အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

ရန်ကုန်: Kaowao
ဇွန် ၁၃၊ ၂၀၀၉။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးအကြောတွင်းထိုးသွင်းသူများ ပြည့်တန်ဆာခန်းများ နိုက်ကလပ်များ၊ အမျိုး သမီးဖြေဖျော်ရေး ကာရာအိုကေဆိုင်များ အထူးများပြားလာသောကြောင့် အိတ်ခ်ျအိုင်ဗွီရောဂါပိုးပြန့်နှံ့တိုးပွါး လျှက်ရှိသည်။

၂၀၀၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ခဲ့သော စာရင်းဇယား အစီရင်ခံစာအရ (၂၀၀၇)ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၃)ဆမြင့်တက်လာကြောင်း သိရပါသည်။ (၂၀၀၈)ခုနှစ်စစ်တမ်းအရ ရန်ကုန်မြို့တွင် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ        ရောဂါပိုးတွေ့ရှိမှု (၁၉)ရာခိုင်နှုန်းရှိပြီး (၂၀၀၇)တွင်မူ ၆ ဒဿမ၅ ရာခိုင် နှုန်းရှိသည်ကိုလည်းကောင်း မြစ်ကြီးနားမြို့တွင်ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ (၂၀၀၈)ခုနှစ်တွင် ၅၄ ဒဿမ ၅ ရာခိုင် နှုန်း (၂၀၀၇)ခုနှစ်တွင် ၁၇ ဒဿမ ၉ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
ယခုအခါမြို့နယ်တိုင်းလိုလို၌ တိတ်တိတ်ပုန်းပြည့်တန်ဆာခန်းများ အမျိုးသမီးဖြေဖျော်ရေးကာရာအိုကေဆိုင် များ အထူးများပြားလာပြီး ၄င်းမှရောဂါပိုး ကူးစက်မှုနှုန်းကိုမူ စာရင်းဇယားထုတ်ပြန်မှုမရှိသေးပေ။ အထူးသဖြင့် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင်မူ နိုက်ကလပ်များနှင့် အမျိုးသမီးလိင်ဖြေဖျော်ရေးဆိုင်များ၊ အနှိပ်ခန်းများ အများအပြားရှိနေသည်။ သိမ်ကြီးဈေးအပေါ်ထပ်တွင် အမျိုးသမီးလိင်ဖြေဖျော်ရေးနိုက်ကလပ်များ အများအပြားရှိ နေဆဲဟု ကိုယ်တိုင်ရောက်ဘူးသူ မော်လမြိုင်မြို့နေ ကိုကျော်ဦးမှပြောပါသည်။

“သိမ်ကြီးဈေးအပေါ်ထပ်မှာ ဆိုယင် နိုက်ကလပ်တွေတော်တော်များတယ်။ ကိုယ်ဝင်လာပြီးဆိုယင် ဧည့်  ကြိုကောင်လေးတွေအပြိုင်ခေါ်ကြတယ်။ ဝင်ကြေးက(၄၀၀၀)ကျပ်ပေါ့။ အပေါ်ကိုဓါတ်လှေခါးနဲ့တက်ရတယ်။ အခန်း ထဲရောက်တော့ဘီယာတစ်ဗူးပေးတယ်။ မိန်းခလေးတွေ ခန့်မှန်းခြေ (၁၅၀)လောက်တော့ရှိမယ်ဗျ။ အဲဒီမှာကိုယ် ကြိုက်တဲ့မိန်းခလေးကို ဈေးညှိပြီး တည်းခိုခန်းကိုခေါ်သွားရတယ်။ တက္ကစီကအစ တည်းခိုခန်းကအဆုံး သူ့အဆက် အသွယ်နဲ့သူဆိုတော့ ဘာမှပူစရာမလိုဘူး။

ထိုလုပ်ငန်းအားလုံးကို မြန်မာစစ်အာဏာပိုင်များနှင့် နီးစပ်သူများသာလုပ်ပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာဌာန အသီးသီးကိုပူဇော်ပသရသည်။ မိန်းခလေးအချို့မှာ စားဝတ်နေရေးအရသော်၎င်း ပကာဓနအလှအပပစ္စည်းဝယ်ရန် အတွက်သော်၎င်း ခန္ဓာကိုယ်ကိုအရင်းပြု၍ လုပ်ကိုင်နေကြသည်။ ယင်းလိင်ရောင်းဝယ်ရေးမှတဆင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးများ ကူးစက်ပြန့်ပွါးမှုမှာ တနေ့ထက်တနေ့ များပြားလာပေသည်။ လိုအပ်သောပညာပေးမှုအပိုင်း ကျန်းမာ ရေးစောင့်ရှောက်မှုအပိုင်းတွင်လည်း စစ်အစိုးရမှတာဝန်ယူလုပ်ဆောင်ခြင်းမရှိသဖြင့်အနာဂါတ်အတွက်ရင်လေးစ ရာဖြစ်ကြောင်း စစ်အစိုးရနှင့်နီးစပ်သူ ဆရာဝန်တစ်ဦးပြောဆိုချက်အရ သိရပါသည်။




Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views