပေါ် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုများအကြောင်းကို တင်ပြမည်ဟု သိရှိရသည်။

 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views