အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ပြည်တွင်းဗီဒီယိုလုပ်ငန်းများ ပိုမိုတင်းကြပ်လာတော့မည်

Kaowao
ဇွန် ၂၁၊ ၂၀၀၉။

ရန်ကုန်(ဇွန်-၂၁)။    ။ရန်ကုန်တိုင်း ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေးကော်မတီမှ လိုင်စင်မဲ့သက်တမ်းလွန် ဗီဒီယို လုပ်ငန်းရှင်များကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေဖြင့် အရေးယူသွားမည်ဟု စစ်အစိုးရ ယနေ့ထုတ်သတင်းစာ များတွင် ဖေါ်ပြခဲ့သည်။

အဆိုပါ သတင်း ဖေါ်ပြချက်တွင် ဗီဒီယိုထုတ်လုပ်ခြင်း၊ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ဗီဒီယိုတိတ်ခွေ (VCD,DVD) ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်းနှင့် ဗီဒီယိုပြသခြင်း (ရုံ၊ ကာရာအိုကေခန်းမ-KTV၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်များ) အားလုံးတို့နှင့် အကျုံးဝင်ဟု ဆိုသည်။

မော်လမြိုင်မြို့မှ
အမည်မဖေါ်လိုသော ဗီဒီယိုလုပ်ငန်းရှင်တစ်ဦးကို ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် “လုပ်ငန်းလိုင်စင်အတွက် အမျိုးအစားတစ်မျိုးကို လုပ်ငန်းလိုင်စင် အသစ်စလုပ်တဲ့ ပထမနှစ်မှာ ကျပ်တစ်သိန်း ဝန်ကျင်လောက် ကုန်ကျတယ်၊ ရပ်ကွက်ကျေးရွာဥက္ကဌ၊ သက်ဆိုင်ရာရဲစခန်း၊ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့၊ ရုံနဲ့ ပြသတဲ့သူတွေဆိုယင် မြို့နယ်မီးသတ်၊ ဆေးရုံ၊ စာတိုက်နဲ့ကြေးနန်းစတဲ့ဌာနတွေရဲ့ ထောက်ခံချက်ပါယူရတယ်၊ အဲဒီကထောက်ခံချက်တွေရဖို့အတွက် ငွေပေးကြရတာပါပဲ” ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်၌ ဗီဒီယိုရိုက်ကူးတည်းဖြတ်ရေးလုပ်ငန်းရှင် ၃၀ ဦးဝန်းကျင်ခန့်ရှိပြီး အားလုံးလိုမှာ လုပ်ငန်းလိုင်စင်ဆောင်ထားကြသူများ ဖြစ်သည်။ KTV ဆိုင်များမှာ အရေအတွက်အတိအကျ မသိနိုင်သော်လည်း ဆိုင်ပေါင်း ၅၀ ထက်မနည်းရှိသည်ဟု သိရသည်။

သံဖြူဇရပ်မြို့ရှိ ဗီဒီယိုရိုက်ကူး၊ တည်းဖြတ်လုပ်ငန်းရှင် တစ်ဦးကလည်း “ဒုတိယနှင့်သက်တမ်းတိုးတဲ့အခါမှာ အခွန်ကိစ္စတွေပါလာတယ်၊ စက်ကိရိယာတွေရဲ့ စုစုပေါင်းရင်းနှီးထားရတဲ့တန်ဖိုး၊ ဒီငွေတွေဘယ်ကရခဲ့၊ ဒီနှစ်မှာ ရိုက်ကူးတည်းဖြတ်လို့ရတဲ့ဝင်ငွေ စတာတွေကပိုလာပါတယ်၊ မြို့နယ်အကောက်ခွန်ဌာနက ထောက်ခံမှ ပြည်နယ်
က
ဆက်ပြီးသက်တမ်းတိုးပေးမယ်၊ အခွန်ကတော့ လုပ်ငန်းတမျိုးစီအတွက် ငါးသောင်းနဲ့တစ်သိန်းကြားမှာပဲ၊ ညှိပြီးလုပ်ယင်နည်းနည်းသက်သာတယ်၊” ဟု ဆိုပါသည်။

သို့သော် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့တို့တွင် ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းအများအပြားရှိသော်လည်း  ဗီဒီယိုလုပ်ငန်း လိုင်စင် ပြုလုပ်ထားသူ အနည်းငယ်သာရှိကြောင်း ရိုက်ကူးရေးသမားများထံမှ သိရသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတရပ်ရပ်ကို ချိုးဖောက်သူအား သုံးနှစ်အထိ ထောင်ဒဏ်များအပြင် ငွေဒဏ်များ လည်း ကျခံနိုင်ဖွယ်ရှိသည်ဟု သိရသည်။

သို့သော် ဗီဒီယိုခွေ ခိုးကူးနေသူများကို သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးမိသည့် သတင်းများ မရှိခဲ့ပါ။

ဗီဒီယိုလုပ်ငန်းလိုင်စင်ကို မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့မှတဆင့် ပုံစံများဝယ်ယူ၌ သက်ဆိုင်ရာပြည်နယ်၊ တိုင်းအသီး သီးရှိ ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေးကော်မတီထံ လာရောက်လျှောက်ထားရသည်ဟု သိရသည်။ သို့ရာတွင် စတင်လျှောက်ထားသည့်နေ့ရက်မှ အနည်းဆုံး လကြာမြင့်ပြီးမှ လုပ်ငန်းလိုင်စင်များ ချပေးသည်ဟုဆိုကြသည်။

လွန်ခဲ့သည့်လတွင်လည်း စစ်အစိုးရက ရေဒီယိုလိုင်စင်များ ပြုလုပ်ကြရန်၊ မပြုလုပ်သူများကို ကြေးနန်းအက် ဥပဒေဖြင့် အရေးနိုင်သည်ဟု သတင်းစာများတွင် ဖေါ်ပြခဲ့သည်။



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views