အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

Kaowao
ဇွန် ၁၃၊ ၂၀၀၉။

စံခလပူရီ(မေ- ၁၃)။     ။ လွန်ခဲ့သော ဇွန်လ ၇ ရက်နေ့၌ မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင် ၅ ဦးနှင့် ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ တွေ့ဆုံခဲ့ကြရာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ပြန်လည်စဉ်းစားစေလိုကြောင်း တိုင်းမှူးကပြောကြားခဲ့သည်ဟု မွန်ပြည်သစ်ဗဟိုနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ကိစ္စနှင့်ပတ်သက်၍ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ၉ ဦး မကြာမီတွင်အစည်းအဝေးခေါ်ယူမည်ဟု သိရသည်။ သို့သော် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ပြည်ပခရီးထွက်ခွာနေသဖြင့် မွန်ပြည်သစ်ပါတီဗဟိုဌာချုပ်သို့ ပြန်ရောက်မှသာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်နိုင်မည်ဟု ဆိုသည်။

ယင်းဗဟိုအလုပ်အမှုဆောင်ကော်မတီမှ မွန်ပြည်သစ်ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ခေါ်ယူရန်ဆုံးဖြတ်ခဲ့လျှင် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း၏ ယခုတင်ပြလာသည့် အချက်အလက်များကို မွန်သစ်ပါတီမှ တဖန်ပြန်လည်သုံးသပ်ကြမည်ဖြစ်သည်။

အကယ်၍ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးကို ခေါ်ယူရန် မဆုံးဖြတ်ခဲ့လျှင် မွန်ပြည်သစ်ပါတီမှ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စကို လက်ခံမည်မဟုတ်ကြောင်း၊ ယခင်ဆုံးဖြတ်ခဲ့သည့်အတိုင်း သဘောထားများ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ဗဟိုကော်မတီဝင် တစ်ဦးက သုံးသပ်ပြသည်။ 
လွန်ခဲ့သောမတ်လ၌ စစ်အစိုးရ၏ စစ်ဖက်လုံခြုံရေး ညွှန်ချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး ကိစ္စတို့ကို ပြောဆိုခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များအားလုံးနှင့်လည်း တွေ့ဆုံလိုသည်ဟု ဗိုလ်ချုပ်ရဲမြင့်က တောင်းဆိုခဲ့ဘူးသည်။

ထိုနောက်တွင် မွန်ပြည်သစ်ပါတီက လွန်ခဲ့သည့်ဧပြီလဆန်းပိုင်း၌ ဒုတိယအကြိမ် မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အစည်းအဝေးကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။

ထိုအစည်းအဝေးမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေးကိစ္စတို့ကို ၂၀၀၉ ဇန်နဝါရီလဆန်းပိုင်းကပြုလုပ်ခဲ့သော သတ္တမအကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုကွန်ကရက်အစည်းအဝေးမှ ဆုံးဖြတ်ထားသည့်အတိုင်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေကို မွန်ပြည်သစ်ပါတီမှ လက်မခံသဖြင့် အဆိုပါရွေးကောက်ပွဲကို ဝင်မည်မဟုတ်ကြောင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်မှုအောက်တွင်သာ ယခုကဲ့သို့ပင် ဆက်လက်ထားရှိနေမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုမှ နအဖထံ စာဖြင့်အကြောင်းပြန်ခဲ့သည်။

မတ်လဆန်းပိုင်းက ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၊ ရတခတိုင်းမှူးနှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးတို့ တွေ့ဆုံခဲ့ကြရာတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA၏ စစ်ဦးစီးချုပ် မပါဝင်ခဲ့ပေ။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ တွေ့ဆုံခဲ့ရာ၌ MNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇွဲယဲ့ ပါဝင်လာသည်။ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းဗဟိုအလုပ်အမှုဆောင် ၉ တွင် MNLA စစ်ဦးချုပ်တစ်ဦး ပါဝင်သည်။။

၁၉၉၅ ဇွန်လ ၂၉ ရက်နေ့က နဝတနှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်အပစ်အခတ်ရပ်စဲ သဘောတူညီမှု ရယူခဲ့စဉ်၌ နယ်ခြားစောင့်တပ်ဖွဲအသွင်ပြောင်းလဲရေးကိစ္စ မပါဝင်ခဲ့ဟု သိရသည်။

လွန်ခဲ့သည့်လက မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် DVB မြန်မာပိုင်း ရေဒီယိုနှင့် ဆက်သွယ်မေးမြန်းချက် တစ်ခု၌ အပစ်ခတ်ရပ်စဲသဘောတူညီမှု အချက်အလက်များတွင် ဤနယ်ခြားစောင့်တပ်ဖွဲ့ ကိစ္စမပါဝင်ခဲ့သဖြင့် မွန်ပြည်သစ်ပါတီက လက်မခံကြောင်း ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် မေလ ၂ရ ရက်နေ့၌ ဗိုလ်ချုပ်ကြီးရဲမြင့် မော်လမြိုင်မြို့သို့ တိတ်တဆိတ် ရောက်ရှိခဲ့စဉ်တွင် DKBA, KPF, KNU-KNLA/PC ကရင်လက်နက်ချအဖွဲ့များ၊ မွန်ခွဲထွက်အမည်ခံ အဖွဲ့ငယ်တစ်ချို့နှင့် တွေ့ဆုံခဲ့ကြသည်ဟု ရတခနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။ မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံရန် အစီအစဉ်မရှိခဲ့ပါ။ ထိုနေ့တွင် မော်လမြိုင်မြို့၌ ဗုံး ၃ နေရာ ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

ယခုလ ၉ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး နှင့်အဖွဲ့ကို အပစ်ရပ် NDAA ဥက္ကဌ ဦးစိုင်းလင်းနဲ့အဖွဲ့က မိုင်းလား၌ လက်ခံတွေ့ဆုံပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို ကိုးကန့်/ ပန်ဆန်းတပ်ဖွဲ့ ကဲ့သို့ပင်လက်မခံနိုင်ကြောင်း ပြောကြားချက်ကို သျှမ်းသံတော်ဆင့် အင်တာနက်သတင်း စာမျက်နှာတွင် ဖေါ်ပြပါရှိသည်။

စစ်အစိုးရရဲ့ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များက ဧရာဝတီသတင်းဌာနကို ဇွန်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ထို့အတူKIO၏ ကချင် လွတ်မြောက်ရေးတပ်မတော် KIA မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်သည့်အချိန်ကျမှ နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်း တာဝန်ယူနိုင်မည် ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဇွန်လ ၁၀ ရက်နေ့မ၌ ဧရာဝတီအင်တာနက် သတင်းဌာနနှင့် မေးမြန်းချက်တစ်ရပ်တွင် ပြောဆိုခဲ့သည်။ သို့သော် KIO အနေဖြင့် စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို တရားဝင် တုံ့ပြန်ခြင်း မပြုရသေးပါ။

ယခုလ ၄ ရက်နေ့တွင်လည်း စရဖအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် လောက်ကိုင်မြို့၌ တွေ့ဆုံခဲ့စဉ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ဥက္ကဌ ဖုန်ကြားရှင်က နောင်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
အကြီးမားဆုံးအပစ်ရပ်အဖွဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ယခုလ ၆ ရက်နေ့က မိုင်းလားမြို့ဌာနချုပ်၌ သွားရောက်တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ်ကို ဝတို့က လက်မခံကြောင်း ထပ်မံပြောဆိုခဲ့သည်။ ဤလက်မခံသည့် ကိစ္စရပ်ကို လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့၌  UWSA ဌးနချုပ်က နအဖထံ Fax ဖြင့်အကြောင်းပြန်ခဲ့ကြောင်း သတင်းများတွင် ဖေါ်ပြကြသည်။

ယခုလ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၏ အပစ်ရပ်အဖွဲ့များထံ သွားရောက်ခဲ့သည့် ခရီးစဉ်များ အောင်မြင်မှုမရှိခဲ့သေးသော်လည်း လက်နက်ချတိုင်းရင်းသားအဖွဲ့ များမှာ နအဖ၏အစီအမံအတိုင်း နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကို စီစဉ်ဆောင်ရွက်လျှူက်ရှိနေသည်ကို တွေ့ရသည်။



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views