အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူမြို့နယ်စပ်တွင်  တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ

Kaowao
ဇွန် ၁၆၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၁၆)။ ။ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့ဘုရားသုံးဆူမြို့နယ်ဒေသ၌ တုတ်ကွေးရောဂါတမျိုး ဖြစ်ပွါးနှုန်း ပိုမိုများပြားလာကြောင်း မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနနှင့် ဆက်သွယ်မေးမြန်းချက်အရသိရသည်။

“သုံးဆူမြို့နယ်ကြံတောရွာရယ်၊ တပ်ရင်း(၃)ကျေးရွာရယ်၊ ဂျပန်ရေတွင်း ရွာမှာရောဂါဖြစ်ပွါးတဲ့ သူများနေတယ်။ ဒီရောဂါဟာ Measalegerman လို့ခေါ်တယ်။ ဗိုင်းရပ်ရောဂါပိုးတွေ အသက်ရှုလမ်းကြောင်းက တဆင့်ကူးစက် လာတာပါ။ ကျွန်တော်တို့လည်းအတတ်နူိင်ဆုံး ကုသပေးနေပါတယ်၊ ဒီရောဂါကြောင့် အသက်ဆုံးရှုံမှုတွေ မရှိ ခဲ့ပါဘူး၊ ဆေးဝါးကုသမှုအပိုင်းမှာ လောလောဆယ်ရှိတဲ့ ဆေးဝါးတွေနဲ့ တတ်နို်င်သလောက်သာ ကုသပေးနေ ရပါတယ်၊ ရုတ်တရက်လူနာတွေ တိုးလာတော့ ဆေးဝါးလည်းအလုံအလောက် မရှိပါဘူး” ဟု မွန်ပြည်သစ်ပါတီမှ
ကျန်းမာရေးမှုးတစ်ဦးကပြောပါသည်။

အထူးသဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်ထားရာနယ်မြေရှိ ကြံတောကျေးရွာ၊ တပ်ရင်းသုံးကျေးရွာနှင့် ဂျပန်ရေတွင်း
ကျေးရွာများ၌ အဖြစ်များလျှက်ရှိသည်။ ဂျပန်ရေတွင်းကျေးရွာ ဆေးရုံတွင် လူနာ (၄၀)ဦးကျော် ယင်းတုတ်ကွေး ရောဂါဝေဒနာခံစားနေကြရပြီး ကြံတောကျေးရွာနှင့်တပ်ရင်းသုံးကျေးရွာတို့၌ အိမ်တိုင်းလိုလိုပင် ရောဂါဝေဒနာ ခံစား နေကြရသည်။

ဒေသခံတချို့က ၄င်းရောဂါကိုနီပွန်ရောဂါဟုလည်း ခေါ်ဝေါ်နေကြသည်။

အဆိုပါရောဂါဖြစ်ပွါးသော တပ်ရင်းသုံး ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီးကြံတော ကျေးရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိသည်။ ဂျပန်ရေတွင်းမှာအိမ်ခြေ ၃၀၀ကျော် ရှိပြီး မွန်ပြည်သစ်ပါတီ၏အုပ်ချုပ်မှုအောက်တွင် တည်ရှိနေသည်။

ယင်းတုတ်ကွေးရောဂါ ဝေဒနာခံစားခဲ့ရသူ ကြံတောကျေးရွာနေ မိခိုင်သဇင်က “ရောဂါဖြစ်စဆိုယင် မနက်အိပ်ရာ နိုးတာနဲ့ ကိုယ်လက်တွေ ကိုက်ခဲလာတယ်။ လမ်းမလျှောက်နူိင်တော့ဘူး၊ အဖျားလည်းတက် ကိုယ်ကလည်း ပူလိုက်အေးလိုက်နဲ့ နေရခက်တယ်။ နီးစပ်ရာဆေးမှုးတွေနဲ့ ကုလိုက်တာ အဖျားပျောက်သွားတာနဲ့ ကိုယ်ပေါ်မှာ ခြင်ကိုက်ထားသလို အဖုအပိတ်တွေ၊ ထွက်လာတယ်၊ ၇ ရက်လောက်ခံစားလိုက်ရတယ်”သည်ဟု ကောင်းဝါ သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်နှင့်စူရပ်ဌာနီတို့တွင်လည်း ယခုကဲ့သို့ကူးစက်တုတ်ကွေး ရောဂါများဖြစ်ပွားခံစားနေရပြီး၊ Measalegermam တုတ်ကွေးရောဂါသည် အသက်ကိုအန္တရာယ် မပြုနိုင်ဟု ယူဆနိုင် သော်လည်း ကူးစက်မှုမြန်ဆန်သဖြင့် ကျန်းမာရေးအရသတိပြုသင့်သည်ဟု မွန်ကျန်းမာရေးဌာနက ဆိုပါသည်။

 




Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views