အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်

Kaowao
ဇွန် ၁၅၊ ၂၀၀၉။

စံခလပူရီ(မေ-၁၅)။    ။၂ဝဝ၉ ခုနှစ် ဇွန်လ ၁၂ ရက်၌ တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က လက်ရှိမြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

(၁) နအဖစစ်အစိုးရမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအမှုဆင်၊ တရားစွဲပြီး၊ မတရား အပြစ်ပေးရန် ကြံစည်နေခြင်းသည် လုပ်ကြံမှုသက်သက်သာဖြစ်သည်။

(၂) အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရဆွေးနွေးခြင်း၊ နိုင်ငံရေးအရသဘောတူညီချက်များ ရယူခြင်းမရှိဘဲ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖန်တီးလုပ် ဆောင်နေခြင်းသည် အဆိုပါအပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများ၏ နိုင်ငံရေးတွင် အရေးပါမှုအခန်း ကဏ္ဍနှင့် တပ်ဖွဲ့တည်ရှိမှု ပျောက်ပျက်သွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

(၃) ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း နအဖစစ်တပ်များ က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည်၎င်း၊ အတင်းအဓမ္မတပ်သားစုဆောင်းခြင်း၊ ကလေးသူငယ်များကို စစ်သား အဖြစ်စုဆောင်းခြင်းအပါအဝင် လူ့အခွင့်အရေးများကို နေ့စဉ်နှင့်အမျှ ချိုးဖောက်နေခြင်းသည်၎င်း၊ ထောင်ပေါင်း များစွာသော အပြစ်မဲ့ဒေသခံပြည်သူများကို စစ်ပြေးဒုက္ခသည်များအဖြစ်သို့ သက်ရောက်စေခြင်း အားဖြင့် အိမ်နီး ချင်းနိုင်ငံများအပါအဝင် ဒေသအတွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာနေခြင်းဖြစ်သည့်အပြင် နအဖ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း သည်လည်း ဟန်ပြသက်သက်သာဖြစ်ကြောင်း ထင်ရှားစေသည်။

(၄) နအဖစစ်အစိုးရ၏ အတုအယောင်အမျိုးသားညီလာခံက ရေးဆွဲပြဌာန်းလိုက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတင်းအဓမ္မအတည်ပြုပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာခြင်းသည် တိုင်းပြည်၏ လက်ရှိအထွေထွေ အကြပ်အတည်းပြဿနာများအား ဖြေရှင်းနိုင်မည့်နည်းလမ်း မှန်မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်တရားဝင်တည်တံ့ခိုင်မြဲရေးကို လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် နအဖစစ်အစိုးရအနေဖြင့် အထက်ပါကျူးလွန်နေမှုများကို အမြန်ဆုံးရပ်တန့်ပြီး လက်ရှိနိုင်ငံရေး ပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုအမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်ဟု ဖေါ်ပြခဲ့သည်။

ထို့ အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တောင်းဆိုထားပြန်သည်။

ဤထုတ်ပြန်ချက်ကို ၂ဝဝ၉ ခု ဇွန်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၅)ရက်တိုင်တိုင် ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ပြုလုပ်ခဲ့သည့် ENC ဒုတိယသက်တမ်း စတုတ္ထအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုံးလ ပတ်ပုံမှန်အစည်းအဝေးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ)- Ethnic Nationalities Council ( Union of Burma) ကို တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

 

 




Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views