အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

တုတ်ကွေးရောဂါတစ်မျိုး ဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ

Kaowao
ဇွန် ၂၀၊ ၂၀၀၉။

စံခရပူရီ(ဇွန်-၂၀)။     ။ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသတလျှောက် ကျေးရွာများ၌ ယခုလဆန်းပိုင်းမှစ၍ တုတ်ကွေးရောဂါတစ်မျိုး ပြန့်နှံ့နေသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့ရှိ မြန်မာဆရာဝန်တစ်ဦးက “ဒီရောဂါနာမည်ကို အတိအကျပြောဖို့ခက်ပါတယ်၊ လေကတဆင့် ပြန့်နှံ့ပြီးကူးစက်တာပါဘဲ၊ ခြင်ကမဟုတ်ဘူး၊ ပဋိဇီဝပိုးသတ်ဆေးတွေကို ကျနော်တို့ မသုံးကြသေးဘူး၊ ထိုင်းဆရာဝန်တွေလည်း ဒီလိုပါဘဲ ဖြစ်ပေါ်လာတဲ့လက္ခဏာတွေအပေါ် ဝေဒနာသက်သာအောင် ကုသပေးနေ တာပါဘဲ၊ ဥပမာ  အပူတက်ရင်အပူကျအောင်၊ ကိုက်ခဲရင် ကိုက်တဲ့ ဝေဒနာသက်သာအောင်၊ အဖုအပိတ်တွေ ထွက်ရင် ဆေးရည်လိမ်းပေးလိုက်တာတို့” ဟုဆိုသည်။

ထိုဒေသရှိ မွန်ကျန်းမာရေးမှူးတစ်ဦးကလည်း “ရောဂါဖြစ်တဲ့ သူတွေအားလုံး ဆေးရုံတစ်နေရာထဲ စုပြီးထားဖို့က အလျှင်မမီတော့ဘူး၊ နေရာလည်းဆန့်မှာမဟုတ်ဘူး၊ နေရာတိုင်းမှာ ပြန့်နှံ့နေပြီ၊ ချောင်းဆိုးနှာချေတာကနေ ကူးစက်တော့တာပါဘဲ” ဟု ဆိုပါသည်။

ဤတုတ်ကွေးရောဂါလက္ခဏာမှာ ရုတ်တရက်အဖျားတက်၍ ကိုယ်လက်များနာကျင်ကိုက်ခဲကာ လေဖြတ်သလို ခံစားကြရသည်။ အချို့မှာ လမ်းမလျှောက်နိုင်ပါ။ အများအားဖြင့် (၁၀) ဆယ်ရက်ခန့် ဝေဒနာခံစားကြရသည်ဟု ကြံတောရွာမှ မွန်ကျန်းမာရေးမှူးတစ်ဦးက ပြောပါသည်။

ရောဂါပျောက်ဆုံးချိန်၌ အချို့လူနာများတွင် ရေဖျဉ်းကဲ့သို့ အဖုအပိတ်များ၊ ဝက်သက်များကဲ့သို့ လက္ခဏာများ ဖြစ်ပေါ်တတ်ပြီး ယားယံဝေဒနာများကိုလည်းခံစားကြရသည်။

ဤတုတ်ကွေးရောဂါကြောင့် အသက်သေဆုံးသူမရှိသေးဟု မွန်ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။ သို့သော် ဝေဒနာဖြစ်ပေါ်ချိန်တွင် အလွန်ခံစားရသည်ဟု ဆိုကြသည်။

ဆက်သွယ်မေးမြန်းချက်များအရ ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူဒေသမြို့၊ အနီးတဝိုက်ရှိ ဂျပန်ရေတွင်းရွာ၊ ကြံတောရွာ၊ တပ်ရင်းသုံးရွာ၊ ရွာသစ်ရွာ၊ ကျော့ဗလု၊ ကျုံကဝီး၊ ချောင်းဆုံ (ကရိန်ထော)ရွာတို့တွင် အဆိုပါ တုတ်ကွေးရောဂါများ ပြန့်နှံ့နေသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ် အနီးဒေသရှိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အင်းခွ ရွာတဝိုက်၊ တောင်ပေါက်၊ ဗိုကတော် စသည့်ကျေးရွာများတွင်လည်း ဤကဲ့သို့ တုတ်ကွေးရောဂါများ ခံစားနေ ကြရကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ကြံတောရွာမှ ဆေးမှူးတစ်ဦးက ဤတုတ်ကွေးရောဂါမှာ မြန်မာနိုင်ငံကဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမား အချို့ထံမှ ကူးစက်ခံခဲ့ကြရသည်ဟု ဆိုသည်။

ဘုရားသုံးဆူမြို့၊ ဂျပန်ရေတွင်း၊ ကြံတော၊ တပ်ရင်းသုံးစသည့် ကျေးရွာများသည် ထိုင်းနိုင်ငံသို့ဝင်ရောက်ကြသည့် မြန်မာအလုပ်သမားများ ခေတ္တစခန်းချ နားခိုရာနေရာများ ဖြစ်နေသည်။

 




Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views